NEWS

နေ့စားမှ ပုတ်ပြတ်စား အဖြစ် အတင်းအကျပ် လုပ်ဆောင်ခိုင်းခြင်းကို လက်မခံသဖြင့် မြန်မာလုပ်သား ၁၆၉ ဦးကို အလုပ်ထုတ်

CoverLogo
322 Views
 
ထိုင်းနိုင်ငံ၊ စမူပကန်ခရိုင်၊ ဘန်ပါရပ်ကွက်မှာရှိတဲ့ စားသောက်ကုန်စက်ရုံ(မုန့်ရုံ)က လုပ်ခလစာ ကို နေ့စားရှင်းစနစ်ကနေ ပုတ်ပြတ်စားစနစ် နဲ့ အတင်းအကျပ် ပြောင်းလဲ ခိုင်းစေတာကို မြန်မာလုပ်သားတွေက လက်မခံတဲ့ အတွက် မြန်မာလုပ်သား ၁၆၉ဦးကို အလုပ်ထုတ်ပစ်လိုက်တယ်လို့နစ်နာသူလုပ်သားတွေကို ကူညီပေးနေတဲ့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံမှ သိရပါတယ်။
 
နိုဝင်ဘာ ၈ရက် နေ့ မနက် ပိုင်းမှာ စက်ရုံမှ တာဝန်ရှိသူများက စက်ရုံရှိ အလုပ်သမား တွေ ကို နေ့စားမှပုတ်ပြတ်စား သို့အတင်းအကျပ်ပြောင်းလဲခိုင်းစေရာ အလုပ်သမားတွေက မလုပ်နိုင်ကြောင်းပြောပေမယ့် စက်ရုံဘက်မှ မလုပ်နိုင်လျှင်အလုပ်မှ ထွက်ကြဟုပြောပြီးအလုပ်မှထုတ်ပစ်လိုက်တယ်လို့ ဆိုပါတယ်။
 
အလုပ်ထုတ်ခံရတဲ့ မြန်မာလုပ်သား အမျိုးသား၈၅ဦး၊ အမျိုးသမီး ၈၄ ဦးတို့ဟာ MOU/CI အထောက်အထားတွေရှိပြီး ၎င်းစက်ရုံ မှာ အလုပ်လုပ်ကိုင်လာတာ ၁နှစ်မှ၆နှစ်အထိ သက်တမ်းရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။
 
အလုပ်မှ ထုတ်လိုက်ချိန် မှာလည်း မြန်မာလုပ်သားတွေရဲ့ လုပ်အားခ(၁)ဦးလျှင် ဘတ် ၄၄၆၄ ဘတ်နှုန်းဖြင့် (၁၆၉)ဦးစာ ၇၅၄၄၁၆ ဘတ်နဲ့ အချိန်ပိုကြေး၁၆၉ဦးစာ ဘတ် ၁၅၈၀၀၀ရဖို့ ကျန်ရှိတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် အလုပ်သမား တွေရဲ့ သဘောတူညီမှု မပါဘဲ လစာထဲမှ စုကြေးငွေ အဖြစ် ၃၅၀၀၀၀ ဘတ် ကို လည်း စက်ရုံဘက်ကဖြတ်တောက်ထားတယ်လို့ WAG အလုပ်သမားမဟာမိတ်ထံမှသိရပါတယ်။
 
အလုပ်ထုတ်ခံရတဲ့ မြန်မာလုပ်သားတွေဟာ WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံအကူညီတောင်းခံခဲ့ကာ လုပ်ငန်းခွင်ပြန်လည်လုပ်ကိုင်လိုခြင်း၊အလုပ်သမားခံစားခွင့်များကို ဥပဒေအတိုင်းရရှိလိုခြင်း၊ အလုပ်ပြန်လည်ဝင်ရောက်ခွင့်မရပါကထိုက်သင့်သည်နစ်နာကြေးရရှိလိုခြင်း၊စာရွက်စာတမ်းကိစ္စများပြီးမြောက်သည်အထိဆောင်ရွက်ပေးစေလိုခြင်းစတဲ့ အခွင့်အရေးများပြန်လည်ရရှိလိုတယ်လို့ ဆိုပါတယ်။
 
WAG အလုပ်သမားမဟာမိတ်အဖွဲ့ ကလည်း ယခုကိစ္စ ကို နိုဝင်ဘာ၁၂ရက်က လက်ခံခဲ့ပြီး ဆက်လက်ကူညီဆောင်ရွက်ပေးသွားမယ်လို့ အသိပေးထားပါတယ်။

Related posts

Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026