NEWS

YUN NANXIN JLAHAO အထည်ချုပ် အချိန်ပိုကြေးများ ဖြတ်တောက်နေ

CoverLogo
631 Views
 
တရုတ်နိုင်ငံ၊ ရန်ကျန်းမြို့ အခြေစိုက် YUN NANXIN JLAHAO Garment စက်ရုံက အချိန်ပိုလုပ်ကိုင်ခိုင်းပြီး အချိန်ပိုကြေးတွေ ဖြတ်ယူနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ တောင်းခံထားတဲ့ အထည်စံချိန် မပြည့်လို့ဆိုပြီး အချိန်ပိုကြေး တဝတ်ကို ဖြတ်တောက်နေတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်ချိန် ည၈ နာရီအထိ အလုပ်ဆင်းရတယ်။ အချိန်ပို အိုတီကြေးကို တောင်းထားတဲ့ စံချိန်ပြည့်မှ ၅ ယွမ် ရပါတယ်။ ၊ စံချိန်မပြည့်ရင် ၂ ယွမ်ခွဲ ပဲ ရတာပါ။” လို့ ပြောပါတယ်။
 
စက်ရုံရဲ့ အလုပ်ဆင်းချိန် တက်ချိန်က မနက် ၈နာရီကနေ ည ၈နာရီအထိ နေ့စဥ်လုပ်ကိုင်ရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။ စူပါ၊ စာရေးမအပါ လုပ်သား ၃၀ကျော်ရှိတဲ့ စက်လိုင်းတစ်လိုင်းကို အထည်စံချိန် တစ်နာရီ လိုင်းပေါက် အထည် ဂျာကင် ၃၅၀ အထိ တောင်းတယ်၊ အဲ့ဒီ အထည်အရေအတွက် မပြည့်တာနဲ့ အချိန်ပို လုပ်ကိုင်ခိုင်းတာ။" လို့
အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်သမားတွေ ခွင့်ရက် နားရက် မရသလို နေထိုင်မကောင်းလို့ စက်ရုံဆေးခန်းမှာ ပြသပါကလည်း ယွမ် ၂၀၀ အထိ ဖြတ်တောက်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အိုတီ နေစဉ်လုပ်ကိုင်ရလို့ အလုပ်သမားတွေ ပင်ပန်းတင့်အပြင် ကျွေးမွေးတဲ့ အစားအသောက်တွေလည်း အဆင်မပြေတာကြောင့် မကြာခဏ ဖျားနေတာတွေ ဖြစ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ ခွင့်လည်းမရဘူး၊ နေမကောင်းလို့ စက်ရုံဝန်းထဲက ဆေးခန်းကို စကားပြန်နဲ့ ဆေးခန်းပြရင်တောင် ယွမ် ၂၀၀ဖြတ်တယ်။ စက်ရုံမှာ ထမင်းကို ဂေါ်ဖီကြော်၊ ကြက်သား၊ ဝက်သား၊ ငါးပိချက် လို ဟင်းတွေကျွေးပါတယ်။ ဒါတွေကျွေးတယ်ဆိုပေမဲ့ အလုပ်သမားတွေ မစားနိုင်ကြဘူး။ တရိစ္ဆာန် အစာလို ဖြစ်နေတယ်။ မစားနိုင်တော့ အပြင်က ကိုယ့်ဘာသာ ဝယ်စားရတယ်။ ဒီလို နေတိုင်းဆို ဘယ်လိုမှ အဆင်မပြေဘူး။ ရေသောက်ရတာလည်း အဆင်မပြေဘူး။” လို့ ပြောပါတယ်။
 
အလုပ်သမားတွေ အလုပ် စဝင်စဉ်က လုပ်သက်တစ်နှစ်ပြည့်လို့ ပြန်လိုပါက မည်သည့် ကုန်ကျစာရိတ် မည်သည့် ငွေကြေးမှ မဖြတ်ဘူးလို့ ပြောထားပေမဲ့ နှစ်ပြည့်လို့ ပြန်မယ်ဆိုပါက ဆေးစစ်ခ၊ မိတ်ဆက်ကြေး၊ စကားပြန်ကြေး၊ ဓာတ်ပုံ ရိုက်ခ၊ အသက်အာမခံကြေး၊ အလုပ်သမားရုံး အတွက်ဆိုပြီး စုစုပေါင်း ယွမ် ၈၆၀ ဖြတ်တောက် ခံရတယ်လို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။
 
YUN NANXIN JLAHAO Garment က တရုတ်နိုင်ငံ ရင်ကျန်းမြို့ စက်မှု့ဥယျာဥ် မှာ ဖွင့်လှစ်ထားပြီး အလုပ်သမားနဲ့ ၈၀၀ကျော်နဲ့ YOB YB YOB တံဆိပ်အထည်တွေ ချုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။

Related posts

Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026