NEWS

ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာ အယောက် ၉၀ စစ်ကော်မရှင်ထံ ထပ်မံလွှဲပို့

CoverLogo
308 Views
 
ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာလုပ်သားတွေကို ထိုင်းအာဏာပိုင်တွေက စစ်ကော်မရှင် ထံ ယခု လအတွင်း ဒုတိယအကြိမ် အဖြစ် အယောက်၉၀ ထပ်မံ လွှဲပို့ခဲ့ကြောင်း ရနောင်းခရိုင်ရေကြောင်းဦးစီးဌာန၊ ရေကြောင်းရုံးထုတ်ပြန်ချက်အရသိရပါတယ်။
 
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်ကလည်း မြန်မာလုပ်သား ၄၇ ဦးကို နေရပ်ပြန်ပို့ခဲ့ပြီးနောက် ယခုလအတွင်း ဒုတိယအကြိမ်မြောက် အယောက်၉၀ ထပ်မံနေရပ်ပြန်ပို့ခဲ့ရာ စုစုပေါင်း ၁၃၇ဦး ရှိပြီ ဖြစ်ပါတယ်။
 
အခုအကြိမ် ပြန်ပို့ခံရတဲ့ မြန်မာလုပ်သား အယောက်၉၀ တွင် အမျိုးသား၇၅ဦး၊အမျိုးသမီး၁၅ဦး တို့ပါဝင်ကာ ရနောင်းမြို့ ပန်နားရပ်ကွက်ရှိ အကောက်ခွန်လှေဆိပ် ကတစ်ဆင့်ကော့သောင်း ဘက်သို့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
 
ယခုနှစ် အတွင်း နေရပ်ပြန်ပို့ခံရတဲ့ မြန်မာလုပ်သား ၁၈၉၇ ဦးရှိကာဇန်နဝါရီလတွင် ၁၄၉ ဦး၊ ဖေဖော်ဝါရီလတွင် ၂၀၀ ဦး၊ မတ်လတွင် ၂၅၀ ဦး၊ ဧပြီလတွင် ၂၀၈ ဦး၊ မေလတွင် ၈၁ ဦးနှင့် ဇွန်လ ၂၅ ရက်နေ့က ၁၃၁ ဦး၊ ဇွန်လ ၃၀ ရက်နေ့က ၉၈ ဦး၊ ဇူလိုင်တွင် ၁၆၂ ဦး၊ ဩဂုတ်လတွင် ၉၉ ဦး၊ စက်တင်ဘာလတွင် ၂၉၂ ဦး၊ အောက်တိုဘာလတွင် ၉၀ ဦး လွှဲပြောင်းခဲ့ပြီးဖြစ်တယ်လို့ ပြန်ပို့ခံရတဲ့စာရင်းတွေအရသိရပါတယ်။
 
ထိုင်းကနေ ပြန်ပို့ခံရတဲ့ မြန်မာလုပ်သား တွေထဲမှ စစ်မှုထမ်းရန်အသက်အကျုံးဝင်သူတွေကို စစ်ကော်မရှင်မှ ဖမ်းဆီးခေါ်ဆောင်တာတွေ ဆက်တိုက် လုပ်ဆောင်နေသလို ထိုင်းနိုင်ငံဘက်မှ လည်း လစဉ် ပြန်လည်လွှဲပို့ လျက်ရှိကြောင်း သိရပါတယ်။

Related posts

Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026