NEWS

ဘန်ကောက်ရှိ စာရင်းစစ်ရုံး ပြိုကျမှုမှ သေဆုံးဒဏ်ရာရသူများကို တပတ်အတွင်း နစ်နာကြေးပေးမည်

CoverLogo
533 Views
 
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် ငလျင်ဒဏ်ကြောင့် စာရင်းစစ်ရုံး ပြိုကျခဲ့မှုမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအပါအဝင် သေဆုံးဒဏ်ရာ ရတဲ့ လုပ်သားတွေ ကို တစ်ပတ် အတွင်း နစ်နာကြေး ပေးမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဧပြီ ၅ ရက်မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။
 
လက်တလော သေဆုံး ဒဏ်ရာ ရခဲ့တဲ့ အလုပ်သမား အရေအတွက် အရ စုစုပေါင်း ဘတ် ၁၇.၄ သန်း ပေးသွားမယ်လို့ ဆိုပါတယ်။
 
ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်တဲ့စာရင်း အရဒဏ်ရာရသူ ၉ ဦး တွင် ထိုင်းလုပ်သား ၆ ယောက်၊ ပြည်ပနိုင်ငံသား ၂ ယောက်၊ မည်သည့်နိုင်ငံသားမှန်းမသိ သူတစ်ဦးပါဝင်ပြီး သေဆုံးသူ ၁၅ ဦးတွင် (ထိုင်း ၁၀ ယောက်၊ နိုင်ငံခြားသား ၃ ယောက်၊ မည်သည့်နိုင်ငံသားမှန်းမသိ ၂ ယောက်)ရှိကာ ပျောက်ဆုံး နေသူမှာ ၇၉ ယောက် ရှိတယ်လို့ သိရပါတယ်။
 
ငလျင်ဒဏ်ကြောင့် ၎င်း အဆောက်အဦး ပြိုကျခဲ့မှုမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ သေဆုံးထိခိုက်ဒဏ်ရာရရှိမှု အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) အလုပ်သမားဝန်ကြီးဌာန ရဲ့ဧပြီ၂ရက် မနက်၆နာရီအထိ ထုတ်ပြန်တဲ့စာရင်းမှာတော့ သေဆုံးသူ မြန်မာရွှေ့ပြောင်းလုပ်သား၃ဦးနဲ့ထိခိုက်ဒဏ်ရာ ရရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၈ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။
 
သေဆုံးသူ ၁၅ ယောက်အတွက် လူမှုဖူလုံရေးရုံးက လူမှုရေးအာမခံကြေး စုစုပေါင်း ၁၂၇ ၃၃၆၄၁ ဘတ် ပေးသွားမှာဖြစ်ပြီး လူမှုလုံခြုံရေးအကျိုးခံစားခွင့်အဖြစ် ကုသစားရိတ် စုစုပေါင်း ၁၇၄၂၁၄၇၉ ဘတ်၊ အသုဘစားရိတ် ဘတ် ၈၅၀၀၀၀၊ သေဆုံးမှုအတွက် နစ်နာကြေး စုစုပေါင်း ၁၅၆၁၀၃၉၂ ဘတ်၊ သက်ကြီးရွယ်အိုလျော်ကြေး ၉၆၁၀၈၇ ဘတ်နဲ့ လတ်တလော ဒဏ်ရာရ သေဆုံးမှုတွေအတွက် နစ်နာကြေး စုစုပေါင်း ဘတ် ၁၇ . ၄ သန်း ပေးသွားမယ်လို့ အလုပ်သမား ဝန်ကြီးက ထုတ်ပြန် ပြောဆိုထားပါတယ်။
 
ဒါကြောင့် သေဆုံးဒဏ်ရာရသူတွေအတွက် နီးစပ်ရာ ဆွေမျိုးအသိုင်းအဝိုင်းများ က အထောက်အထား စာရွက်စာတမ်းတွေကို ပြည့်စုံစွာတင်ပြပြီးပါက တစ်ပတ်အတွင်း ပေးအပ်သွားမယ်လို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာန ထုတ်ပြန်ထားပါတယ်။

Related posts

Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026