NEWS

တရုတ်နိုင်ငံဘက်က မြန်မာလုပ်သားများ နေရပ်ပြန်ပါက အကြွေးကျန်မရှိမှ ပြန်ခွင့်ပြုဟုဆို

CoverLogo
688 Views
 
တရုတ်နိုင်ငံဘက်က ရွှေ့ပြောင်းမြန်မာလုပ်သားတွေ အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်ပါက ကြွေးကျန်ရှိမရှိ မေးမြန်းခံရပြီး အကြွေးမရှိမှ ပြန်ခွင့်ပြုတယ်လို့ မြန်မာရွှေ့ပြောင်းလုပ်သားတွေက ပြောပါတယ်။
 
တရုတ်ရဲတွေက စက်ရုံလုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်ထားပြီး ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သားတွေ ကြွေး ကျန်ရှိနေရင် အကြွေးဆပ်ပြီးမှ ပြန်လွှတ်ပေးတယ်လို့ မြန်မာ လုပ်သားတဦးက ပြောပါတယ်။
 
"တရုတ်ရဲ အဖမ်းခံရရင် ၊ အဲ့ဒီ့ ရဲတွေက ဖမ်းခံရသူကို ဘယ်မှာ အလုပ်လုပ်လဲလို့ မေးတယ်။ ပြီးရင် စက်ရုံကို ဒီဝန်ထမ်းကို မြန်မာဘက် ပြန်ပိုမယ်ဆိုရင် အကြွေးရှိလား၊ စက်ရုံက သူ့ကို ပြန်ပို့ဖို့ခွင့်ပြုလားဆိုပြီး စက်ရုံလုပ်ငန်းရှင်ကို မေးတယ်။ အကြွေးရှိရင် အကြွေးဆပ်ပြီးမှ ပြန်ခိုင်းတယ်။ ဖမ်းခံရလို ထောင်ဒဏ်၊ ငွေဒဏ်ဆောင်တွေ ရဲက ဆောင်ခိုင်းတာတွေ ရှိတယ်။" မြန်မာနိုင်ငံကို ပြန်လာတဲ့ စက်ရုံအလုပ်သမားတဦးက ပြောပါတယ်။
 
တရုတ်နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လုပ်ကိုင်တဲ့ မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရပါက အနည်းဆုံး ထောင်ဒဏ် ၃လကနေ အများဆုံး ၈လအထိ ကျခံရပြီး ဝင်ရောက်တဲ့ နေရာကနေ မြန်မာဘက်ကို ပြန်ထွက်ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
"တရုတ်နယ်စပ် တရားမဝင် သွားလုပ်တဲ့ မြန်မာလုပ်သားတွေ တရုတ်လုပ်ငန်းရှင်တွေက လုပ်ခ လစာ ခေါင်းပုံ ဖြတ်ခံရတယ်။ အခန်းအထိ၊ လုပ်ငန်းခွင်တွေထဲအထိ လာဖမ်းတာမျိုးလည်းရှိတယ်။ "လို့ ရွှေလီရောက် မြန်မာ အမျိုးသမီး တယောက်က ပြောပါတယ်။
 
မြန်မာ-တရုတ်နယ်စပ်မှာ အခုရက်ပိုင်းအတွင်း အထောက်အထား မပြည့်စုံတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ဖမ်းဆီးများပြီး မူဆယ်ဘက်အခြမ်းကို ကားတွေနဲ့ ပြန်ပို့ နေတယ်လို ဒေသခံတွေကပြောပါတယ်။
 
တရုတ်နိုင်ငံဘက်က စက်ရုံတွေမှာ သွားရောက်လုပ်ကိုင်ဖို့ အစောပိုင်းကာလတွေမှာ တစ်ပတ်ကတ်လိုခေါ်တဲ့ ဝင်ရောက်ခွင့်ကတ် နဲ့သွားရောက် လုပ်ကိုင်လို့ ရခဲ့ပေမယ့်၊ လက်ရှိမှာတော နေထိုင်ခွင့်ကတ်နဲ့ အလုပ်သမားကတ်တွေအပြင် စက်ရုံ လုပ်ငန်းရှင်ရဲ့ အာမခံ ပါရှိမှ အလုပ် လုပ်ကိုင်နိုင်တယ်လို့ သိရပါတယ်။
 
လက်ရှိ တရုတ်- မြန်မာနယ်စပ်အနီး တရုတ် အထည်ချုပ်စက်ရုံတွေက မြန်မာလုပ်သားတွေ ကို လက်ငင်းစနစ်၊ အကြွေးစနစ်နဲ့ပါ အလုပ်ခေါ်ယူမှုတွေ အများပြားရှိနေပြီး တခြားလုပ်ငန်းနဲ့ သွားရောက်လုပ်သူတွေကလည်း နည်းလမ်းမျိုးစုံနဲ့ ဝင်ရောက်နေကြပါတယ်။
Photo - CJ

Related posts

Cover
အမျိုးသား အသက်၃၅နှစ်အထက်နှင့်အမျိုးသမီး အသက်၂၇နှစ်အထက်များကိုသာ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP) ထုတ်ပေးဟု မူဆယ် လ၀က ကြေညာ
Feb 06, 2026
Cover
ပွဲစားခ ဘတ် ၄ သောင်းပေးပြီး လာရတဲ့ မြန်မာလုပ်သား ၁၃ ဦး လမ်းဘေးမှာ ပစ်ထားခံရ၍ အဖမ်းခံရ
Feb 06, 2026
Cover
ကားတိုက်ခံရပြီး ဒဏ်ရာအပြင်းထန်ရနေသည့် မြန်မာအလုပ်သမားကို ယာဉ်ပိုင်ရှင် မှ တာဝန်ယူမှုမရှိဟုဆို
Feb 05, 2026
Cover
ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် မြေပြိုမှုတွင် မြန်မာလုပ်သားတစ်ဦး သေဆုံး
Feb 05, 2026
Cover
ပဋိပက္ခတွေကြောင့် ထိခိုက်နေရသည့် မြန်မာပြည်သူတွေအတွက် EU က ယူရို ၆၃ သန်း ထောက်ပံ့မည်
Feb 04, 2026
Cover
မြန်မာလုပ်သား ၃၁ဦးထံမှ သက်တမ်းတိုးခ ဘတ်၃သိန်းကျော် လိမ်သွားသည့် ပွဲစားကို အမှုဖွင့်
Feb 04, 2026
Cover
ကမ္ဘောဒီးယားရှိ ကျားဖြန့်ဂိုဏ်း ဝင်ရောက်စီးနင်းရာ မြန်မာ ၁၇၉ဦး အပါအဝင် နိုင်ငံခြားသား၂၀၀၀ကျော် ဖမ်းဆီးခံရ
Feb 03, 2026
Cover
ထိုင်းနိုင်ငံမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာ ၆၀ ကျော် ကို စစ်ကော်မရှင်ထံလွှဲပြောင်း
Feb 03, 2026