NEWS

စက်မှုဇုန်မှ လုပ်သားများအား စစ်သားစုဆောင်းမှု ရှိလာနေ

CoverLogo
397 Views

ဝါးတရာစက်မှုဇုန်မှာ အလုပ် လုပ်ကိုင်နေတဲ့ လုပ်သားတဦးကို စစ်မှုထမ်းအဖြစ် နေထိုင်ရာအဆောင်ကနေ ခေါ်ဆောင်သွားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ ရွှေပြည်သာမြို့နယ် ၂၆ ရက်ကွက်အတွင်းက ဆောင်မှာ နေထိုင်သူကို ဇွန် ၂၈ ရက် ည ၉ နာရီလောက်မှာ ရာအိမ်မှူး အပါအဝင် လူပုဂ္ဂိုလ် ၈ ဦးလောက်က လာရောက်ခေါ်ဆောင်သွားတာလို့ သိရပါတယ်။

“ခေါ်တာတော့ စစ်မေးဖို့ ရှိတယ်ဆိုပြီး ခေါ်သွားတာ။ နောက်မှ စုဆောင်းရေးဖို့တာလို့ ကြားတယ်၊ သူက စစ်မှုထမ်းဖို့ မဲပေါက်သူလဲ မဟုတ်ဘူး။ ပြဿနာ တခုခု ဖြစ်ခဲ့လို့လည်း မဟုတ်ဘူး။ သက်သက်လာ ခေါ်သွားတာ။ အခုဆို အဲ့ စက်ရုံမှာ စစ်သားစုဆောင်းခံရတာ ၃ ဦး အထိ ရှိပြီ။ .” လို့ လုပ်ဖော်ကိုင်ဖက် အလုပ်သမားတဦးက ပြောပါတယ်။

ရွှေပြည်သာ မြို့နယ်ထဲက စက်မှုဇုန်တွေထဲမှာ အလုပ် ပြန်လာတဲ့ အလုပ်သမားတွေ စစ်သားစုဆောင်း ခံရတာ ခပ်စိပ်စိပ် ကြားနေရတာကြောင့် အိုတီဆင်းဖို့ တော်တော်ကို စဉ်းစားနေရပြီ လို့ အလုပ်သမားတွေက ပြောပါတယ်။

“ပြိးခဲ့တဲ့ လထဲမှာ စစ်သားစုဆောင်းခံရတဲ့ သူဆို၊ အချိန်ပို ည ၉ နာရိအထိ လုပ်ပြီး ပြန်လာတာ။ အဲ့မှာ ပါသွားတယ်.။ ဒါကြောင့်ကို ကြောက်နေကြတာ.” လို့ အလုပ်သမားတဦးက ပြောပါတယ်။

စက်ရုံတချို့က စစ်မှုထမ်းလို့ ရတဲ့ အကျိုးခံစားခွင့်ပေးပေမဲ့ သာမန် လုပ်ခလစာဖြစ်ပြီး အသက်တန်းဖိုးနဲ့ မိသားစုဘတွေက ပိုအရေးကြီးတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူ တဦးက ပြောပါတယ်။

“စစ်သားစုဆောင်းခံရတဲ့ ပဲခူးဒေသခံက လှိုင်မြို့နယ် အုတ်ကျင်း စစ်ကြောရေး တပ်စခန်းမှာ ရောက်နေတယ်လို့ ကြားတယ်။ သူက မိဘကို လုပ်ကြွေးနေတာမို့ မိဘတွေလည်း စိုးရိမ်နေတယ်။ အကျိုးခံစားခွင့် ဆိုတာ အသက်လောက် အရေးမကြီးဘူး။ မိသားစုတွေ စုံစုံညီညီနေချင်ကြမှာ” လို့ ပြောပါတယ်။

ရန်ကုန်မြို့က၊ ရွှေပြည်သာမြို့နယ်ထဲမှာ စက်မှုဇုန် အများအပြားရှိပြီး ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းလုပ်သားတွေ က စက်ရုံတွေမှာ လုပ်ကိုင်နေပါတယ်။ စက်ရုံအများစုက CMP လုပ်ငန်းအမျိုးအစားတွေဖြစ်ပြီး ချုပ်လုပ်ရေး စက်ရုံတွေ အများအပြားပါဝင်ပါတယ်။


Related posts

Cover
Dishang Fashion (Myanmar) အထည်ချုပ် သင်္ကြန်ပိတ်ရက် အတင်းအကျပ် ရက်စားဆင်းခိုင်း
Mar 14, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ၊ အတင်းအကျပ် ဆင်းခိုင်း
Mar 12, 2026
Cover
Lat war Co.,Ltd (3) ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆို
Mar 12, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
ustdo Myanmar အထည်ချုပ် အမျိုးသားအောစူပါ လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို
Mar 11, 2026