NEWS

ကမ္ဘောဒီးယားလုပ်သားများနေရာ မြန်မာ၊ ဗီယက်နမ်၊ လာအိုလုပ်သားများအမြန်အစားထိုးမည်

CoverLogo
147 Views
ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထိုင်း-ကမ္ဘောဒီးယားနယ်စပ် တင်းမာမှုအခြေအနေကြောင့် ကမ္ဘောဒီးယားအလုပ်သမားတွေအတွက် မှတ်ပုံတင်ခြင်းနှင့် အလုပ်လုပ်ခွင့်ပါမစ်များ သက်တမ်းတိုးခြင်းကို အကန့်အသတ်မရှိ ရပ်ဆိုင်းထားလိုက်ပြီး ၎င်းတို့နေရာတွင် မြန်မာ၊ဗီယက်နမ်၊ လာအိုလုပ်သားများ အမြန်အစားထိုးနိုင်ရန်စီစဥ်နေကြောင်းထိုင်းအစိုးရအလုပ်သမားဝန်ကြီး မစ္စစ် ထရီနွတ်ချ် ထီယန်ထောင်းက နိုဝင်ဘာ ၁၁ ရက်မှာပြောကြားခဲ့ပါတယ်။
 
အလုပ်သမားရှားပါးမှုကိုကာကွယ်ရန်အတွက် မြန်မာ၊ ဗီယက်နမ်၊ လာအို အစရှိသည့်သုံးနိုင်ငံမှ အလုပ်သမားများအတွက် မှတ်ပုံတင်ခြင်းကို အရှိန်မြှင့်တင်သွားမည်ဖြစ်ပြီး နိုင်ငံတွင်း ခိုလှုံနေသော မြန်မာအလုပ်သမား ၄၀,၀၀၀ ခန့်ကိုလည်း ထိုင်းအလုပ်သမားစနစ်အတွင်းသို့ဝင်ရောက်နိုင်ရန်အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်းဝန်ကြီးကပြောကြားခဲ့ပါတယ်။
 
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် မငြိမ်မသက်မှုများအတွင်း ကမ္ဘောဒီးယားလုပ်သားများကို အဓိကထား အလုပ်ခန့်ထားသော စိုက်ပျိုးရေးကဏ္ဍတွင် အလုပ်သမားရှားပါးမှုသက်ရောက်မှုရှိလာနိုင်သည့်အပေါ် လက်ရှိတွင် အခြားရွေးချယ်စရာလုပ်သားများကို အစားထိုးခန့်အပ်နိုင်ရန်ပြင်ဆင်နေကြောင်းဝန်ကြီးကပြောပါတယ်။
 
ထိုင်းနိုင်ငံတွင် ကမ္ဘောဒီးယားအလုပ်သမား ၄၅၀,၀၀၀ ခန့်ရှိပြီး တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများနှင့် သက်တမ်းကုန်ဆုံးသွားသော အလုပ်လုပ်ခွင့်ပါမစ်ရှိသော အလုပ်သမားများ အပါအဝင် တရားမဝင် ကမ္ဘောဒီးယား အလုပ်သမား ၁၀၀,၀၀၀ ခန့် ရှိကြောင်းထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့စစ်တမ်းများအရသိရပါတယ်။
 

Related posts

Cover
တိုင်းရင်းသူ ၃ဦးကို အလုပ်ရမည်ဟု လိမ်ခေါ်ပြီး တရုတ်အမျိုးသားထံ ပြည့်တန်ဆာအဖြစ် ရိုက်နှက်ကာ အဓမ္မစေခိုင်း
Jan 10, 2026
Cover
ပွဲစားခ ဘတ်တစ်သောင်းဝန်းကျင်ပေးခဲ့ရသည့် မြန်မာလုပ်သား ၅၀ကျော် လုပ်သက် ရှစ်လဝန်းကျင်တွင် အလုပ်ထုတ်ခံရ
Jan 10, 2026
Cover
ဆိုင်ကယ် စီးလာသည့် မြန်မာလုပ်သား ၂ဦး ကို လမ်းကြောင်းမှားဝင်လာသည့် ကားမှ ဝင်တိုက် ၁ ဦးသေဆုံး
Jan 10, 2026
Cover
ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ အထောက်အထားမဲ့ မြန်မာလုပ်သား၈ဦး နှင့် အလုပ်ရှင် အဖမ်းခံရ
Jan 10, 2026
Cover
ပွဲစားခ ဘတ်၂သောင်း ပေးပြီး အလုံပိတ်ကားဖြင့် ခိုးဝင်လာရသည့် မြန်မာလုပ်သား၂၅ဦး အဖမ်းခံရ
Jan 09, 2026
Cover
CI စာအုပ် သက်တမ်းတိုး လုပ်ငန်းစဉ် ဇန်နဝါရီ ၁၆ ရက် အထိ ရက်ထပ်တိုး ဆောင်ရွက်ပေးမည်ဟု ကြေညာ
Jan 09, 2026
Cover
ကမ္ဘောဒီးယားတွင် အလုပ်ရမည်ဆိုကာ လူငယ် ၄ ဦး ကျားဖြန့်အလုပ်ရုံသို့ လိမ်လည်ရောင်းစားခံရ
Jan 08, 2026
Cover
အလည်ပတ် ထွက်လာသော မြန်မာနိုင်ငံသား များ စီးလာသည့် ကားတိမ်းမှောက် သဖြင့် ၁၂ဦး ဒဏ်ရာရ
Jan 08, 2026