NEWS

SUNLONG (Myanmar) Sports Co.,Ltd အိတ်ချုပ် စက်ရုံ အချိန်ပို နေ့စဉ် လုပ်ကိုင်ရပြီး တနင်္ဂနွေနေ့ပါ ဆင်းနေရ

CoverLogo
209 Views
SUNLONG (Myanmar) Sports Co.,Ltd (စန်းလုံ)အိတ်ချုပ် စက်ရုံကပါ ရှင့်။
အကူညီလေး တောင်းချင်ပါတယ်ရှင့်။ .
ရွှေပြည်သာမြို့နယ်သာဓုကန်စက်မှုဇုန် ၊ နွားခြံမှတ်တိုင်အနီး၊ maxဆီဆိုင်အရှေ့(စန်းလုံ) အိတ်ချုပ်စက်ရုံမှာ အလုပ်ဆင်းနေသူပါရှင့် ။ စက်ရုံပိုင်ရှင်က တရုတ်နိုင်ငံသားပါ။
စက်ရုံမှာ အချိန်ပို OTတွေ အရမ်းဆင်းနေရ လို့ပါ။ ဘယ်လိုမှ အဆင်မပြေဖြစ်နေပါတယ်။
အချိန်ပိုက ည၈ခွဲအထိ နေ့တိုင်း ခေါ်ပါတယ်။
စနေနေ့ တစ်ရက်ပဲ ၆နာရီခွဲအထိ ဆင်းရပါတယ်။ တနင်္ဂနွေဆိုလည်း တစ်ပတ်ခြားဆင်းပေးရပါတယ်
မဆင်းရင်လည်း မရပါဘူး။ နားမခံနိုင်အောင် ဆူပူပါတယ်။
မဆင်းလို့လည်း မရဘူးဆင်းနေရပါတယ်။
ညီမတို့မှာ အချိန်ပိုတွေများလို့ စိတ်ပင်ပန်း၊ လူပင်ပန်းတော့ နားချင်ကြတာပါ။ တခါတလေတောင် အချိန်ပို နားခွင့်မရပါဘူး။
ဒီလို အချိန်ပိုဆင်းရတာက ၄ လ ပိုင်း (မတ်လ)တည်းက ဆင်းနေရတာပါ။ အခု ၇လ ပိုင်း (ဇွန်လ) ကုန်ရောက်နေပါပြီ၊ အခုထိဆင်းနေရပါတယ်။
အချိန်ပိုတွေ ဆင်းရတာကြာလာတော့ ကျန်းမာရေးလည်းထိခိုက်ပါတယ်။
အလုပ်ချိန်နောက်ကျမှ အိမ်ပြန်ရတာလည်း အဆင်မပြေလို့ပါ။ လုံခြုံရေးအခြေအနေနဲ့မို့ လမ်းခရီး တခုခု ဖြစ်မှာ စိုးရိမ်ပါတယ်။
စက်ရုံကတော့ အားကစားအိပ်တွေနဲ့ ခရီးဆောင်အိပ်တချို့ ချုပ်ပါတယ်။
ညီမတို့ အခက်အခဲကို သက်ဆိုင်သူတွေကို သိ‌စေချင်ပါတယ်။
Myanmar Labour News ကို အကူအညီတောင်းပါတယ်။

Related posts

Cover
ပိတ်လိပ်ခိုးယူသည်ဟုစွပ်စွဲခံရသည့် အလုပ်သမား ၂ ဦး ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေ
Aug 21, 2025
Cover
J&F Myanmar LNY Caps စက်ရုံ အလုပ်သမားများအား HR မန်နေဂျာ ခွဲခြားဆက်ဆံနေ
Aug 21, 2025
Cover
Great Glowin (JW) နှင့် Glowin & Win (ADK)စက်ရုံလုပ်သားများ အခွင့်အရေး ချိုးဖောက်ခံနေရခြင်းနှင့် လုပ်ငန်းခွင် ဖိနှိပ်မှုများ
Aug 20, 2025
Cover
လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်ခံရမှုတွေ ဖြေရှင်းပေးဖို့လိုလားနေ
Aug 19, 2025
Cover
New Plus အထည်ချုပ်စက်ရုံ ခွဲခြားဆက်ဆံမှုများ တင်ပြခြင်း
Aug 19, 2025
Cover
အလုပ်ချိန်အလွန်အကျွံခိုင်းစေမှု ဖြေရှင်းပေးစေလိုဟုဆို
Aug 18, 2025
Cover
Sioen Myanmar စက်ရုံပိုင်ရှင်ထံသို့ အိတ်ဖွင့်ပေးစာ
Aug 18, 2025
Cover
Tianjin Fashion Milestone လုပ်သားများအား အထည် ထမ်းတင်ခိုင်း_
Aug 17, 2025