NEWS

BCC Jewelry MFG လုပ်သားများ တနေ့ အချိန်ပို ၆ နာရီ‌ ကျော် လုပ်ကိုင်ရပြီး အိပ်ချိန် ၆ နာရီသာရ

CoverLogo
573 Views
 
BCC Jewelry MFG Company တစ်လအချိန်ပို နာရီပေါင်း ၁၆၀ ကနေ ၁၈၀ ကျော် လုပ်ကိုင်နေရပြီး အိပ်ချိန် ၆ နာရီဝန်းကျင်ပဲ ရရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံအလုပ်ချိန် မနက် ၇ နာရီခွဲကနေ ညနက် ၁၁ နာရီအထိ လုပ်ကိုင်ရတာပြီး အလုပ်ချိန်အတွင်း ထမင်းစား နားချိန် တစ်နာရီပဲ ရရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
"ပြီးခဲ့တဲ့လက OT ဆင်းထားတဲ့နာရီက ၁၇၀ ရှိတယ်။ အဲ့ဒါ နည်းသေးတယ်။ တချို့ဆို ၁၈၀ ကျော်တဲ့သူတွေလည်းရှိတယ်။ နေ့လယ် ထမင်းစားနားပြီး ညနေ ၄ နာရခွဲမှာ ညစာ ကျွေးပြီး ည ၁၁ အထိ လုပ်ခဲ့ရတာ။" လို့ အလုပ်သမားတွေက ပြောပါတယ်။ အချိန်ပို အလုပ်ချိန်မှာ စက်ရုံဘက်က ညစာ ကျွေးပေမဲ့ လိုအပ်သလောက် စားသောက်လို့ မရဘူးလို့ ပြောပါတယ်။
 
BCC Jewelry MFG Company ကနေ အလှအပ လက်ဝတ်ပစ္စည်း Fancy တွေ ထုတ်လုပ်တဲ့ စက်ရုံဖြစ်ပြိး လုပ်သား ၃၀၀ ဝန်းကျင် လုပ်ကိုင်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လုပ်ငန်းအတွင်း အချိန်ပိုတွေကို ညနေ ၅ နာရီကနေ ည ၁၁ အထိ လုပ်ကိုင်ရတာလို့ အလုပ်သမားတွေက ပြောပါတယ်။ "အချိန်ပို ဆင်းရတဲ့အချိန်ဆို မနားဘူး။ အဲ ခြောက်နာရီ တစ်ဆက်တည်းသွားတယ်။ ငါးနာရီကနေပြီးတော့ ညဘက် ၁၁ နာရီ ၁၂ ။ ဒီလို ဆင်းနေရတာ ၅ လပိုင်း(မေလ) ကတည်းက။ တနင်္ဂနွေနေ့လည်းပေး မနားဘူး။ အခုတစ်ပတ်ဆိုလို့ရှိရင် သုံးပတ် ဆက်တိုက် အနားမရဘူး။ စက်ရုံဘက်က နောက်လတွေလည်း ဒီလိုပဲ လုပ်ခိုင်းမယ်ဆိုပြီး ပြောနေတယ်။" လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်သမားတွေ နေထိုင်ဖို့ စက်ရုံဘက်က အဆောင်ပေးထားပြီး သန့်ရှင်းရေး စရိတ်တွေကို ကိုယ်တိုင်ကျခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အဆောင်မနေတဲ့ အလုပ်သမားတွေကတော့ အချိန် ပို ည ၉ နာရီအထိ လုပ်ကိုင်ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အချိန်ပို အများအပြားဆင်းရတာကြောင့် ရုပ်ပိုင်း၊ စိတ်ပိုင်း ထိခိုက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
"အချိန်ပိုဆင်းရတာများပြီး အနားမရတဲ့ ပြဿနာပဲ ။ နေမကောင်းလို့နားချင်တယ်လို့ပြောလို့ရှိရင်တောင်မှ သူတို့ကပေးမနားဘူး။ ပြီးခဲ့တဲ့ တနင်္ဂနွေက ဆိုရင် အမျိုးသမီး အလုပ်သမား သူ့မှာ ထိခိုက်ထားလို့ နားချင်တာ ပေးမနားဘူး။ Fancy ပစ္စည်းတွေလုပ်တော့ မျက်လုံးတွေအားစိုက်ရတယ်။ မျက်လုံးတွေကြည့်လို့မကောင်းတော့ဘူး။ သူငယ်ချင်းဆိုရင် အခု သူ အစာအိမ်ထိနေပြီ။ တချို့သူတွေလည်း ကျန်းမာရေး တော်တော်ထိနေကြပြီ။"လို့ ပြောပါတယ်။
 
စက်ရုံဘက်က အလုပ်ဝင်စမှာ ပုတ်ပြတ် လုပ်ခလစာ ကျပ် ၂၃၀,၀၀၀ ပဲ ပေးထားပြီး အဆင့်အလိုက် လုပ်ခလစာ တိုးပေးတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ရရှိတဲ့ လုပ်ခလစာတွေမှာ ရက်မှန်ကြေး၊ အိုတီကြေး၊ လုပ်ခလစာတွေပါဝင်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
"တနင်္ဂနွေ အချိန်ပို မဆင်းရင်၊ အလုပ်သမားစွမ်းဆောင်ရေ (KPI) တွေဖြတ်တယ်။ ဒါက ဘောနပ်စ်လို့ ရပိုင်ခွင့်နဲ့ ချိတ်ထားတယ်။ ရစရာရှိတာ မရဘူး။ တနင်္ဂနွေမဆင်းရင် စနေနေ့မှာ နားရက်အတွက် အပြီးလုပ်ပေးရတယ်။ စက်ရုံအတွင်း ဆေးပေးခန်းရှိတယ်။ ဒါပေမဲ့ ဆေးကို တမျိုးတည်းပဲ ယူခွင့်ပေးတယ်။ ခေါင်းကိုက် ပလာစတာ ယူမလား၊ ပါရာစီတမော ယူမလား။ အဲလို့ပဲ။" လို့ ပြောပါတယ်။
 
BCC Jewelry MFG Company စက်ရုံက CMP စက်ရုံအမျိုးအစားဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃ သန်း ရင်းနှီး မြှုပ်နှံထားတယ်လို့ သိရပါတယ်။
နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု၇၅ ရာခိုင်နှုန်းပါဝင်နေပြီး ၂၀၂၂ ခုနှစ်မှာ လုပ်ငန်းစတင်ခဲ့တာလို့ သိထားပါတယ်။ စက်ရုံကတော့ ရန်ကုန်မြို့၊ ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်၊ အရှေ့ဒဂုံစက်မှုဇုန်၊ ပြည်စည်မြင်သာကြီးလမ်းမှာ ရှိပါတယ်။

Related posts

Cover
Dishang Fashion (Myanmar) အထည်ချုပ် သင်္ကြန်ပိတ်ရက် အတင်းအကျပ် ရက်စားဆင်းခိုင်း
Mar 14, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ၊ အတင်းအကျပ် ဆင်းခိုင်း
Mar 12, 2026
Cover
Lat war Co.,Ltd (3) ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆို
Mar 12, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
ustdo Myanmar အထည်ချုပ် အမျိုးသားအောစူပါ လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို
Mar 11, 2026