ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း
တစ်ပတ်ကြာ ကုန်ဈေးနှုန်းအခြေအနေမှာ ပြီးခဲ့တဲ့တစ်ပတ်တာ ကာလက ထက် ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီ၊ စားသုံးဆီဈေးတွေဟာ ကျဆင်းလာခဲ့ပေမယ့် ပြည်တွင်းက အခြေခံပြည်သူတွေ နေ့စဉ်မရှိမဖြစ် စားသုံးနေရတဲ့ ဆန်ဈေးကတော့ စံချိန်တင် အတက်ကြမ်းလာကြောင်း စားသုံးသူဈေးကွက်ကနေသိရှိရပါတယ်။
ဒါကြောင့် ဆန်ဈေး အတက်ကြမ်းလာရခြင်းနဲ့ Myanmar Labour News ရဲ့ ဇွန်၁၆ ရက်ကနေ ဇွန်၂၃ ရက်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ကုန်ဈေးနှုန်း အခြေအနေတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
စက်သုံးဆီ
ယနေ့စက်သုံးဆီ ရန်ကုန်အထိုင်လက်ကားဈေးမှာတော့ ဓာတ်ဆီ ၉၂ တလီတာ ၃၇၈၅ကျပ်၊ ဓာတ်ဆီ ၉၅ တလီတာ၃၈၃၀ကျပ်၊ဒီဇယ်တလီတာ ၃၉၁၀ကျပ်၊ပရီမီယံ ဒီဇယ် တလီတာ ၄၇၂၀ကျပ်ဖြစ်ပါတယ်။
တပတ်အတွင်း စက်သုံးဆီဈေးအပြောင်းအလဲဖြစ်တဲ့သောကြာနေ့ ဇွန်လ၁၉ရက်မတိုင်ခင် ဇွန်လ၁၈ရက်နဲ့ယခင်တစ်ပတ်အတွင်းက စက်သုံးဆီလက်ကားဈေးကတော့ဓာတ်ဆီ ၉၂ တလီတာ၃၈၈၀ကျပ်၊ဓာတ်ဆီ ၉၅ တလီတာ၃၉၁၅ကျပ်၊၊ဒီဇယ်တလီတာ၃၉၉၅ကျပ်နဲ့ပရီမီယံ ဒီဇယ် တလီတာ၄၈၀၀ကျပ်ဖြစ်တာကြောင့် ဓာတ်ဆီဈေးက၉၅ကျပ်မှ၈၅ကျပ်အထိဈေးတွေကျလာကာ ဒီဇယ်ဈေးကတော့ ၈၅ကျပ်မှ၈၀ကျပ်အထိ ဈေးတွေအနည်းငယ်ကျလာပါတယ်။
လက်ကားဈေးကျနေပေယ့် လက်လီပြင်ပ ဈေးကွက်ထဲမှာတော့ ဓာတ်ဆီရောဒီဇယ်ပါ တစ်လီတာငွေကျပ်၈၀၀၀မှ ၁၂၀၀၀ကျပ်အထိဈေးမကျပဲအရောင်းအဝယ် ဖြစ်နေပါတယ်။
ရွှေဈေး
ယနေ့ရဲ့ရွှေလုပ်ငန်းရှင်များအသင်းကသတ်မှတ်ပေးတဲ့ဈေးက တော့ရွှေတစ်ကျပ်သားကိုဈေး၆,၉၅၀,၀၀၀ကျပ်ဖြစ်လို့ ယခင်တစ်ပတ်ကြာကသိန်း၇၁သိန်းဈေးထက်တော့ ငွေ၁သိန်းခွဲကျပ်ဈေးပြန်ကျလာရာ ပြင်ပရွှေဈေးကွက်ထဲ ရွှေ၁ကျပ်သားသိန်း ၁၀၀ အောက်ဖြစ်တဲ့ ၉၇ သိန်းကျော်ဈေးနဲ့သာ အရောင်းအဝယ်လုပ်နေကြရတယ်လို့သိရပါတယ်။
ရွှေဈေးဟာ ပြီးခဲ့တဲ့တစ်ပတ်ကြာက စကာ သိန်တစ်ရာအောက်အထိစံချိန်တင်ထိုးကျခဲ့ရာ ယခုတစ်ပတ်ဈေးကတော့အရင် ၉၉သိန်းဈေးထက် ငွေကျပ်နှစ်သိန်းကျော်ဈေးခွာကာရွှေတစ်ကျပ်သားကို ၉၇ သိန်းဈေးအထိ ကျသွားတယ်လို့ဆိုပါတယ်။
နိုင်ငံခြားသုံးငွေလဲဈေး
အမေရိကန်ဒေါ်လာကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အရတဒေါ်လာ ၃၆၆၃ ကျပ် သတ်မှတ်ထားရာ ပြင်ပဈေးကတော့ဈေး၄၀၀၀ ကျော်ဝန်းကျင်ဈေးမှာပဲအရောင်းအဝယ်ဖြစ်နေပြီး ကျန်နိုင်ငဲခြားငွေဈေးကွက်ကလည်းအတက်အကျအပြောင်းအလဲသိပ်မရှိကြောင်းတွေ့ရပါတယ်။
အမေရိကန်ဒေါ်လာ၁ ဒေါ်လာဈေးက ယနေ့ မှာ ရောင်းဈေး ၄၃၃၀ကျပ်၊ ဝယ်ဈေး ၄၂၂၀ကျပ်ဖြစ်ရာထိုင်းဘတ်ငွေကတော့ ရောင်းဈေး ၁၂၉ကျပ်ကျော်၊ ဝယ်ဈေး ၁၃၂ကျပ် ကျော် ၊ ယွမ်းငွေကရောင်းဈေး၆၄၄ကျပ်၊ ဝယ်ဈေး ၆၂၇ကျပ်၊ ဂျပန်ယန်းဈေးက ရောင်းဈေး၂၆.၉နဲ့ဝယ်ဈေး၂၆.၃ကျပ်တွေမှာ ငွေလဲဈေးကွက်ဖြစ်ပေါ်နေတာပါ။
စင်ကာပူ ငွေလွှဲဈေးကလည်း အမြင့်ဆုံး စင်ကာပူတစ်ဒေါ်လာကိုရောင်းဈေး ၃၃၁၀ကျပ်အထိ ဈေးပေါက်ခဲ့ပြီး ဝယ်ဈေးကတော့၃၂၁၀ကျပ်ဈေးမှာတည်ရှိကာစင်ကာပူ ဒေါ်လာဟာယခင်တပတ်ကြာကထက်ဈေးပိုကျလာပါတယ်။
အခြေခံစားသောက်ကုန်များ
စားသုံးဆီ
စားအုန်းဆီ အသင်းရဲ့ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၇,၂၈၅ကျပ် နဲ့ ယခင်တပတ်ကဈေးနှုန်းထက် ငွေ ၆၉ ကျပ်နှုန်းဈေးကျသွားရာလက်လီသတ်မှတ် ဈေးမှာ ၈,၀၀၀ ကျပ် ဝန်းကျင်တွင်ရှိနေသလိုပြင်ပဈေးမှာ ၁ ပိဿာလျှင် ၁၃,၀၀၀ ကျပ်ကျော်တွင် ရှိနေတယ်လို့သိရပါတယ်။
ဖော်ပြပါ ဆီဈေးနှုန်းမှာ ရန်ကုန်မြို့မှ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသအလိုက် ကွာခြားမှု၊ မြင့်တက်မှုများ ရှိနိုင်ပါတယ်။
ဆန်ဈေး
ဆန်ဈေးကတော့ ယခုတစ်ပတ်အတွင်း ဆန်အကြမ်းဈေးအဓိကတက်လာရာ ၁၀၈ ပေါင် တစ်အိတ်ဈေးကို ယခင်တစ်ပတ်ကြာဈေးတွေထက်ငွေကျပ်၂သောင်းခန့်ဈေးတက်လာနေပါတယ်။
မြန်မာနိုင်ငံ ဆန်စပါးအသင်း ရဲ့ဆန်လက်ကားဈေးမှာ အကြမ်းအနိမ့်ဆုံး ဆန်ကြမ်း (ဆန်ကွဲပါဝင်မှု ၂၅ ရာခိုင်နှုန်းပါ) ၁ အိတ် (အနိမ့်ဆုံး)- ၇၀၀,၀၀ ကျပ်မှ ၈၅၀,၀၀ ကျပ်၊ အချောအမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ် (အမြင့်ဆုံး)- ၂၀၀,၀၀၀ကျပ် မှ ၂၁၅,၀၀၀ကျပ်၊ ဧရာဝတီပေါ်ဆန်း နယ်စုံကို၁၅၀,၀၀၀ မှ ၁၅၆,၀၀၀ကျပ်သတ်မှတ်ထားရာပြင်ပလက်ကားဈေးကွက်မှာတော့ ကြိုက်ရောင်းကြိုက်ဝယ် ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေပြီး ဆန်အရည်အသွေး၊ ဆန်ကွဲပါဝင်မှု၊ ဆန် သစ်/ဟောင်း၊ ငွေပေးချေမှု၊ အိတ်ခွံ၊ နေရာအလိုက် သယ်ယူပို့ဆောင်မှုပေါ်မူတည်ပြီးဈေးနှုန်း သတ်မှတ်ကြရာ ဆန်ချောဈေးအနည်းဆုံး၁သိန်း၆သောင်းကျော်မှ ၂သိန်းခွဲဈေးတွေအထိ ဈေးကွက် ဖြစ်ပေါ်နေကြောင်းသိရပါတယ်။
ဆန်ဈေးတက်ရတဲ့ အကြောင်းအရင်းကအမျိုးမျိုးရှိပေမယ့် ကုန်သည်အချို့ကတော့ ဆန် export ပြည်ပပို့ကုန် တင်ပို့ဖို့အခြေအနေတွေကြောင့်လို့အများဆုံးသုံးသပ်နေကြပါတယ်။
ကုန်ခြောက်ဈေးတွေအနေနဲ့ ခေါက်ဆွဲခြောက်၊ ကြာဇံခြောက် လို အထုပ်တွေရဲ့ဈေးကတော့အရင်က ယမ်ယမ်၊ ဝါးလားခေါက်ဆွဲတထုပ်ဈေးမှာ၇၀၀ကျပ်ပဲရှိရာကနေယခုအခါတစ်ထုပ်ကိုငွေ၁၈၀၀ကျပ်အထိရှိလာပြီး ရှင်းရှင်းကြာဇံခြောက်တထုပ်ဈေး က ယခင် ငွေ၁၃၀၀ကျပ်ကနေယခုအခါ ၂၀၀၀ကျပ်ဈေးအထိရှိလာနေပါတယ်။
အခြေခံပြည်သူတွေသောက်သုံးမှုများတဲ့ကော်ဖီမစ်အမျိုးအစားတွေထဲ ပရီမီယာ၊ sunday၊စူပါ စတဲ့ပြည်တွင်းထုတ်ကော်ဖီမစ်တွေအနေနဲ့တစ်ထုပ်ချင်းဈေးငွေကျပ်၇၀၀ကနေ ၁၀၀၀ကြားဈေးရှိပြီးပါကင်ဈေးအနေနဲ့ ငွေကျပ်၁၅၀၀၀ကနေ၂၀၀၀၀ကျပ်ကြားဈေးတွေရှိနေတာပါ။ ယိုးဒယားတံဆိပ် ဘာဒီ၊နက်စ် အခြားကော်ဖီတွေကလည်း တစ်ထုပ်ချင်းကို ငွေကျပ်၈၀၀မှ ၁၃၀၀ကြားဈေးမှာရှိကာ ပါကင်ဈေးအနေနဲ့ ငွေကျပ်၁၅၀၀၀မှ၂၅၀၀၀ကျပ်ကြားဈေးမှာရှိနေပါတယ်။
စားဖိုဆောင်သီးနှံအမျိုးအစားဖြစ်တဲ့ ကြက်သွန် ဈေးမှာ ကြက်သွန်အနီ တစ်ပိဿာကို ၂၅၀၀ကျပ်မှ ၅၀၀၀ကျပ်ကြား၊ ကြက်သွန်အဖြူတစ်ပိဿာကို ၁၅၀၀၀ကျပ်မှ၂၀၀၀၀ကျပ်ကြား၊့ အာလူးတစ်ပိဿာကို ၇၀၀၀မှ၁၀၀၀၀ကြား၊ ဂျင်းတစ်ပိဿာ၁၀၀၀၀ကျပ်မှ ၂၀၀၀၀ကြား၊လက်ဖက်အစိုတစ်ပိဿာ၁၆၀၀၀ကျပ်မှ၂၀၀၀၀ကြား၊လက်ဖက်ခြောက်တစ်ပိဿာ ၁၀၀၀၀ကျပ်မှ ၂၀၀၀၀ကြား၊ နှစ်ပြန်ကြော်တစ်ပိဿာ၂၄၀၀၀ ကျပ်မှ ၂၇၀၀၀ကျပ်ကြားစတဲ့ဈေးတွေအတိုင်းအရောင်းအဝယ်ဖြစ်နေပါတယ်။
မနက်ခင်း အဆာပြေ အနေနဲ့စားသုံးနေကြတဲ့ ပဲပြုတ်ဈေးက တော့အနည်းဆုံး၁၀၀၀ကျပ်နဲ့ဝယ်လို့ရနေကာ မုန့်ဟင်းခါး၊အသုပ်များက တစ်ပွဲကိုအနည်းဆုံး၁၅၀၀ကျပ် မှ အများဆုံး ၃၅၀၀ကျပ်၊နံပြား၊အီကြာေကွး ၁ခုဈေး၁၀၀၀ကျပ် နဲ့ စမူဆာ၁ခုဈေး၅၀၀ကျပ်အထိဈေးရှိနေပါတယ်။
ကြက်ဥ၊ဘဲဥ ဈေးတွေကတော့ လက်ရှိမှာ ကြက်ဥ ၁လုံးအများဆုံး၅၀၀ကျပ်ဈေး၊ ဘဲဥ၁လုံးအများဆုံး၆၀၀ကျပ်၊ ငုံးဥဈေးကတော့ထပ်တက်နေရာယခင်၁ထောင်ဖိုး၉လုံးခန့်ကနေ ယခု၁ထောင်ဖိုး၇လုံးသာရရှိတော့ရာ၊ဆေးဘဲဥတစ်လုံး ၈၀၀ကျပ်မှ၁၀၀၀ကျပ်ဈေးတွေနဲ့ရောင်းချနေပါတယ်။
ဘုရားပန်းကပ်လှူဖို့ ပန်းစည်းတွေအနေနဲ့လည်း ဂန္ဓမာပန်းအမျိုးအစားလိုက်တစ်စည်းကို၆၀၀၀ကျပ်မှ ၃၀၀၀ကျပ်၊ နှင်းဆီအမျိုးအစားလိုက်တစ်စည်းကို၄၀၀၀ကျပ် မှ ၂၅၀၀ကျပ်၊သပြေတစ်ခက်ကိုအနည်းဆုံး၂၀၀၀ကျပ်မှ ၅၀၀၀ကျပ် အထိဈေးရှိနေပါတယ်။
အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေထဲမှာတော့ ချဉ်ပေါင်ရွက်တစ်စီးလျှင် ၅၀၀ ၊ ကန်စွန်းရွက်တစ်စီး ၅၀၀၊ ဗူးရွက်တစ်စီး ၅၀၀၊ ဆူးပုတ်ရွက်တစ်စီး ၅၀၀ကျပ်နဲ့ ခရမ်းချဉ်သီးတစ်ပိဿာလျှင်ကျပ် ၅၀၀၀ ကျပ် ၊ ၊ ၊ ပဲလွန်းတစ်စည်း ၁၂၀၀၊ ၊ မျှစ်တစ်ပိဿာ ၃၅၀၀ ၊ ခဝဲသီး တစ်လုံး ၇၀၀ ကျပ်၊ ပြောင်းဖူး ၁၀၀၀ကျပ်၊ ငြုပ်သီးစိမ်းနဲ့ နံနံပင်၊ ရှမ်းနံနံစတာတွေကတော့ ၅၀၀ကျပ်အနည်းဆုံးပေး၀ယ်လာနေရပါတယ်။
ငါးဈေးတွေကလည်း တစ်ဆယ်သားကို ၄၀၀၀ကျပ်မှ၆၀၀၀ကျပ်အတွင်းဈေးတွေရှိနေကာ အသားဈေးအနေနဲ့ကြက်သား၁၀သား၂၅၀၀ကျပ်နဲ့ အမဲသားတစ်ဆယ်သားကို ၄၀၀၀ကျပ် ၊ဆိတ်သား၁၀သားကို ၈၀၀၀ကျပ်ဈေးတွေနဲ့အရောင်းအဝယ်ရှိနေကြပါတယ်။
လူသုံးကုန်ပစ္စည်တွေဖြစ်တဲ့ ဆပ်ပြာ၊ဆပ်ပြာမှုန့် ၊သွားတိုက်ဆေးဈေးတွေကတော့ ငွေကျပ်၃၀၀၀ကနေ ၁၀၀၀၀ကျပ်အတွင်းဈေးတွေမှာရှိနေရာ ပြည်ပသွင်းကုန်တွေက ဈေးပိုမြင့်တက်နေကြောင်းသိရပါတယ်။
ဆေးနဲ့ဆက်စပ်ပစ္စည်းတွေအနေနဲ့က ပြည်ပဆေးဝါးတွေရှားပါးလာပြီး ဈေးကွက်ထဲ မြန်မာကထုတ်တဲ့တိုင်းရင်းဆေး အမျိုးအစားတွေ ပြန်လည်အရောင်းအဝယ်ဖြစ်နေကြောင်းနဲ့ ယခင်ကပါရာစီတမော့၁ကဒ်ကို ငွေကျပ်ရာဂဏန်းပဲရှိရာကနေ ယခု ၁ကဒ်ကိုငွေ၃၀၀၀ကျပ်နီးပါးဖြစ်လာသလို၊နာတာရှည်ရောဂါတွေနဲ့၊သွေးတိုး၊ဆီးချိုဆေးတွေလည်းပစ္စည်းရှားပါးဈေးတက်လာသလို၊ကျောက်ကပ်ဆေးအမျိုးအစားအချို့လည်း ဈေးကွက်ထဲဆေးပြတ်လပ်သွားတာတွေရှိနေကြောင်း သုံးစွဲသူအချို့ရဲ့ ပြောကြားချက်အရသိရပါတယ်။
" မိုးရာသီကာလ ထဲရောက်နေသလို ရာသီဥတု အခြေအနေကလည်းသိပ်မမှန်တတ်တော့ အဖျားအနာလေးတွေရှိလာတယ်၊ ခေတ်ရဲ့ကုန်ဈေးနှုန်းအခြေအနေအရ ပြည်သူအတော်များများက မကျန်းမာမှာ သိပ်စိုးရိမ်လာရတယ်၊ အခုက ဖျားနာလို့ ဆေးခန်းတစ်ခါသွားရင် ဆေးဖိုးဝါးခက အနည်းဆုံး ၃ သောင်းလောက်ရှိနေမှ အဆင်ပြေတော့ အခြေခံလူတန်းစားတွေက ဖျားရင်ဆေးဖိုးမတတ်နိုင်လို့ အရင်ကလို မြန်မာဆေး၊ ဆေးမှုန့်တွေဖြစ်တဲ့ အောင်တမန်တို့ အခိုးပွင့်ဆေးတို့နဲ့ ဆေးပြန်ကုနေရတဲ့အဖြစ်တွေရှိနေပါပြီ ၊ဒါက ယနေ့ခေတ်ရဲ့ ခေတ်နောက်ပြန်ဆွဲမှုတွေ ဖြစ်နေမလား"လို့ ရန်ကုန်မြို့နေ ပြည်သူတယောက်ကပြောပြပါတယ်။
တပတ်တာကုန်ဈေးနှုန်းတွေကို မုဒြာ က စုစည်းပေးထားတာပါ။









