ARTICLE

ကျောတခင်းစာနေရာပျောက်သွားတဲ့ လှိုင်သာယာကျူးတဲပေါ်ကစက်ရုံလုပ်သားများ

CoverLogo
1.5K Views

Myanmar Labour News(Article News)

"ခုဟာကစက်ရုံဖက်ကတာဝန်မယူတဲ့အပြင် မသိချင်ယောင်ဆောင်နေကြတာအဆောင်ပြောင်းနေဖို့ကျတော့လဲသူတို့ဖက်ကလိုက်အော်တယ် ကျူးသမားတွေကိုအဆောင်မထားဖို့ ကျမတို့ဒီလိုအခက်အခဲဖြစ်နေပေမယ့်အမြန်ဆုံးနိုင်ဖို့ပဲစိတ်ထဲရှိတယ်"လို့အထည်ချုပ်အလုပ်သမားတဦးဖြစ်တဲ့မစံပယ်(အမည်လွှဲ)က Myanmar Labour News ကိုပြောပါတယ်။

မစံပယ်ကကျူးကျော်တဲမှာနေပြီးတနေ့(၄၀၀၀)သာရတဲ့တရုတ်အထည်ချုပ်စက်ရုံမှာအလုပ်လုပ်ပြီးမိအိုဖအိုကြီးနှစ်ယောက်နဲ့အကိုဖြစ်သူရဲ့မိသားစုဝင်တွေနဲ့ အတူနေထိုင်ရသူပါ။

"ဖျက်တာသူတို့သိတာပေါ့မသိချင်ယောင်ဆောင်နေတဲ့အပြင်ရွှေ့ရပြောင်းရမယ့်သူတွေကိုသုံးရက်ထက်ရက်ပျက်ရင်အလုပ်အပြီးထုတ်မယ်လုပ်နေတယ်"လို့ကျူးမှာနေထိုင်တဲ့စက်ရုံအလုပ်သမားတွေရဲ့အခြေအနေကိုမစပယ်ကဆက်ပြောပါတယ်။

စက်ရုံဖက်ကဖိအားတွေရှိနေတဲ့အပြင်ကျူးမှာနေထိုင်တဲ့ စက်ရုံအလုပ်သမားတွေကိုအဆောင်မှာနေထိုင်ခွင့်မပေးဖို့စစ်ကောင်စီဖက်အော်လံတွေနဲ့ပါလိုက်အော်ပြီးအဆောင်ပိုင်ရှင်တွေကိုဖိအားပေးနေတာတွေရှိနေတယ်လို့သူမကပြောပါတယ်။

"ညနေဆိုအော်လံနဲ့လိုက်အော်တယ်ကျူးသမားတွေကိုအဆောင်မထားဖို့တဲ့ ကျမတို့ဘယ်သွားနေရမလဲ ဒီကတချို့ကလေးတွေဆိုနေဖို့ကထား ထမင်းမစားရသေးတာတွေတောင်ရှိတယ်"လို့ကျူးနေစက်ရုံအလုပ်သမတဦးကMLNကိုပြောပါတယ်။

အိမ်ဖျက်ခံလိုက်တဲ့ ကျူးကျော်နေ ပြည်သူတွေအတွက် အဆောင်တွေမှာ သွားရောက်ကာငှားရမ်းနေထိုင်ဖို့ထိ တားမြစ်ခံထားရတာကြောင့် သူတို့ အတွက် လတ်တလော နေထိုင်ရေးအတွက် ရွေးချယ်စရာသိပ်များများစားစားမရှိတော့ပါဘူး။

ဒါ့အပြင် ဖျက်သိမ်းခံထားရသူတွေအတွက် နေထိုင်မှုအထောက်အထား တခုခု ထုတ်ပေးတာလည်း မရှိလို့ ဧည့်စာရင်းတိုင်ဖို့ပါ အခက်အခဲ ကြုံနေရပြီး စစ်တပ်ဖက်က စိတ်ထင်တိုင်းဖမ်ဆီးခံရမယ့်အရေးကိုလည်း ပူပန်နေရပြန်ပါသေးတယ်။

စစ်ကောင်စီဖက်ကလှိုင်သာယာမြို့နယ်အတွင်းကကျူးကျော်နေထိုင်သူတွေကို မြို့နယ်သန့်ရှင်းသာယာ လှပရေး အကြောင်းပြချက်နဲ့ အောက်တိုဘာလ ၂၈ ရက်နေ့လောက်ကစပြီး အင်နဲ့အားနဲ့ရှင်းလင်းနေတာဖြစ်ပြီးအဲ့ဒီ့လိုရှင်းလင်းခံရတဲ့နေအိမ်တွေမှာစက်ရုံအလုပ်သမားတွေအများစုနေထိုင်ကြတာပါ။

စာရင်းတွေအရ လှိုင်သာယာ မြို့နယ်မှာ ကျူးကျော်အင်အားသိန်းဂဏန်း ရှိနေပြီး အောက်တိုဘာ ၂၈ က အဖျက်ခံ ရတဲ့ အိမ်ခြေ ၁၀၀၀ ကျော်မှာနေထိုင်တဲ့ မိသားစု ၂၀၀၀ ကျော်အိုးအိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

"ကျမတို့စက်ရုံမှာတင်ထောင်ကျော်တယ် ခုအဖျက်ခံရတဲ့နေရာတွေမှာနေတဲ့သူတွေ ဒီလိုဖြစ်နေရတဲ့ကြားထဲအလုပ်ကပျက်လို့မရတဲ့ကြားထဲ အိုတီပါလာဆင်းခိုင်းနေလို့လုပ်ပေးနေရတယ်တော်တော်လေးလဲဒုက္ခရောက်ပါတယ်"လို့လှိုင်သာယာ စက်မှုဇုန်က ကျူးကျော်အိမ်မှာ နေထိုင်တဲ့စက်ရုံအလုပ်သမတဦးကပြောပါတယ်။

ရရှိထားတဲ့သတင်းအချက်အလက်တွေအရစစ်ကောင်စီရဲ့ကျူးကျော်ရှင်းလင်းမှု့မှာလှိုင်သာယာစက်မှု့ဇုန်တွေမှာလုပ်ကိုင်နေတဲ့လုပ်သားထောင်ဂဏန်းဝန်းကျင်နေစရာအိုးအိမ်မဲ့သွားခဲ့ပါတယ်။

ကျူးတဲတွေကို မဖျက်ခင်မှာလည်း စစ်ကောင်စီလက်ဝေခံအာဏာပိုင်တွေက ကျူးနေထိုင်သူတွေထံက ငွေညှစ်ဖို့ကြိုးစားနေကြတာကိုတွေ့ရှိရပါတယ်။

"ရပ်ကွက်လူကြီးတွေလိုက် ပြောနေတယ် တအိမ်ထောင်ကိုပိုက်ဆံ၂သိန်း၂သောင်းပေးရင်နေရမယ်တဲ့ တပူပေါ်နှစ်ပူဆင့်တာဒီမှာကတနေ့လုပ်မှတနေ့စားရတာဒီနေ့ဆိုလမ်းဘေးကဟာတွေကိုဘတ်ဖိုးနဲ့ကုတ်တာကုန်ပြီ"လို့အိမ်အဖျက်ခံထားရတဲ့စက်ရုံအလုပ်သမားတဦးက ပြောပါတယ်။

ဒီလိုအာဏာသိမ်းစစ်ကောင်စီရဲ့အဓမ္မဖယ်ရှားမှူ့နဲ့ငွေညှစ်ဖို့ကြိုးစားနေမှု့တွေဟာသာမာန်လက်လုပ်လက်စားသမားတွေနဲ့စက်ရုံအလုပ်သမားတွေအပေါ်တပူပေါ်နှစ်ပူဆင့်တာပါ။

"မပြန်ပဲကုတ်ကပ်နေတဲ့သူတွေလဲငွေညှစ်ခံရတယ်ပြန်ဖို့လုပ်ကြတဲ့သူတွေကျတော့လဲပန်းလှိုင်တံတားအဆင်းမှာတင်အိမ်ထောင်စုတခုကိုငါးသောင်းဆိုပြီးစစ်တပ်ကကောင်တွေကတောင်းတယ် ပရဟိတသမားတွေကျတော့လဲဖမ်းဟယ်စီးဟယ်ဆိုတော့မလာရဲကြဘူးလာပြောင်းပေးတဲ့ပရဟိတအဖွဲ့တွေရှိပေမယ့်ပြန်ရင်ပိုက်ဆံပေးရမှာကိုကြောက်နေကြရတယ်"လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ပြည်သူတွေအပေါ်ငွေညှစ်နေတာနဲ့ပတ်သက်ပြီးလှိုင်သာယာမှာနေထိုင်သူတဦးက Myanmar Labour News ကိုအသိပေးပြောကြားလာခဲ့ပါတယ်။

ဒီလိုဒုက္ခတွေအခက်အခဲတွေကြုံနေရပေမယ့် Myanmar Labour News ကဆက်သွယ်မေးမြန်းတဲ့ကျူးနေပြည်သူတွေနဲ့စက်ရုံအလုပ်သမားတိုင်းကတော့အာဏာသိမ်းစစ်ကောင်စီကိုအမြန်ဆုံးအနိုင်ရစေချင်တယ်ဆိုတဲ့စကားကိုတညီတညွတ်ထဲပြောပါတယ်။

စားဝတ်နေရေးနဲ့ကုန်စျေးနှုန်း၊ ကျန်းမာရေးကိစ္စတွေဖိအားများနေတဲ့ကြားထဲကပဲမြန်မာနိုင်ငံကစက်ရုံအလုပ်သမားတွေကအာဆီယံနိုင်ငံမှာအနိမ့်ဆုံးလုပ်ခလစာနဲ့ရပ်တည်နေကြရတာဖြစ်တယ် လို့အလုပ်သမားရေးတက်ကြွလှုပ်ရှားသူတွေကဆိုပါတယ်။

"လုပ်ခလစာကကမ္ဘောဒီယားထက်နိမ့်နေတဲ့အပြင်ဒီလိုအခြေအနေမျိုးမှာအလုပ်ရှင်တွေကလုပ်ချင်တိုင်းလုပ်နေတာဆိုတော့အလုပ်သမားဖက်ကမိအေးတခါတင်မကဘူးသုံးလေးခါနာရတယ်"လို့အလုပ်သမားရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ ဒေါ်မျိုးအေး STUM ကပြောပါတယ်။

အာဏာသိမ်းစစ်တပ်နဲ့အမျိုးသားညီညွတ်ရေးအစိုးရရဲ့အုပ်ချုပ်ရေးယန္တယားလက်လှမ်းမမှီနိုင်တဲ့အခြေအနေမှာလုပ်ငန်းရှင်အချို့ရဲ့အလုပ်သမားအခွင့်အရေးချိုးဖောက်မှု့တွေကအခြေအနေဆိုးဝါးနေတာကို Myanmar Labour News သတင်းဌာနကရရှိထားတဲ့ သတင်းအချက်အလက်တွေအရရော အလုပ်သမားတွေကပေးပို့တဲ့တိုင်ကြားစာတွေအရရောသိရှိနေရပါတယ်။

လှိုင်သာယာမြို့နယ်က ကျူးမှာနေထိုင်ခွင့်ဆုံးရှုံးခဲ့ရတဲ့အလုပ်သမားတွေအပေါ် စက်ရုံဖက်ကတာဝန်မယူတဲ့အပြင်နိင်ငံနဲ့အဝှမ်းမှာအာဏာသိမ်းစစ်ကောင်စီကိုဆက်လက်ပံ့ပိုးပေးနေတဲ့လုပ်ငန်းရှင်အများစုက လုပ်သားတွေအပေါ် လုပ်အားအဓမ္မဆက်လက်ရယူအမြတ်ထုတ်တာတွေလည်း ရှိနေပြီး အမျိုသားညီညွတ်ရေးအစိုးရကအမြန်ဆုံးကိုင်တွယ်ဖြေရှင်းပေးဖို့အလုပ်သမားအများစုကပြောဆိုနေကြပါတယ်။


Photo - ဖျက်သိမ်းခံလိုက်ရသည့် လှိုင်သာယာ စက်မှုဇုန်အနီးက ကျူးကျော်တဲများတွေ့ရစဉ်။


#MyanmarlabourNews


Related posts

Cover
EC စာချုပ်အရ အလုပ်ထုတ်မှု ဥပဒေ လိုက်နာမှုလား ချိုးဖောက်မှုလား။
May 29, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
ကုန်ကြမ်းမဟုတ်သော နှလုံးသားများ  (မေဒေး အထူးဆောင်းပါး)
May 01, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ဗီနိုင်းထက်က ILO နှင့် မြေပြင်က ဖိနှိပ်မှုများ- Bontech စက်ရုံဖြစ်စဉ် ဆန်းစစ်ခြင်း
Mar 23, 2026
Cover
စက်ရုံထဲက "သတို့သမီးလောင်း" ရှာပုံတော်နှင့် အဟောသိကံ စစ်ဆေးမှု
Mar 22, 2026
Cover
လုပ်သားတွေ စားဝတ်နေရေး ပြေလည်မှ နိုင်ငံစီးပွား လည်ပတ်မယ် (အတွေးအမြင်)
Mar 15, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026