NEWS

တပတ်တာ ကုန်ဈေးနှုန်း စုစည်းချက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)

CoverLogo
27 Views
 
 
ပြီးခဲ့တဲ့နှစ်ကုန်ထဲက ပြည်တွင်းရွှေဈေး သိန်းရာကျော်လာသလို ဒေါ်လာ နိုင်ငံခြားသုံးငွေနဲ့ စက်သုံးဆီဈေးတွေကလည်း တစ်ဆထက်တစ်ဆဈေးတွေတက်လာရာ မတ်လကုန်ခါနီးမှာအရင်က၃ဆလောက်တက်နေတဲ့ကုန်ဈေးနှုန်းထက်ပိုတဲ့ ကုန်ပစ္စည်းဈေးနှုန်းကြီးမြင့်လာမှုတွေရှိလာနေပြီလို့သိရပါတယ်။
 
တစ်ပတ်တာကုန်ဈေးနှုန်းအကြောင်းတင်ပြမှုမှ မတ်လ၂၂ရက်က‌နေမတ်လ၂၈ရက်အတွင်းဖြစ်ပေါ် ပြောင်းလဲနေတဲ့ ကုန်ဈေးနှုန်းအခြေအနေအမျိုးမျိုးကို စုစည်းဖော်ပြလိုက်ပါတယ်။
 
စက်သုံးဆီဈေးနှုန်း
မတ်လ၂၇ရက်နဲ့ ၂၈ ရက်မှာ တော့စက်သုံးဆီက ရန်ကုန်လက်ကားအထိုင်ဈေးအနေနဲ့ ဓာတ်ဆီ ၉၂ တစ်လီတာ ၄,၄၅၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၄,၉၇၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၅,၄၅၀ ကျပ်နဲ့ ပရီမီယံဒီဇယ် တစ်လီတာ ၆,၀၈၅ ကျပ်ဖြစ်ပါတယ်။
 
အဲဒီမတိုင်မီ မတ်၂၆ရက်နဲ့တစ်ပတ်အတွင်းက စက်သုံးဆီဈေးဟာလည်း စက်သုံးဆီဈေးနှုန်းတွေက ၉၂တစ်လီတာ ၃၆၁၀ကျပ် ၊ ၉၅ တစ်လီတာ ၃၈၅၀ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၄၃၉၀ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၄၈၃၀ကျပ်ဖြစ်ခဲ့တာကြောင့် စက်သုံးဆီဈေးဟာ တစ်ပတ်အတွင်းမှာ ဓာတ်ဆီဈေး‌က၈၄၀ကျပ်မှ၁၁၂၅ကျပ်အထိနဲ့ဒီဇယ်ဈေးမှာ၁၀၆၀ကျပ်မှ၁၂၅၅ကျပ်နှုန်းတွေအထိယခင်တပတ်ကြာထက်စံချိန်တင် ဈေးထပ်တက်လာခဲ့ပါတယ်။
ဒါဟာ ယခင်က ငွေကျပ်တစ်ဆယ်နဲ့တစ်ရာ‌ေကျာ်လောက်သာ တက်ခဲ့တဲ့စက်သုံးဆီဈေးနှုန်းဟာ ဆတိုးမြင့်တက်လာတာဖြစ်ပြီး ပြင်ပဆီမှောင်ခိုဈေးကွက်မှာလည်းတစ်လီတာကို ၈၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်နှုန်းဈေးတွေထပ်တက်လာတာပါ။
 
"စက်သုံးဆီတွေဈေးကြီးပြီး ဆီတန်းစီနေရတာကနောက်ပိုင်းပိုဆိုးနိုင်တယ် အခုဟာက ခွဲတမ်းနဲ့မလုပ်သေးပဲစုံမ စနစ်နဲ့ပဲဆီတန်း‌နေရလို့ဒါတောင် ကားပိတ်တာတွေရှိနေတယ်၊နောက်လကစလုပ်မယ့်ခွဲတမ်းနဲ့က ဆီဖြည့်ရင်လီတာများများဖြည့်ရင်အချိန်ကပိုကြာလာမယ်၊စောင့်ဆိုင်းချိန်တော့ပိုကြာလာနိုင်ပါတယ်"လို့ အင်းစိန်မြို့နယ်က က ပြည်သူတစ်ယောက်ကပြောပါတယ်။
 
ရွှေဈေးနှုန်း
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များ အသင်းက သတ်မှတ်တဲ့ ရွှေ တကျပ်သားရဲ့ ဈေးနှုန်းက‌‌ မတ်လ၂၈ရက်ဒီက‌နေ့မှာ ၇,၀၀၀,၀၀၀ကျပ် ဈေး သတ်မှတ်ထားရာ အဲ့ဒီ့ဈေးဟာမတ်လ၁၉ရက်ကစလို့ပြောင်းလဲသတ်မှတ်လာတာဖြစ်ပြီး ယခင်တစ်ပတ်ကသတ်မှတ်ဈေး၇၁သိန်းထက်တော့ ငွေကျပ်၁သိန်းဈေး‌ လျော့ချသတ်မှတ်လာတာဖြစ်ပါတယ်။
ရွှေ ပြင်ပပေါက်ဈေးအ‌နေနဲ့ကတော့၁၅ပဲရည်‌ေစျးအနိမ့်ဆုံးသတ်မှတ်ချက်အ‌‌နေနဲ့ရွှေတစ်ကျပ်သားကို မတ်လ ၂၈ရက်မှာ ၉‌၇သိန်းကျော် ပေါက်ဈေးရှိပြီး ၁၆ပဲရည်အခေါက်ရွှေဈေးကတော့ ပြင်ပဈေး ၁ကျပ်သားကို၁၀‌၄သိန်းကျော်ဈေးဖြစ်ပေါ်နေရာ ဒါဟာယခင်တစ်ပတ်ကြာက၁ကျပ်သားကို၁၀‌၆သိန်းကျော်ဈေးထက်တော့ ပြင်ပဈေးကွက်မှာ ငွေကျပ်၂သိန်းလောက်ဈေးလျော့လာတာလည်းဖြစ်ပါတယ်။
 
ငွေဈေးနှုန်း
နိုင်ငံခြား ဒေါ်လာ ငွေလဲလှယ်နှုန်းတွေ ကတော့ ယခုတစ်ပတ်မှာ ကန်ဒေါ်လာ က ၁ဒေါ်လာငွေကျပ် ၄ထောင်ကျော်ဈေးအထိ ထိုးတက်‌ေနဆဲဖြစ်ရာကျန်နိုင်ငံခြားသုံးငွေ ဘတ်၊ ယန်း၊ ယွမ်ဈေးတွေလည်း ဈေးတက်လာပါတယ်။
အမေရိကန်ဒေါ်လာ၁‌ ဒေါ်လာဈေးက မတ်လ၂၈ရက်ည‌နေပိုင်းအထိ မှာ ရောင်းဈေး ၄၃၂၀ကျပ်၊ ဝယ်ဈေး ၄၀၇၀ကျပ်ဖြစ်ရာထိုင်းဘတ်ငွေကတော့ ရောင်းဈေး ၁၃၄ကျပ်ကျော်၊ ဝယ်ဈေး ၁၃၆ကျပ် ကျော် ၊ ယွမ်းငွေကရောင်းဈေး၆၃၅ကျပ်၊ ဝယ်ဈေး ၆၅၀ကျပ်၊ ဂျပန်ယန်းဈေးက ရောင်းဈေး၂၇၄နဲ့ဝယ်ဈေး၂၈၀ကျပ်တွေမှာ ငွေလဲဈေးကွက်ဖြစ်ပေါ်နေတာပါ။
စင်ကာပူ ငွေလွှဲဈေးကလည်း အမြင့်ဆုံး စင်ကာပူတစ်ဒေါ်လာကိုရောင်းဈေး ၃‌၃၇၀ကျပ်အထိ ဈေးပေါက်ခဲ့ပြီး ဝယ်ဈေးကတော့၃၄၁၀ကျပ်ဈေးမှာတည်ရှိကာစင်ကာပူ‌ ဒေါ်လာဟာယခင်တပတ်ကြာကထက်ဈေးနည်းနည်းတက်လာပါတယ်။
 
အခြေခံစားသောက်ကုန်ဈေးနှုန်းများ
စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းကတော့ စားအုန်းဆီ၁ပိဿာကို ၆၆၄၀ကျပ်ဈေးသတ်မှတ်ထားတာကြောင့် ယခင်တစ်ပတ်ကြာက ဈေးထက်ငွေကျပ်၄၀ကျပ်ထက်ဈေးတက်သွားပါတယ်။
 
ပြင်ပဈေးကွက်မှာတော့ ဆီအသင်းသတ်မှတ်ဈေးတစ်ပိဿာကို ၆၆၄၀ကျပ်နှုန်းနဲ့ပဲ အခြေခံကာတစ်ပိဿာ ကျပ် ၁၀ဝ၀၀မှ ၁၅၀၀၀ ကြားပေါက်ဈေး‌ေတွနဲ့ရောင်းချနေကြပါတယ်။
ပဲဆီ၊ နေကြာဆီနဲ့ အခြားဆီဈေးနှုန်းတွေကတော့ ငွေကျပ်၂၀၀၀၀ကနေ၂၅၀၀၀ ဝန်းကျင်မှာပဲ ဈေးအစားစားရှိနေတယ်လို့ဆိုပါတယ်။
 
"အခုက ပြည်ပကနေမှာယူတင်သွင်းရတဲ့ပစ္စည်းတင်ဈေးကြီးဈေးတက်နေတာမဟုတ်ဖူး၊ကိုယ့်ပြည်တွင်းထဲမှာပဲထုတ်လုပ်တဲ့ကုန်ပစ္စည်းတွေလည်း၊ကုန်ကြမ်းဈေးနဲ့သယ်ယူပို့ဆောင်စရိတ်တွေတက်တော့ ဈေးပိုတက်လာတယ်၊ကုန်ဈေးနှုန်းတွေအခုလိုတက်လာတော့ အခြေခံလက်လုပ်လက်စားပြည်သူတွေမှာ ပိုခက်ခဲလာကြတယ်၊ပြည်သူတွေဘက်ကလည်းအရမ်းခက်ခဲမှုတွေအတွက်ခြိုးခြံချွေတာရတာတွေအတော်လုပ်လာရတယ်လို့ပြောကြတယ်၊ အရင်က ‌ဆန်ချော၈၀၀၀တန်လောက်စားကြသူတွေကအခုတော့ ဆန်အရော၅၀၀၀ကျပ် ဝန်းကျင်လောက်ဈေးလျော့ဝယ်လာရတာ၊မလိုအပ်ပဲသုံးတာတွေမဖြစ်ဖို့စီစစ်ဈေးဝယ်ရတာတွေ လုပ်လာရတယ်လို့ ရန်ကုန်နေအိမ်ရှင်မတစ်ဦးကပြောပါတယ်။
 
ဆန်ဈေး
ဆန်ဈေးနှုန်းတွေကတော့ ယခင်တစ်ပတ်ကြာအတိုင်းဆန်ချောဈေး အနည်းငယ်တက်ကာ ဆန်ကြမ်းဈေးအနည်းငယ်ကျဆင်းမှုတွေရှိရာပုံမှန်အတိုင်း ဈေးကွက်မှာရွှေဘိုပေါ်ဆန်းတစ်ပြည်ကို ၉၅၀၀ကျပ်မှ ၁၀၀၀၀ ကျပ်အထိ ရှိပြီး အခြားဆန်တွေကတော့တောင်ပျံရှယ် တစ်ပြည် ၉၀၀၀၊ မြောင်းမြ ပေါ် ဆန်းတစ်ပြည် ၈၅၀၀၊ ဆင်းသွယ်တစ်ပြည် ၅၀၀၀၊ မနော
သုခတစ်ပြည် ၄၀၀၀ စတဲ့ ပေါက်ဈေးအတိုင်း ဈေးအတက်အကျဖြစ်ပေါ်လာပါတယ်။
 
စားဖိုဆောင်သီးနှံတွေ အနေနဲ့ကတော့ ကြက်သွန်နီဈေးတွေလည်းထပ်မံတက်လာနေပြီး၁ပိဿာကို၃၀၀၀ကျပ် မှ ၄၅၀၀ကျပ်အထိ‌ဈေး တွေနဲ့သတ်မှတ်‌ ရောင်းချနေကြောင်းသိရပါတယ်။
 
ကြက်သွန်ဖြူတစ်ပိဿာ ၁၆၀၀၀ ကျပ်နဲ့အထက် အာလူးတစ်ပိဿာ ၈၀၀၀ကျပ်၊ ဂျင်းတစ်ပိဿာ ၃၅၀၀ကျပ်၊လက်ဖက်စို တစ်ပိဿာ ၁၂၀၀၀ကျပ်၊လက်ဖက်ခြောက်တစ်ပိဿာ ၂၄၀၀၀ကျပ်၊ နှစ်ပြန်ကြော် တစ်ပိဿာ၁၄၀၀၀ကျပ် ဈေးတွေအတိုင်းပဲရှိနေပါတယ်။
 
ကြက်သားအရသာဟင်းခတ်မှုန့်‌ ငွေကျပ် ၄၅၀၀မှ ၃၀၀၀ကြား ၊ အချိုမှုန့် ငွေကျပ် ၄၅၀၀မှ ၄၀၀၀ကြားနဲ့ ခရုဆီ၊ပဲငံပြာရည်တို့က ငွေကျပ် ၃၀၀၀မှ၂၀၀၀ကြား ၊ ငရုတ်ကောင်းက ငွေကျပ် ၁၀၀၀မှ ၅၀‌၀ကြား စတဲ့ ဈေးတွေအတိုင်းကုန်ခြောက်အမျိုးအစားပစ္စည်းတွေ ဈေးခုန်တက်နေဆဲလို့ဆိုပါတယ်။
 
ခေါက်ဆွဲခြောက်၊ကြာဇံခြောက် လို အထုပ်တွေရဲ့ဈေးကတော့အရင်က ယမ်ယမ်၊ဝါးလားခေါက်ဆွဲတထုပ်ဈေးမှာ၇၀၀ကျပ်ပဲရှိရာကနေယခုအခါတစ်ထုပ်ကိုငွေ၁၅၀၀ကျပ်အထိရှိလာပြီး ရှင်းရှင်းကြာဇံခြောက်တထုပ်ဈေး က ယခင် ငွေ၁၃၀၀ကျပ်ကနေယခုအခါ ၁၈၀၀ကျပ်ဈေးအထိရှိလာနေပါတယ်။
 
အခြေခံပြည်သူတွေသောက်သုံးမှုများတဲ့ကော်ဖီမစ်အမျိုးအစားတွေထဲ ပရီမီယာ၊sunday၊စူပါ စတဲ့ပြည်တွင်းထုတ်ကော်ဖီမစ်တွေအနေနဲ့တစ်ထုပ်ချင်းဈေးငွေကျပ် ၇၀၀ ကနေ ၁၀၀၀ကြားဈေးရှိပြီးပါကင်ဈေးအနေနဲ့ ငွေကျပ်၁၄၀၀၀ကနေ၁၇၀‌၀၀ကျပ်ကြားဈေးတွေရှိနေတာပါ။
 
ယိုးဒယားတံဆိပ် ဘာဒီ၊နက်စ် အခြားကော်ဖီတွေကလည်း တစ်ထုပ်ချင်းကို ငွေကျပ်၈၀၀မှ ၁၃၀၀ကြားဈေးမှာရှိကာ ပါကင်ဈေးအနေနဲ့ ကျပ်၁၅၀၀၀မှ၂၅၀၀၀ကျပ်ကြားဈေးမှာရှိနေပါတယ်။
 
ကြက်ဥ၊ဘဲဥ ဈေးတွေကတော့ ယခင်ထက်၅၀ကျပ်လောက်ခုန်တက်လာရာအရင် ကြက်ဥတစ်လုံး၅၀၀ကျပ်ကနေ၅၅၀ကျပ်ဈေးမှ ဘဲဥတစ်လုံး ၆၅၀ ၊ဆေးဘဲဥတစ်လုံး ၁၀၀၀ကျပ်နဲ့ ငုံးဥ ၈လုံးကို ‌၁၀၀၀ကျပ်ဈေးရှိနေပါတယ်။
မနက်ခင်း အဆာပြေစားသုံးနေကြတဲ့ ပဲပြုတ်ဈေးက‌ တော့အနည်းဆုံး၁၀၀၀ကျပ်နဲ့ဝယ်လို့ရနေကာ မုန့်ဟင်းခါး၊အသုပ်များက တစ်ပွဲကိုအနည်းဆုံး၁၅၀၀ကျပ် မှ အများဆုံး ၃၅၀၀ကျပ်အထိဈေးရှိနေပါတယ်။
 
အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေထဲမှာတော့ ချဉ်ပေါင်ရွက်တစ်စီးလျှင် ၅၀၀ ၊ ကန်စွန်းရွက်တစ်စီး ၁၀၀၀၊ ဗူးရွက်တစ်စီး ၅၀၀၊ ဆူးပုတ်ရွက်တစ်စီး ၅၀၀ကျပ်နဲ့ ခရမ်းချဉ်သီးတစ်ပိဿာလျင်ကျပ် ၅၀၀၀ ကျပ် ၊ ပဲလွန်းတစ်စည်း ၁၂၀၀၊ ခရမ်းသီးတစ်လုံး ၅၀၀၊ မျှစ်တစ်ပိဿာ ၄၀၀၀ ၊ ခဝဲသီး တစ်လုံး ၇၀၀ ကျပ်၊ ပြောင်းဖူး ၆၀၀ကျပ်၊ ငြုပ်သီးစိမ်းနဲ့ နံနံပင်၊
ရှမ်းနံနံစတာတွေကတော့ ၅၀၀ကျပ်အနည်းဆုံးပေး၀ယ်လာနေရပါတယ်။
 
ဘုရားပန်းကပ်လှူဖို့ ပန်းစည်းတွေအနေနဲ့လည်း ဂန္ဓမာပန်းအမျိုးအစားလိုက်တစ်စည်းကို၆၀၀၀ကျပ်မှ ၃၀၀၀ကျပ်၊ နှင်းဆီအမျိုးအစားလိုက်တစ်စည်းကို၄၀၀၀ကျပ် မှ ၂၅၀၀ကျပ်၊သပြေတစ်ခက်ကိုအနည်းဆုံး၂၀၀၀ကျပ်မှ ၅၀၀၀ကျပ် အထိဈေးရှိနေပါတယ်။
 
ငါးဈေးနှုန်းတွေကတော့ ၂၀၀၀၀ မှ ၂၅၀၀၀ အထိရှိပြီး မည်သည့်ငါးမဆိုအနည်းဆုံး ၅၀၀၀ ဖိုး၀ယ်ယူမှသာ တစ်နပ်စာစားသုံးလို့ရနေတာဖြစ်ပါတယ်။
 
ရပ်ကွက်ဈေးများထဲ အစားအများဆုံးအသားဖြစ်တဲ့ကြက်သားက တော့ ငွေကျပ် ၃၅၀၀၀ ကျပ်အထိကနေ ထပ်မံပြီး တစ်ပိဿာကိုငွေကျပ်၃၀၀၀၀ ကနေ ၄၀၀၀၀နှုန်းအထိ စံချိန်တင်မြင့်တက်နေပါတယ်။
 
အမဲသားနဲ့၀က်သားဈေးနှုန်းတွေဟာဆိုရင် ၁ပိဿာကို ကျပ် ‌၈၀၀၀၀ ကျပ်မှ ၉၅၀၀၀ကျပ်ဈေးကိုရောက်ရှိနေပြီး ဆိတ်သားဈေးနှုန်းတွေဟာဆိုရင် ကျပ် ၉၀၀၀၀ ဈေးအထိကိုရောက်ရှိမြင့်တက်‌ေနလို့ဆိတ်သားဈေးနှုန်းတွေဟာဆိုရင်အခြေခံအလုပ်သမားတွေအတွက် စားသုံးနိုင်ဖို့ခက်ခဲလာတဲ့နှုန်းထားတွေဖြစ်တယ်လို့ သိရပါတယ်။
 
လူသုံးကုန်၊အလှကုန်တွေ အနေနဲ့ကတော့ ပြည်ပကဝယ်ယူတင်သွင်းရတဲ့ပစ္စည်းတွေမှာ ကုန်သယ်ယူခကြီးမားတဲ့နေရာဒေသအလိုက် ဈေးကွာခြားချက်တွေရှိနေတယ်လို့သိရပါတယ်။
 
ဆေးနဲ့ဆေးပစ္စည်း ဈေးကွက်မှာလည်း အရင်ကထက် ဆေးဝါးတွေကဝယ်ယူရခက်ခဲလာသလို ဆေးဝါးအချို့ ဈေးကွက်ပြတ်မယ့်အနေအထားဖြစ်နေကည အစားထိုးဆေးဝါးဖြစ်တဲ့ တံဆိပ်မတူ ၊အာနိသင်တူဆေးဈေးတွေကလည်းပိုတက်
လာ‌‌နေပါတယ်။
 
ဆေးနဲ့ဆေးပစ္စည်းဈေးကွက်ထဲမှာလည်းဆေးဈေးတွေ အဆမတန်ဈေးတက်လာကာ အရင်က ငွေကျပ်၂၀၀၀၀ကျော်နဲ့ပေးဝယ်ရတဲ့ဆေးတန်ဖိုးကအခု၅၀၀၀၀ကျော်ဈေးပေးဝယ်ယူရတဲ့အထိဈေးနှုန်းနှစ်ဆ၊သုံးဆခန့်မြင့်တက်နေပါတယ်။
ပြည်တွင်းထုတ်ဆေးဝါးတွေအနေနဲ့လည်း ငွေကျပ် ထောင်ဂဏန်းသာရှိခဲ့တဲ့ဆေးဗူးအချို့ကအခုအခါ တစ်သောင်းကျော်ဈေးနှုန်းတွေအထိမြင့်တက်သွားခဲ့ကြောင်းသုံးစွဲသူတွေထံကသိရပါတယ်။
 
တပတ်တာကုန်ဈေးနှုန်းတွေကို မုဒြာ က စုစည်းပေးထားတာပါ။

Related posts

Cover
စက်သုံးဆီ အကျပ်အတည်း နဲ့ တပတ်အတွင်း စျေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 23, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026
Cover
ဒေါ်လာဈေး ၄၀၀၀ ကျပ်အထိ တက်လာပြီး ရွှေနဲ့စက်သုံးဆီတွေလည်း ဈေးထပ်တက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 15, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၂-‌‌ မတ်၉)
Mar 10, 2026
Cover
စက်သုံးဆီအခက်၊ ကုန်ဈေးနှုန်း ၃ဆတက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 09, 2026
Cover
စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်အချို့ ဈေးအတက်ကြမ်း (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 02, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၁၇-‌‌ ဖေဖော်ဝါရီ၂၂)
Feb 24, 2026
Cover
ဈေးထပ်မတက်ဘဲ ရပ်တန့်နေတဲ့ စက်သုံးဆီ၊ ရွှေ နဲ့ နိုင်ငံခြားသုံးငွေ ဈေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 21, 2026