ထိုင်းနိုင်ငံ ၊ ချွန်ပူလီခရိုင် ၊ ဘော်ထောင်းမြို့မှာရှိတဲ့ (မီးကြိုးစက်ရုံ)မှ အလုပ်ထုတ်ခံရတဲ့ မြန်မာလုပ်သား ၅၁ဦး အတွက် နစ်နာကြေး ဘတ်၁သန်းကျော် ရရှိ တယ်လို့ ၎င်းလုပ်သားအရေးကူညီပေးနေတဲ့ (WAG)အလုပ်သမားမဟာမိတ်ထံမှ သိရပါတယ်။
၎င်းစက်ရုံ တွင်အလုပ်လုပ်နေတဲ့ လုပ်သက်၃နှစ်ခန့်ရှိ (MOU/Name list)ကိုင်ဆောင်ထားတဲ့ မြန်မာအလုပ်သမား အမျိုးသား၊အမျိုးသမီး ၅၁ဦး ကို ၂၀၂၅ခုနှစ် ဇွန်လ၂၅ရက် တွင် စက်ရုံ သို့ စစ်ဆေးရေး ဝင်စစ်ခံထိပီး စက်ရုံမှပိတ်သိမ်းရမယ်ဆိုကာ အလုပ်ဖြုတ်လိုက်တာဖြစ်ပါတယ်။
ဒါကြောင့် အလုပ်သမားတွေ သက်တမ်းတိုးရမည့်ကိစ္စနဲ့ နစ်နာကြေးရရှိရေး အတွက် (WAG)အလုပ်သမားမဟာမိတ်ထံ အကူအညီတောင်းခံလာသဖြင့် ဇူလိုင် ၂၂ ရက် က (WAG)အဖွဲ့သားများက အလုပ်သမားတွေနဲ့အတူ နယ်မြေခံ ဆာဝါဒီကန်ရုံးသို့ သွားရောက်ကူညီတိုင်ကြားခဲ့တယ်လို့ သိရပါတယ်။
အခုလိုတိုင်ကြားတာကြောင့် နိုဝင်ဘာ၁၂ရက်မှာ စက်ရုံဘက်မှ အလုပ်သမားများကို နစ်နာကြေး ၁ဦးကို ဘတ် ၂၀၀၀၀ နဲ့ ၅၁ဦးစာအတွက် ၁၀၂၀၀၀၀ ဘတ် ကို ဆဝါဒီကန်ရုံးနှင့်WAG. အဖွဲ့သားများရှေ့တွင် လာရောက်ပေးဆောင်ခဲ့ပြီး ဗီဇာသက်တမ်းတိုးပြီးသည်ထိ ဆက်လက်ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။









