NEWS

အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်သည့် မြန်မာလုပ်သား၁၂ဦး အဖမ်းခံရ

CoverLogo
221 Views
 
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ အတွက် တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား၁၂ဦး ကို ဇူလိုင် ၁ရက် နေ့ ကဖမ်းဆီးခဲ့တယ်လို့ ထိုင်းဒေသတွင်း သတင်းတွေ အရသိရပါတယ်။
 
အဆိုပါ မြန်မာလုပ်သား တွေကို ကန်ချနဘူရီခရိုင် ဆန်ခလာဘူရီ အနီးကမြစ်ကမ်းနဘေး တောအုပ်အတွင်း တနေရာမှာ ဒေသခံအာဏာပိုင်တွေက တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
မြန်မာလုပ်သားတွေဟာ ထိုင်း-မြန်မာနယ်စပ်ဖြတ်ကျော်ပြီး ဖါသွန်စုခရိုင် မှ ဘန်ဘိုရီပန် သဘာဝလမ်းအတိုင်း ခြေကျင် ဖြင့် ဝင်ရောက်လာကာ ထိုင်းနိုင်ငံ မှာ အလုပ်လုပ်ကိုင် ဖို့ အတွက် ဖြစ်တယ်လို့ စစ်ဆေးမေးမြန်းချက်အရသိရပါတယ်။
 
အခုလို လာရောက်ဖို့ အတွက် ပို့ဆောင်ပေးတဲ့ ပွဲစား ကို တစ်ဦးလျင် ဘတ် ၁၅၀၀၀ မှ ၂၀၀၀၀ ပေးဆောင်ခဲ့သော်လည်း အလုပ်နေရာမရောက်ရှိခင် ပင် အဖမ်းခံခဲ့ရတယ်လို့မြန်မာလုပ်သားတွေက ပြောကြောင်းသတင်းမှာဖေါ်ပြထားပါတယ်။
 
ပြစ်မှုကျူးလွန်သူတွေကို စံခလဘူရီရဲစခန်း ကို ပို့ဆောင်ပြီး ဥပဒေအရ အရေးယူဆောင်ရွက်ကာ ပြစ်ဒဏ်ကျခံပြီးပါက နေရပ်ကိုပြန်ပို့မယ်လို့ သိရပါတယ်။
 
ထိုင်းနိုင်ငံ အတွင်း တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာလုပ်သားတွေ မကြာခ ဏ အဖမ်းခံနေရပြီး ပြီးခဲ့တဲ့ ဇွန်လ အတွင်းမှာတင် မြန်မာလုပ်သား ၂၀၀ဦးခန့် အဖမ်းခံခဲ့ရကြောင်း သိရပါတယ်။
Ref-Kanchanaburi News

Related posts

Cover
Brothers Myanmar Clothing Co.Ltd စက်ရုံ နားချိန်မပေးဘဲ ခိုင်းစေသည့်အပြင် ရိုင်းစိုင်းစွာ ဆဲဆို
Jan 19, 2026
Cover
Sheng Tai (ST) ဒေးကြေးလျှော့ပေးပြီး WCC ကို ဥပဒေမဲ့ ဖွဲ့စည်း
Jan 17, 2026
Cover
Shwe Zarmani အထည်ချုပ် အချိန်ပိုအတွက် သဘောဆန္ဒမမေးဘဲ လုပ်ကိုင်ခိုင်း
Jan 17, 2026
Cover
Wonderful Apparel စက်ရုံ အလုပ်သမားအခွင့်အရေး ချိုးဖောက်နေ
Jan 16, 2026
Cover
ကိုယ်ဝန်ဆောင် အလုပ်သမားအား Guotai Huasheng Glory Fashion လိုင်းစူပါက ကိုယ်ဝန်ဖျက်ချ ခိုင်း
Jan 16, 2026
Cover
Denko Petrochemical Management ကုမ္ပဏီ ခွင့်မပေးဘဲ ဥပဒေ ချိုးဖောက်
Jan 15, 2026
Cover
Chi Mei အထည်ချုပ် QR မန်နေဂျာ မှာ အတင်းအကျပ် အချိန်ပိုဆင်းခိုင်း
Jan 15, 2026
Cover
"မတရားသဖြင့် အလုပ်ထုတ်ခံရမှုအပေါ် မူလရာထူးဖြင့် အလုပ်ပြန်လည်ရရှိရေး ရင်ဖွင့်တိုင်ကြားစာ"
Jan 14, 2026