NEWS

S.H UNITED COMPANY LIMITED လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှု ကျူးလွန်နေ

CoverLogo
564 Views
 
လှိုင်သာယာမြို့နယ် စက်မှုဇုန် ၂ ၊ မက္ခရာမင်းသားကြီးမောင်ပျိုလမ်း မှာဖွင့်လှစ်ထားတဲ့ S.H UNITED COMPANY LIMITED မှာ လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေ ကျူးလွန်နေပြီး ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေက မြန်မာ နိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် IWFM ကိုအကူအညီတောင်းခံထားပါတယ်။
 
အဆိုပါ လုပ်ငန်းဟာ တရုတ်နိုင်ငံသားပိုင် ဖြစ်ပြီး အလုပ်သမား ၁၀၀၀ ကျော်နဲ့ CARS JEANS၊ LCW MODEST စတဲ့ ဝယ်လွန် အထည်ဂျာကင်အရှည်၊ ဘောင်းဘီ၊ တရုတ်ဂါဝန်ပုံစံအင်္ကျီ၊ ကလေးဝတ်စတာတွေချုပ်လုပ်နေတာလို့ သိရပါတယ်။
 
ချိုးဖောက်မှုတွေအနေနဲ့ တနင်္ဂနွေပိတ်ရက်တွေနဲ့ အခြားအလုပ်ပိတ်ရက်တွေကို အနားမပေးဘဲ အချိန်ပို အလွန်အကျွံဆင်းခိုင်းတာ ၊ ဖိအားပေး ဆင်းခိုင်းတာ ၊ ငြင်းဆန််ပါက အလုပ်အကိုင်တည်မြဲရေးခြိမ်းခြောက်ခိုင်းစေတာ တွေပြုလုပ်နေလို့ အခက်အခဲဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတွေကပြောထားပါတယ်။
 
ဒါ့အပြင် ကိုယ်ဝန်ဆောင် အလုပ်သမားတွေကိုပါ ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုတာ၊ အချိန်ပိုဆင်းခိုင်းတာတွေ ပြုလုပ်နေတာတွေ ရှိပြီး ဒါဟာ အလုပ်သမားဥပဒေနဲ့ မညီညွတ်ဖူးလို့ အလုပ်သမားကပြောပါတယ်။
 
"ကိုယ်ဝန်ဆောင်သည်တွေဆို ပိတ်ရက်အချိန်ပိုမဆင်းရင်တောင် "VIP မတွေ ဗိုက်တလုံးပြပြီး လုပ်စားနေတယ် လူပါးဝနေတယ်"ဆိုပြီးပြောတာ၊ ကိုယ်ဝန်ဆောင်သည်က အချိန်ပို ည ၈ နာရီထိ ဆင်းရတဲ့အပြင် ပိတ်ရက်တွေပါ မဖြစ်မနေ ဆင်းရတော့ အိမ်ပြန်နောက်ကျ ဒုက္ခရောက်တာတွေရှိတယ် စူပါတွေကို ဖားပြီး မုန့်ကျွေးတဲ့သူတွေကျတော့ အိုတတီမဆင်းလဲ ဘာမှမဖြစ်ဘူး အဲ့ဒီလိုခွဲခြားဆက်ဆံတာတွေတော့ မဖြစ်သင့်ဘူး"လို့ အလုပ်သမားတစ်ဦးကပြောပါတယ်။
အချိန်ပိုဆင်းခိုင်းရာမှာလဲ နေ့လည် ၁၂ နာရီ ၃၀ ထမင်းစားပြီးချိန်မှ ည ၈ နာရီ၊ ၉ နာရီအထိ ဆက်တိုက် လုပ်ကိုင်ခိုင်းတာလို့ ပြောပါတယ်။
 
"စက်ရုံက တစ်ကတ်ကြေး စက်ရုံဆိုတော့ အလုပ်သမားတစ်ယောက်ကို လေးပွိုင့်ထိချုပ်ရတယ် ဘယ်လောက်ချုပ်ချုပ် တစ်ကတ်ကြေးဝင်ဖို့ကလည်းမလွယ်ဘူး အလုပ်သမားကဘယ်လောက်ကျွမ်းကျင်ပါစေ စူပါတွေနဲ့ အဆင်မပြေရင် ဂရိတ်ချခံရတယ် ခက်တဲ့ ပွိုင့်တွေ ချုပ်ခိုင်းတယ်။ "လို့ အလုပ်သမားကပြောပါတယ်။
 
လုပ်ငန်းခွင်မှာ ကလေးလုပ်သားမရှိဘူးဆိုပြီး စာကပ်ထားပေမယ့် အသက် ၁၈ နှစ်မပြည့်သေးတဲ့ လူရွယ်လုပ်သားတွေကို ဆရာဝန်ထောက်ခံချက်မပါဘဲ အများအပြားခိုင်းစေနေတယ်လို့ လည်း သိရပါတယ်။
 
" အလုပ်သမားတွေကို လစာတိုးပေးမယ်စ ပြောပြီး လစာထုတ်တော့ ဒေးကြေး ၅၈၀၀ နဲ့ တွက်ပေးပြီး ဘာမှမတိုးထားဘူး ကလိမ်ကကျစ်ကျပြီး ခိုင်းတာတွေ ရပ်စေချင်တယ်။ တိုးတယ်ဆိုရင် ပွင့်လင်းမြင်သာအောင် တိုးစေချင်တယ် အခုက စက်ရုံဘက်က လစာကောင်းအောင်ဆိုပြီး တနေကုန် မိုးလင်း မိုးချုပ် ညဘက်တွေအထိ အချိန်ပိုအပြင် ပိတ်ရက်ပါ အနားမပေးဘဲ ချုပ်ခိုင်းတော့ အလုပ်သမားတွေက အရမ်းပင်ပန်းပြီး အလုပ်မလုပ်နိုင်တဲ့အထိဖြစ်နေတာ လုပ်ရတာနဲ့ ရတာနဲ့လည်း မှန်မှန်ကန်ကန် မဖြစ်ဘူး အောစူပါ တယောက်ဆို သူ့မွေးနေ့ဆိုပြီး တယောက် ၅၀၀၀ မထည့်မနေ တောင်းနေတာ "လို့ အလုပ်သမားကပြောပါတယ်။
 
အခုလို လုပ်ငန်းခွင်မှာ ချိုးဖောက်မှု တွေ လုပ်ဆောင်နေတာကြောင့် ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်ဖြစ်ရေး အောက်ပါ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ အလုပ်သမားတွေက တောင်းဆိုထားပါတယ်။
 
တောင်းဆိုချက်တွေကတော့
၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို တနင်္ဂနွေနေ့များတွင် အချိန်ပိုအိုတီကို ဖိအားပေးပြီးဆင်းခိုင်း ခြင်းမပြုလုပ်ရန်။
၂။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို ညဘက်၉နာရီအထိ အချိန်ပိုအိုတီမခေါ်ဘဲ ညနေ၆အထိသာ အချိန်ပိုအိုတီခေါ်ရန်။
၃။ ကိုယ်ဝန်ဆောင်သည်များကို ည၉နာရီ တနင်္ဂနွေနေ့များတွင် အချိန်ပိုအိုတီများမခေါ်ဘဲ အလုပ်ရှင်ဘက်က အနားပေးရန်၊
၄။ လုပ်ငန်းခွင်ထဲတွင် လူငယ်၊ လူရွယ် ၁၅နှစ်၁၆နှစ်အရွယ်များ အများအပြားကို အလုပ်ရှင်ဘက်မှခိုင်းစေ နေခြင်း၊
၅။ အလုပ်သမားများကို မုန့်စားနားချိန်မပေးဘဲ ၁၂ ခွဲထမင်းစားပြီးတာနဲ့ အနားမပေး ဘဲည၈ခွဲတွေ ၉နာရီအ ထိအလုပ်ဆက်တိုက် အလုပ်လုပ်ခိုင်းခြင်းမပြုလုပ်ရန်။
၆။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို ပွိုင့်များကို နှစ်ပွိုင့်လောက်အထိဘဲချုပ်ခိုင်းရန်။
၇။ အလုပ်ရှင်ဘက်မှ စူပါများမှာ သူတို့နဲ့အဆင်မပြေရင် ဂရိတ်ချပစ်ခြင်း၊ ခိုင်းရင်လည်း ခက်တဲ့ပွိုင့်တွေကို ခွဲခြားပြီး ခိုင်းစေခြင်းတို့မပြုလုပ်ရန် စတဲ့အချက်တွေကို ဖြေရှင်းပေးဖို့ S.H UNITED COMPANY LIMITED အလုပ်သမားတွေ လိုလားနေတယ်လို့ သိရပါတယ်။

Related posts

Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026
Cover
Sambo Myanmar အထည်ချုပ်စက်ရုံ ညည့်နက်အချိန်ပို ညစာမကျွေးဘဲ ခိုင်း
May 18, 2026
Cover
Casico Garment ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကို ၇ လကျော်ကြာ မပေးဘဲ တောင်းဆိုသည့် အလုပ်သမားများအား ဒေးကြေးမပေး
May 18, 2026