NEWS

Myanmar Postarion စက်ရုံမှာ လုပ်ခတိုးမြှင့်ရေးတောင်းဆို

CoverLogo
217 Views
 
ရန်ကုန်တိုင်း ရွှေပြည်သာ စက်မှုဇုန် ၁ မှာရှိတဲ့ Myanmar Postarion အထည်ချုပ်လုပ်သားတွေ လုပ်လတိုးမြှင့်ရေးတောင်းဆိုမှုတွေပြုလုပ်နေပါတယ်။
 
လုပ်ငန်းခွင်မှာ အလုပ်သမား ၁၀၀၀ ၀န်းကျင်ရှိပေမယ့် ၅၀၀ ကျော်ကသာတောင်းဆိုမှုပြုလုပ်ရာမှာ ပါ၀င်တယ်လို့ သိရပါတယ်။
 
"အလုပ်ရှင် ငြိုညင်မှာ စူပါတွေညိုညင်မှာစိုးရိမ်ပြီး တောင်းဆိုမှုမှာ ကျန်နေ ဘေးထွက်နေတဲ့သူတွေရှိတယ်။ အလုပ်သမားတွေ စည်းစည်းလုံးလုံးနဲ့ပါ၀င်မှ အောင်မြင်မှာမို့ ပါ၀င်စေချင်တယ်" လို့ တောင်းဆိုမှုပြုလုပ်ရာမှာ ပါ၀င်သူတဦးကပြောပါတယ်။
 
တောင်းဆိုချက်မှာ ဒေးကြေး ၁၃၀၀၀၊ ရက်မှန်ကြေး ၆၀၀၀၀ ကျပ်၊ OT တနာရီ ၂၅၀၀ ပေးဖို့ တွေပါ၀င်ပါတယ်။
လက်ရှိမှာတော့ ဒေးကြေးတိုးပေးဖို့ အလုပ်သမား ၅၀၀ ကျော်က အလုပ်ရပ် တောင်းဆိုနေပြီး ညှိနှိုင်းတာမျိုးမရှိသေးဘူးလို့ သိရပါတယ်။
 
ကုန်စျေးနှုန်းနဲ့လူနေမှုစရိတ်မြင့်မားလာတာကြောင့်လက်ရှိ သတ်မှတ်ထားတဲ့ အနည်းဆုံးလုပ်ခလစာက စက်ရုံလုပ်သားတွေရဲ့ စားဝတ်နေရေး ဖူလုံမှုမရှိတော့လို့ အခြေခံလုပ်ခလစာ တိုးမြှင့်ရေးအတွက် တောင်းဆိုမှုတွေများလာပါတယ်။

Related posts

Cover
လုပ်ခ လစာဖြတ်တောက်မှုနဲ့ ရှောင်တခင်ခွင့်ခံစားခွင့်မရတဲ့အပေါ် ဖြေရှင်းပေးစေလို
Sep 17, 2025
Cover
ပိတ်ရက်မရှိ၊ အနားယူခွင့်မရဘဲ အခွင့်အရေးချိုးဖောက်ခံနေရလို့ အကူအညီတောင်းခံ
Sep 16, 2025
Cover
အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးနဲ့အဖွဲ့ရဲ့‌ အမှု စက်တင်ဘာ ၂၂ ကိုရုံးချိန်းထပ်ချိန်း
Sep 16, 2025
Cover
Myanmar Jiale Fashion ပိုင်ရှင် အပြောင်းအလဲ ပြုလုပ်၊ ကလေး လုပ်သားများအား ခိုင်းစေပြီး ၃ လတခါ အလုပ်ဖြုတ်
Sep 16, 2025
Cover
Mengyue Garment အထည်ချုပ် ဆဲဆိုခိုင်းစေ၊ သီတင်းကျွက် ကန့်တော့ဖို့ဆိုပြီး ကျပ် တစ်သောင်းခွဲ ကောက်
Sep 15, 2025
Cover
အကြောင်းပြချက်မရှိဘဲ ဥပဒေမဲ့အလုပ်ထုတ်တာ အပါအဝင် အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံနေရဟုဆို
Sep 15, 2025
Cover
Tianjin fashion Milestone အထည်ချုပ် အောစူပါ ဆဲဆိုပြီး နာရီ ၁၀၀ အချိန်ပို ဆင်း ခိုင်း
Sep 14, 2025
Cover
စက်ရုံပိတ်မည် အကြောင်းပြ လူလျှော့ခြင်းအား ပွင့်လင်းမြင်သာစွာဆောင်ရွက်စေလိုဟုဆို
Sep 12, 2025