NEWS

Casico Garment Limited စက်ရုံ အချိန်ပိုအလွန်အကျွံခေါ်ခိုင်း၊ အလုပ်သမားများအား ဆဲဆို ခွဲခြားဆက်ဆံ

CoverLogo
471 Views
 
Casico Garment Limited စက်ရုံက အချိန်ပို ခိုင်းစေမှုတွေကို ငြင်းဆန်တဲ့ အလုပ်သမားတွေကို အငြိုးထားတာ၊ ဆဲဆိုတာနဲ့ ခွဲခြားဆက်ဆံတာတွေ ပြုလုပ်တယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံအလုပ်ချိန်က မနက်၈နာရီကနေ ည ၇နာရီအထိ ပုံမှန် အလုပ်ဆင်းရတယ်။ အထည်အရေးကြီး တယ်ဆိုပြီး အချိန်ပိုကို ည ၉နာရီ၊ ည ၁၂နာရီ အထိကို လုပ်ပေးရတယ်။ အလုပ်သမားတွေက ညဘက်တွေကို အချိန်ပို မဆင်းချင်ကြဘူး။ ဒါကို စက်ရုံက ဖိအားပေးဆင်းခိုင်းတယ်၊ တနင်္ဂနွေနေ့ နားရက်တွေလည်း အချိန်ပိုကို မဖြစ်မနေ ဆင်းခိုင်းတယ်။ မဆင်းရင် ဆဲတယ်၊ အငြိုးအတေးထားတယ်၊ ခွဲခြားဆက်ဆံတာတွေ လုပ်တယ်။” လို့ ပြောပါတယ်။
 
အလုပ်သမား ၅၀ ဝန်းကျင်ရှိ စက်လိုင်းတစ်လိုင်းကို ဝယ်လွန်ထည် တစ်နာရီ ၄၅ ထည်အထိ စက်ရုံဘက်က တောင်းခံလို့ စက်ချုပ်သမားတစ်ဦး သုံးပွိုင့်ကနေ လေးပွိုင့်အထိ ချုပ်ပေးရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံဘက်က တောင်းခံတဲ့ အထည် အရေအတွက် စံချိန်မရပါက စူပါ၊ လီတာတွေက နားမခံနိုင်အောင်ဆဲဆိုပြီး စံချိန်တောင်းခံတယ်လို့ ပြောပါတယ်။
 
“စံချိန် ဖိအားပေးတောင်းတာ ရုံးပေါ်က HR လည်း ပါတယ်။ HRမန်နေဂျာကလည်း သူတာဝန်မဟုတ်ဘဲ စက်လိုင်းထဲဝင်ပြီး အထည်စံချိန်တောင်းတာ။ “ လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ချုပ်လုပ်သားတွေရဲ့ ရက်တွက်ဒေးကြေးကို ကျပ် ၅၈၀၀ ကနေ ၇၂၀၀ ကြား ခွဲခြားပေးထားပေမဲ့ အလုပ်အားလုံး တန်းတူလုပ်ကိုင်ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စက်သမား ဒေးကြေးကို ၅၈၀၀ကျပ်၊ ၆၈၀၀ကျပ်၊ ၇၂၀၀ ကျပ် အဲံလိုတွေ ခွဲခြားပေးတယ်။ ဟက်ပါ အကူအလုပ်သမားတွေဆို ဒေးကြေး ၄၈၀၀ ကျပ်ပဲ ပေးတယ်။ အားလုံး လုပ်ရတာက စံချိန်အတူတူ အလုပ်ချိန်အတူတူ လုပ်နေရတာ။ “ လို့ ပြောပါတယ်။
 
မိသားစုကိစ္စ အရေးပေါ်အတွက် ဂိတ်ပတ်စ် ယူမ ရသလို နေထိုင်မကောင်းလို့ ဆေးခန်းပြရမဲ့ အခြေအနေရောက်မှ ဂိတ်ပတ်ပေးပေမဲ့ အချိန်ပိုကြေး ဖြတ်တောက်တယ်လို့ လည်း ပြောပါတယ်။
 
“ ခံစားခွင့်ရှိတဲ့ ခွင့်ရက်တွေလည်း မရဘူး၊ ဆေးခွင့်လည်းမရဘူး၊ လုပ်သက်ခွင့်လည်း မပေးဘူး။ အလုပ်ပျက်တယ်ဆိုပြီး ဒေးကြေး၊ ရက်မှန်ကြေး ၃၀၀၀၀ အဖြတ်ခံရတယ်။ အလုပ်သမားတွေအတွက် နစ်နာရတယ်။ “ လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်သမားတွေကို စက်ရုံဘက် EC စာချုပ် ချုပ်မပေးသလို စက်ရုံအတွင်းက အိမ်သာအနံဆိုးတွေကြောင့် အသက်ရှူဖို့ အဆင်မပြေသလို၊ ထမင်းစားဆောင်နဲ့ နီးကပ်တာကြောင့် ထမင်းဖို့ ခက်ခဲတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတတယ်လို့ လည်း အလုပ်သမားတွေက ပြောပါတယ်။
 
Casico Garment Limited စက်ရုံရဲ့ လုပ်ငန်းခွင် ချိုးဖောက်မှုတွေကို အလုပ်သမားရုံးက လာရောက်စစ်ဆေးလို့ အလုပ်သမားတွေက အမှန်တိုင်း ရေးသားထွက်ဆိုကြပေမဲ့ စက်ရုံဘက်က ချိုးဖောက်မှုတွေက မပြောင်းလဲဘဲ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ဇွန် ၈ ရက်မှာ လာစစ်တယ်။ အမျိုးသမား နှစ်ဦး၊ အမျိုးသမီးက ၂ ဦး ပါတယ်။ သတင်းရေးထားတာတွေ မှန်လား၊ မှားလားဆိုပြီး စာရွက်တွေဝေပြီး ဖြည့်ခိုင်းတယ်။ အလုပ်သမားတချို့က လုပ်ငန်းခွင် ချိုးဖောက်မှုတွေကို အမှန်တိုင်းဖြည့်ပေးတယ်။ ဒါပေမဲ့ စက်ရုံမှာ ကောင်းလာတာ ဘာမှ မရှိသေးဘူး။ အခုဆို အချိန်ပိုတွေ မနားမနေ ဖိအားပေး လုပ်ခိုင်းနေတာ။” လိုပြောပါတယ်။
 
Casico Garment Limited စက်ရုံရဲ့ ချိုးဖောက်မှု သတင်း ဖော်ပြခံလို့ လုပ်ငန်းခွင် ကောင်းမွန်တဲ့အကြောင်း အလုပ်သမားတချို့ကို လိမ်လည် မှတ်ချက်ရေးဖို့ စက်ရုံတာဝန်ရှိသူတွေက ခိုင်းစေခဲ့တယ်လို့လည်း ပြောပါတယ်။
 
Casico Garment Limitedမှာ အလုပ်သမား ၄၀၀ကျော် လုပ်ကိုင်ပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ စက်ရုံက SPAO တံဆိပ် ဝယ်လွန်အထည်တွေချုပ်လုပ်နေပြီး ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၃ ၊ ဆိပ်ကမ်းသာလမ်းမှာ ဖွင့်လှစ် လုပ်ကိုင်နေပါတယ်။

Related posts

Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026
Cover
Sambo Myanmar အထည်ချုပ်စက်ရုံ ညည့်နက်အချိန်ပို ညစာမကျွေးဘဲ ခိုင်း
May 18, 2026
Cover
Casico Garment ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကို ၇ လကျော်ကြာ မပေးဘဲ တောင်းဆိုသည့် အလုပ်သမားများအား ဒေးကြေးမပေး
May 18, 2026