NEWS

မြန်မာပေါင်ချိန်စက်ရုံ လုပ်သားများ ထမ်မံ အလုပ်ထုတ်ခံရ၊ ၂၉ ဦးအထိ ရှိလာ

CoverLogo
1.7K Views

ရွှေပြည်သာမြို့နယ်၊   မြန်မာပေါင်ချိန် (Myanmar Pou Chen) စက်ရုံအတွင်းမှာ အနည်းဆုံးလုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့တာကြောင့် အလုပ်ထုတ်ခံခဲ့ရတဲ့ အလုပ်သမားဦးရေ ထပ်တိုးလာတယ်လို့ သိရပါတယ်။

''ပထမကတော့ အလုပ်ထုတ်ခံရတဲ့စာရင်းက ၂၆ယောက်။ နောက်ရက်ကျ ၂၇ဦး အတိအကျ သိရတယ်။ ဒီနေ့ အလုပ်ထုတ် ခံရတဲ့သူ ၂ ဦး ထပ်တိုးလာတယ်။ အားလုံး အလုပ်ထုတ်ခံရသူ၂၉ဦးပါ။ ဒီနေ့ ၂ ဦးက သမဂ္ဂအဖွဲ့တွေ မဟုတ်ဘူး။ စုပေါင်းတောင်းဆိုတဲ့ အထဲပါတာပါ။ ILO ကို ဒီနေ့ စာတင်ခဲ့ပါတယ်''လို့  အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေက ဆိုပါတယ် ။

မြန်မာပေါင်ချိန် စက်ရုံအလုပ်သမားတွေဟာ အနည်းဆုံးလုပ်ခလစာ တစ်နေ့ ကျပ် ၄၈၀၀ ကနေ  ၈၀၀၀ တိုးပေးဖို့ တောင်းဆိုခဲ့ရာ အောက်တိုဘာ၂၈ ရက်မှာ ဆန္ဒပြ အလုပ်သမား၂၇ဦး အလုပ်က ထုတ်ခံရပြီး တောင်းဆိုဆန္ဒပြဖို့ ပြင်ဆင်နေတဲ့ အလုပ်သမား ၁၀၀ ကျော်ကိုလည်း စက်ရုံပြင်ပကို မောင်းထုတ်ခဲ့တာဖြစ်ပါတယ်။  

အလုပ်ရှင်ဘက်က အလုပ်ရှင်/ အလုပ်သမား အငြင်းပွားမှုဖြစ်ပွားနေစဥ်မှာ ဥပဒေနဲ့မညီဘဲ အလုပ်ထုတ်တာနဲ့  သမဂ္ဂဖြိုခွဲခဲ့တာတွေအတွက် ILO က ကူညီဆောင်ရွက်ပေးဖို့ကို အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေက စာတင်ခဲ့ တယ်လို့လည်း သိရပါတယ်။

မြန်မာ ပေါင်ချိန် စက်ရုံက အလုပ်သမားတွေဟာ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် သင့်တင့်မျှတတဲ့ အနည်းဆုံးလုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပြီး လွန်ခဲ့တဲ့လတွေကတည်းက အလုပ်သမားရုံးကို ညှိနှိုင်းပေးဖို့ တင်ပြခဲ့ကြပေမဲ့ ညှိနှိုင်းမှုမရှိတာကြောင့် အောက်တိုဘာ၂၅ရက်ကနေစပြီး စက်ရုံအတွင်း စုပေါင်းတောင်းဆိုမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အောက်တိုဘာလ ၂၈ ရက်မှာတော့ တောင်းဆိုမှုပြုလုပ်ခဲ့တဲ့ ၂ရက်နဲ့နေ့တစ်ဝက်ကို ခွင့်မဲ့ ပျက်ကွက်တယ်လို့ စက်ရုံဘက်က သတ်မှတ်ပြီး အလုပ်သမားတွေကို အလုပ်ထုတ်ခဲ့တာလို့ သိရပါတယ်။

လက်ရှိ မြန်မာပေါင်ချိန်အလုပ်သမားသမဂ္ဂအနေနဲ့ စက်ရုံ ဝန်ထမ်း အားလုံးအတွက် ခေတ်ကာလနဲ့  လျော်ညီတဲ့ လုပ်ခလစာ တိုးမြှင့်ရေးကို ဦးဆောင် ကြိုးပမ်းခဲ့ကြတဲ့ သမဂ္ဂခေါင်းဆောင်တွေနဲ့ စုပေါင်းတောင်းဆိုမှာ ပါဝင်ခဲ့ကြတဲ့ ဝန်ထမ်းတွေ. လုပ်ငန်းခွင် ပြန်လည် ဝင်ရောက်ခွင့်ရရှိဖို့ ဆက်လက် လုပ်ဆောင်ပြီး အနည်းဆုံး အခကြေးငွေ တိုးမြင့်ရရေးကိုလည်း လုပ်ဆောင်ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာပေါင်ချိန် Myanmar Pou Chen စက်ရုံဟာ ကမ္ဘာကျော် ကုန်အမှတ်တံဆိပ် Adidas ချုပ်နေတာဖြစ်ပြီး ထိုင်ဝမ်နိုင်ငံ၊ Taichung မြို့မှာ စက်ရုံကို ပိုင်ဆိုင်တဲ့ company ရုံးချုပ်ရှိတယ် သိရပါတယ်။ ဒါကြောင့် စက်ရုံ လုပ်ငန်းရှင်အနေနဲ့  ကုန်ဈေးနှုးမြင့်မားမှုကြောင့် အကျပ်အတည်းဖြစ်နေတဲ့ မြန်မာလုပ်သားတွေအပေါ် သင့်တင့်မျှတတဲ့ လုပ်ခလစာ တိုးမြှင့်ပေးဖို့  အလုပ်သမားတွေက တောင်းဆိုနေတာဖြစ်ပါတယ်။

MyanmarLabourNews


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026