NEWS

ကမ္ဘောဒီးယားလုပ်သားများနေရာ မြန်မာ၊ ဗီယက်နမ်၊ လာအိုလုပ်သားများအမြန်အစားထိုးမည်

CoverLogo
265 Views
ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထိုင်း-ကမ္ဘောဒီးယားနယ်စပ် တင်းမာမှုအခြေအနေကြောင့် ကမ္ဘောဒီးယားအလုပ်သမားတွေအတွက် မှတ်ပုံတင်ခြင်းနှင့် အလုပ်လုပ်ခွင့်ပါမစ်များ သက်တမ်းတိုးခြင်းကို အကန့်အသတ်မရှိ ရပ်ဆိုင်းထားလိုက်ပြီး ၎င်းတို့နေရာတွင် မြန်မာ၊ဗီယက်နမ်၊ လာအိုလုပ်သားများ အမြန်အစားထိုးနိုင်ရန်စီစဥ်နေကြောင်းထိုင်းအစိုးရအလုပ်သမားဝန်ကြီး မစ္စစ် ထရီနွတ်ချ် ထီယန်ထောင်းက နိုဝင်ဘာ ၁၁ ရက်မှာပြောကြားခဲ့ပါတယ်။
 
အလုပ်သမားရှားပါးမှုကိုကာကွယ်ရန်အတွက် မြန်မာ၊ ဗီယက်နမ်၊ လာအို အစရှိသည့်သုံးနိုင်ငံမှ အလုပ်သမားများအတွက် မှတ်ပုံတင်ခြင်းကို အရှိန်မြှင့်တင်သွားမည်ဖြစ်ပြီး နိုင်ငံတွင်း ခိုလှုံနေသော မြန်မာအလုပ်သမား ၄၀,၀၀၀ ခန့်ကိုလည်း ထိုင်းအလုပ်သမားစနစ်အတွင်းသို့ဝင်ရောက်နိုင်ရန်အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်းဝန်ကြီးကပြောကြားခဲ့ပါတယ်။
 
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် မငြိမ်မသက်မှုများအတွင်း ကမ္ဘောဒီးယားလုပ်သားများကို အဓိကထား အလုပ်ခန့်ထားသော စိုက်ပျိုးရေးကဏ္ဍတွင် အလုပ်သမားရှားပါးမှုသက်ရောက်မှုရှိလာနိုင်သည့်အပေါ် လက်ရှိတွင် အခြားရွေးချယ်စရာလုပ်သားများကို အစားထိုးခန့်အပ်နိုင်ရန်ပြင်ဆင်နေကြောင်းဝန်ကြီးကပြောပါတယ်။
 
ထိုင်းနိုင်ငံတွင် ကမ္ဘောဒီးယားအလုပ်သမား ၄၅၀,၀၀၀ ခန့်ရှိပြီး တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများနှင့် သက်တမ်းကုန်ဆုံးသွားသော အလုပ်လုပ်ခွင့်ပါမစ်ရှိသော အလုပ်သမားများ အပါအဝင် တရားမဝင် ကမ္ဘောဒီးယား အလုပ်သမား ၁၀၀,၀၀၀ ခန့် ရှိကြောင်းထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့စစ်တမ်းများအရသိရပါတယ်။
 

Related posts

Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026