NEWS

ရွှေဈေးအတက်ပြပြီး စက်သုံးဆီဈေးပြန်ကျလာ

CoverLogo
38 Views

ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း

Myanmar Labour News ရဲ့ တစ်ပတ်အတွင်း ကုန်ဈေးနှုန်းကဏ္ဍမှာ တော့ ဒီတစ်ပတ်မှာ ရွှေဈေးအနည်းငယ်ပြန်တက်လာကာ စက်သုံးဆီဈေးက ကျပ်ရာဂဏန်းလောက်အထိ ဈေးတွေပြန်ကျလာနေပါတယ်။

စားသုံးဆီဈေးကလည်း ယခုတစ်ပတ်အတွင်းမှာ အနည်းငယ်ပြန်ကျလာရာ ဈေးကျလာတဲ့အ‌ကြောင်းအရင်းက စားသုံးဆီ ပြည်ပကတင်သွင်းဖို့ ဗဟိုဘဏ်မှ ဒေါ်လာဦးစားပေးထုတ်ရောင်းနေတဲ့သတင်းတွေကြောင့်ဖြစ်နိုင်ကြောင်း ဆီကုန်သည်တွေကခန့်မှန်းထားပါတယ်။

ဆန်နဲ့ အခြေခံစားသောက်ကုန်တွေကတော့ ဈေးအရမ်းကြီးတက်မသွားသလို ဈေးအများကြီးလည်းကျမလာဘဲ ယခင်တက်ဈေးနဲ့သာဈေးငြိမ်နေတာပါ။

ဒါကြောင့် Myanmar Labour News ရဲ့ မေ ၃၀ ရက်ကနေ ဇွန်၇ ရက်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ကုန်ဈေးနှုန်း အခြေအနေတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

စက်သုံးဆီ

ယနေ့စက်သုံးဆီ ရန်ကုန်အထိုင်လက်ကားဈေးမှာတော့ ဓာတ်ဆီ ၉၂ တလီတာ၄၃၄၅ကျပ်၊ ဓာတ်ဆီ ၉၅ တလီတာ၄၃၈၅ကျပ်၊ဒီဇယ်လီတာ၄၄၂၀ကျပ်နဲ့ပရီမီယံ ဒီဇယ် တလီတာ ၅၁၀၅ကျပ်ဖြစ်ပါတယ်။

တပတ်အတွင်း စက်သုံးဆီဈေးအပြောင်းအလဲဖြစ်တဲ့သောကြာနေ့ ဇွန်လ၄ရက်မတိုင်ခင် ဇွန်လ၃ရက်နဲ့ယခင်တစ်ပတ်အတွင်းက စက်သုံးဆီလက်ကားဈေးကတော့ဓာတ်ဆီ ၉၂ တလီတာ ၄၅၅၀ကျပ်၊ဓာတ်ဆီ ၉၅ တလီတာ၄၆၂၀ကျပ်၊ဒီဇယ် တလီတာ၄၅၉၅ကျပ်၊ပရီမီယံ ဒီဇယ် တလီတာ ၅၅၅၀ကျပ်ဖြစ်ခဲ့တဲ့အတွက် တစ်ပတ်အတွင်းဓာတ်ဆီဈေး၂၀၅ကျပ်ကနေ၂၃၅ကျပ်နဲ့ ဒီဇယ်က၃၇၅ကျပ်ကနေ၄၄၅ကျပ်လောက်ဆီဈေးရာဂဏန်းအထိကျဆင်းလာတာလည်းဖြစ်ပါတယ်။

လက်ကားဈေးကျနေပေယ့် လက်လီပြင်ပ ဈေးကွက်ထဲမှာတော့ ဓာတ်ဆီရောဒီဇယ်ပါ တစ်လီတာငွေကျပ်၈၀၀၀မှ ၁၂၀၀၀ကျပ်အထိဈေးမကျပဲအရောင်းအဝယ် ဖြစ်နေပါတယ်။

ရွှေဈေး

ယနေ့ရဲ့ရွှေလုပ်ငန်းရှင်များအသင်းကသတ်မှတ်ပေးတဲ့ဈေးက‌ တော့ရွှေတစ်ကျပ်သားဈေး ၇,၁၀၀,၀၀၀ ကျပ်ဖြစ်လို့ ယခင်တစ်ပတ်ကြာကသိန်း ၇၀နဲ့၅‌ သောင်းဈေးထက် ငွေ၅သောင်းလောက်အသင်းဈေးမှာပဲ ဈေးပြန်တက်လာပါတယ်။

ရွှေအသင်းရဲ့ဈေးသတ်မှတ်ချက်အတက်အကျအတိုင်း ငွေကျပ် ၁ သိန်းလောက်ထပ်ထပ်တက်သွားတဲ့ ပြင်ပရွှေဈေးကွက်မှာလည်းဈေးတက်လာရာ ရွှေတစ်ကျပ်သားကို အနည်းဆုံး ၉၈ သိန်းကျော်ဈေးမှ အခေါက်ရွှေတစ်ကျပ်သားကို သိန်း ၁၀၅ သိန်းဈေးနဲ့ယခင်တစ်ပတ်ကြာဈေးထက်တော့ ရွှေဈေးတက်လာနေပါတယ်။

နိုင်ငံခြားသုံးငွေလဲဈေး

အမေရိကန်ဒေါ်လာကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အရတစ်ဒေါ်လာ  ၃၆၆၃ ကျပ် သတ်မှတ်ထားရာ ပြင်ပဈေးကတော့ဈေး ၄၀၀၀ ကျော်ဝန်းကျင်ဈေးမှာပဲအရောင်းအဝယ်ဖြစ်နေပြီး ကျန်နိုင်ငဲခြားငွေဈေးကွက်ကလည်းအတက်အကျအပြောင်းအလဲသိပ်မရှိကြောင်းတွေ့ရပါတယ်။

အမေရိကန်ဒေါ်လာ၁‌ ဒေါ်လာဈေးက  ယနေ့ မှာ ရောင်းဈေး ၄၃၁၀ကျပ်၊ ဝယ်ဈေး ၄၂၁၀ကျပ်ဖြစ်ရာထိုင်းဘတ်ငွေကတော့ ရောင်းဈေး ၁၃၂ကျပ်ကျော်၊ ဝယ်ဈေး ၁၂၉ကျပ် ကျော်  ၊ ယွမ်းငွေကရောင်းဈေး၆၃၆ကျပ်၊ ဝယ်ဈေး ၆၂၀ကျပ်၊ ဂျပန်ယန်းဈေးက ရောင်းဈေး၂၇.၀နဲ့ဝယ်ဈေး၂၆.၀ကျပ်တွေမှာ ငွေလဲဈေးကွက်ဖြစ်ပေါ်နေတာပါ။ 

စင်ကာပူ ငွေလွှဲဈေးကလည်း အမြင့်ဆုံး စင်ကာပူတစ်ဒေါ်လာကိုရောင်းဈေး ၃၂၂၀ကျပ်အထိ ဈေးပေါက်ခဲ့ပြီး ဝယ်ဈေးကတော့၃၃၂၀ကျပ်ဈေးမှာတည်ရှိကာစင်ကာပူ‌ ဒေါ်လာဟာယခင်တပတ်ကြာကထက်ဈေးနည်းနည်းအကျရှိပါတယ်။


အခြေခံစားသောက်ကုန်များ
စားသုံးဆီ

စားအုန်းဆီ အသင်းရဲ့ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၇,၃၅၄ ကျပ် နဲ့ ယခင်တပတ်ထက် ၃၃ ကျပ်ဈေးကျ‌လာပြီးလက်လီသတ်မှတ် ဈေးမှာ ၈,၀၀၀ ကျပ် ဝန်းကျင်တွင်ရှိနေသလိုပြင်ပဈေးမှာ ၁ ပိဿာလျှင် ၁၃,၀၀၀ ကျပ်ကျော်တွင် ရှိနေတယ်လို့သိရပါတယ်။ဖော်ပြပါ ဆီဈေးနှုန်းမှာ ရန်ကုန်မြို့မှ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသအလိုက် ကွာခြားမှု၊ မြင့်တက်မှုများ ရှိနိုင်ပါတယ်။

ဆန်ဈေး

မြန်မာနိုင်ငံ ဆန်စပါးအသင်း ရဲ့ဆန်လက်ကားဈေးမှာ အကြမ်းအနိမ့်ဆုံး ဆန်ကြမ်း (ဆန်ကွဲပါဝင်မှု ၂၅ ရာခိုင်နှုန်းပါ) ၁ အိတ် (အနိမ့်ဆုံး)- ၅၆၀,၀၀ ကျပ်မှ ၅၉၀,၀၀ ကျပ်၊ အချောအမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ် (အမြင့်ဆုံး)- ၁၉၀,၀၀၀ ကျပ်မှ ၂၀၀,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း နယ်စုံ ၁၂၅,၀၀၀ ကျပ်မှ ၁၆၈,၀၀၀ ကျပ် သတ်မှတ်ထားရာပြင်ပလက်ကားဈေးကွက်မှာတော့ ကြိုက်ရောင်းကြိုက်ဝယ် ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေပြီး ဆန်အရည်အသွေး၊ ဆန်ကွဲပါဝင်မှု၊ ဆန် သစ်/ဟောင်း၊ ငွေပေးချေမှု၊ အိတ်ခွံ၊ နေရာအလိုက် သယ်ယူပို့ဆောင်မှုပေါ်မူတည်ပြီးဈေးနှုန်း သတ်မှတ်ကြရာ ဆန်ချောဈေးအနည်းဆုံး၁သိန်း၆သောင်းကျော်မှ  ၂သိန်းခွဲဈေးတွေအထိ ဈေးကွက် ဖြစ်ပေါ်နေကြောင်းသိရပါတယ်။

ကုန်ခြောက်ဈေးတွေအနေနဲ့ ခေါက်ဆွဲခြောက်၊ကြာဇံခြောက် လို အထုပ်တွေရဲ့ဈေးကတော့အရင်က ယမ်ယမ်၊ဝါးလားခေါက်ဆွဲတထုပ်ဈေးမှာ၇၀၀ကျပ်ပဲရှိရာကနေယခုအခါတစ်ထုပ်ကိုငွေ၁၅၀၀ကျပ်အထိရှိလာပြီး ရှင်းရှင်းကြာဇံခြောက်တထုပ်ဈေး က ယခင် ငွေ၁၃၀၀ကျပ်ကနေယခုအခါ ၁၈၀၀ကျပ်ဈေးအထိရှိလာနေပါတယ်။

အခြေခံပြည်သူတွေသောက်သုံးမှုများတဲ့ကော်ဖီမစ်အမျိုးအစားတွေထဲ ပရီမီယာ၊sunday၊စူပါ စတဲ့ပြည်တွင်းထုတ်ကော်ဖီမစ်တွေအနေနဲ့တစ်ထုပ်ချင်းဈေးငွေကျပ်၇၀၀ကနေ ၁၀၀၀ကြားဈေးရှိပြီးပါကင်ဈေးအနေနဲ့ ငွေကျပ် ၁၅၀၀၀ ကနေ၂၀၀‌၀၀ ကျပ်ကြားဈေးတွေရှိနေတာပါ။ ယိုးဒယားတံဆိပ် ဘာဒီ၊နက်စ် အခြားကော်ဖီတွေကလည်း တစ်ထုပ်ချင်းကို ငွေကျပ်၈၀၀မှ ၁၃၀၀ကြားဈေးမှာရှိကာ ပါကင်ဈေးအနေနဲ့ငွေကျပ်၁၅၀၀၀မှ၂၅၀၀၀ကျပ်ကြားဈေးမှာရှိနေပါတယ်။

စားဖိုဆောင်သီးနှံအမျိုးအစားဖြစ်တဲ့ ကြက်သွန် ဈေးမှာ ကြက်သွန်အနီ တစ်ပိဿာကို ၂၅၀၀ကျပ်မှ ၅၀၀၀ကျပ်ကြား၊ ကြက်သွန်အဖြူတစ်ပိဿာကို ၁၅၀၀၀ကျပ်မှ၂၀၀၀၀ကျပ်ကြား၊့ အာလူးတစ်ပိဿာကို ၇၀၀၀မှ၁၀၀၀၀ကြား၊ ဂျင်းတစ်ပိဿာ၁၀‌၀၀၀ကျပ်မှ ၂၀၀၀၀ကြား၊ လက်ဖက်အစိုတစ်ပိဿာ၁၆၀၀၀ကျပ်မှ၂၀၀၀၀ကြား၊ လက်ဖက်ခြောက်တစ်ပိဿာ ၁၀၀၀၀ကျပ်မှ ၂၀၀၀၀ကြား၊ နှစ်ပြန်ကြော်တစ်ပိဿာ၂၄၀၀၀ကျပ်မှ ၂၇၀၀၀ကျပ်ကြား စတဲ့ဈေးတွေအတိုင်းအရောင်းအဝယ်ဖြစ်နေပါတယ်။

မနက်ခင်း အဆာပြေ အနေနဲ့စားသုံးနေကြတဲ့ ပဲပြုတ်ဈေးက‌ တော့အနည်းဆုံး ၁၀၀၀ ကျပ်နဲ့ဝယ်လို့ရနေကာ  မုန့်ဟင်းခါး၊ အသုပ်များက တစ်ပွဲကိုအနည်းဆုံး၁၅၀၀ကျပ် မှ အများဆုံး ၃၅၀၀ကျပ်၊ နံပြား၊အီကြာ‌ေကွး ၁ခုဈေး၁၀၀၀ကျပ် နဲ့ စမူဆာ၁ခုဈေး၅၀၀ကျပ်အထိဈေးရှိနေပါတယ်။

ကြက်ဥ၊ဘဲဥ ဈေးတွေကတော့ ယခင်တစ်ပတ်ထက်အနည်းငယ်ကျဆင်းလာရာ ယခင်က ကြက်ဥ ၁လုံး၆၅၀ကျပ်ဈေးကနေယခုတစ်ပတ်မှာ ကြက်ဥ၁လုံးအများဆုံး၅၀၀ကျပ်ဈေး၊ ဘဲဥ၁လုံးအများဆုံး၆၀၀ကျပ်၊ ငုံးဥဈေးကတော့ထပ်တက်နေရာယခင်၁ထောင်ဖိုး၉လုံးခန့်ကနေ၊ ယခု၁ထောင်ဖိုး၇လုံးသာရရှိတော့ရာ၊ ဆေးဘဲဥတစ်လုံး ၈၀၀ ကျပ်မှ၁၀၀၀ကျပ်ဈေးတွေနဲ့ရောင်းချနေပါတယ်။

ဘုရားပန်းကပ်လှူဖို့ ပန်းစည်းတွေအနေနဲ့လည်း ဂန္ဓမာပန်းအမျိုးအစားလိုက်တစ်စည်းကို၆၀၀၀ကျပ်မှ ၃၀၀၀ကျပ်၊ နှင်းဆီအမျိုးအစားလိုက်တစ်စည်းကို ၄၀၀၀ကျပ် မှ ၂၅၀၀ကျပ်၊ သပြေတစ်ခက်ကိုအနည်းဆုံး၂၀၀၀ကျပ်မှ ၅၀၀၀ကျပ် အထိဈေးရှိနေပါတယ်။

အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေထဲမှာတော့   ချဉ်ပေါင်ရွက်တစ်စီးလျှင် ၅၀၀ ၊ ကန်စွန်းရွက်တစ်စီး ၁၀၀၀၊  ဗူးရွက်တစ်စီး ၅၀၀၊ ဆူးပုတ်ရွက်တစ်စီး ၅၀၀ကျပ်နဲ့  ခရမ်းချဉ်သီးတစ်ပိဿာလျှင်ကျပ် ၅၀၀၀ ကျပ် ၊ ၊ ၊ ပဲလွန်းတစ်စည်း ၁၂၀၀၊ ခရမ်းသီးတစ်လုံး ၅၀၀၊ မျှစ်တစ်ပိဿာ ၄၀၀၀ ၊ ခဝဲသီး တစ်လုံး ၇၀၀ ကျပ်၊ ပြောင်းဖူး ၆၀၀ကျပ်၊ ငြုပ်သီးစိမ်းနဲ့ နံနံပင်၊ 
ရှမ်းနံနံစတာတွေကတော့ ၅၀၀ ကျပ်အနည်းဆုံးပေး၀ယ်လာနေရပါတယ်။

ငါးဈေးတွေကလည်း တစ်ဆယ်သားကို ၄၀၀၀ကျပ်မှ၆၀၀၀ကျပ်အတွင်းဈေးတွေရှိနေကာ အသားဈေးအနေနဲ့ကြက်သား၁၀သား၂၅၀၀ကျပ်နဲ့ အမဲသားတစ်ဆယ်သားကို ၄၀၀၀ကျပ် ၊ဆိတ်သား ၁၀ သားကို ၈၀၀၀ ကျပ်ဈေးတွေနဲ့အရောင်းအဝယ်ရှိနေကြပါတယ်။

လူသုံးကုန်ပစ္စည်တွေဖြစ်တဲ့ ဆပ်ပြာ၊ဆပ်ပြာမှုန့် ၊သွားတိုက်ဆေးဈေးတွေကတော့ ငွေကျပ် ၃၀၀၀ကနေ ၁၀၀၀၀ကျပ်အတွင်းဈေးတွေမှာရှိနေရာ ပြည်ပသွင်းကုန်တွေက ဈေးပိုမြင့်တက်နေကြောင်းသိရပါတယ်။

ဆေးနဲ့ဆက်စပ်ပစ္စည်းတွေအနေနဲ့က ပြည်ပဆေးဝါးတွေရှားပါးလာပြီး ဈေးကွက်ထဲ မြန်မာကထုတ်တဲ့တိုင်းရင်းဆေး အမျိုးအစားတွေ ပြန်လည်အရောင်းအဝယ်ဖြစ်နေကြောင်းနဲ့ ယခင်ကပါရာစီတမော၁ကဒ်ကို ငွေကျပ်ရာဂဏန်းပဲရှိရာကနေ ယခု ၁ကဒ်ကိုငွေ ၃၀၀၀ ကျပ်နီးပါးဖြစ်လာသလို၊နာတာရှည်ရောဂါတွေနဲ့၊ သွေးတိုး၊ဆီးချိုဆေးတွေလည်းပစ္စည်းရှားပါးဈေးတက်လာသလို၊ကျောက်ကပ်ဆေးအမျိုးအစားအချို့လည်း ဈေးကွက်ထဲဆေးပြတ်လပ်သွားတာတွေရှိနေကြောင်း သုံးစွဲသူအချို့ရဲ့ ပြောကြားချက်အရသိရပါတယ်။

တပတ်တာကုန်ဈေးနှုန်းတွေကို မုဒြာ က စုစည်းပေးထားတာပါ။


Related posts

Cover
သွင်းကုန်လျော့ချမှုဂယက်ကြောင့် စက်သုံးဆီဈေးပြန်တက်လာ
May 30, 2026
Cover
ကုန်ဈေးနှုန်း မြင့်တက်ပေမယ့် အခြေခံလုပ်ခ နိမ့်ပါးနေ
May 23, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
တပတ်တာ ကုန်ဈေးနှုန်း စုစည်းချက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 31, 2026
Cover
စက်သုံးဆီ အကျပ်အတည်း နဲ့ တပတ်အတွင်း စျေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 23, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026
Cover
ဒေါ်လာဈေး ၄၀၀၀ ကျပ်အထိ တက်လာပြီး ရွှေနဲ့စက်သုံးဆီတွေလည်း ဈေးထပ်တက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 15, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၂-‌‌ မတ်၉)
Mar 10, 2026