NEWS

Ever Lead (Myanmar) စက်ရုံ တွင် အချိန်ပို ခေါ်ယူပြီး အမှတ်တံဆိပ် ကိုယ်စားလှယ် စစ်ဆေးမှုအား လိမ်လည်

CoverLogo
324 Views
 
Ever Lead (Myanmar) Lingerie Co.Ltd စက်ရုံ မန်နေဂျာက ဝန်ထမ်းများအား လစာစာရွက်တွေကို ဖြဲခိုင်းပြီး အမှတ်တံဆိပ် ကိုယ်စားလှယ် audit စစ်ဆေးမှုကို လိမ်လည် ပြောခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ လစာ ထုတ်ပြီးနောက်နေ့တွေမှာ Audit လာရင် လစာ စာရွက်ဖျက်ဆီးပစ်ဖို့ မန်နေဂျာ က ပြောဆိုတာလို့ သိရ ပါတယ်။
 
" ခေါင်းဆောင်တွေက မန်နေဂျာက ပြောတယ်ဆိုပြီး ပြောခဲ့တယ်၊ လစာစလစ်တွေ Audit ကတွေ တွေ့သွားခဲ့ရင် ပြဿနာ တက်မှာ ဆိုပြီး လစာ စာရွက်တွေ ရှိနေရင် ဖြဲပြီး လွှင့်ပစ်ဖို့ ပြော ခိုင်းတယ်။ audit လာရင် ဖြေဖို့တလိုင်းလုံးကို အလှည့်ကျ ၃ဦးစီ မီတင်ခေါ်ပြီး လစာ ၃သိန်းကျော် လောက်ပဲ ရတယ်၊ အိုတီ နာရီ ၁၀၀ မကျော်ဘူး ဆိုပြီးပြောဖို့ သင်ပေးတယ်။ “ လို့ ပြောပါတယ်။
 
စက်ရုံမှာ အချိန်ပို အိုတီ နာရီ ၁၀၀ ကျော် လုပ်ကိုင်နေရပြီး လစာ ၅သိန်းကျော် ရတာဖြစ်တယ် လို့ အလုပ်သမားတွေက ပြောပါတယ်။ အိုတီ အချိန်ကို လက်မှတ်လိမ်ထိုးခိုင်းပြီး အချိန်ပိုခေါ်နေတယ်လို့ ပြောပါတယ်။
 
“စက်ရုံက တရက်ကို အိုတီ ၂နာရီခွဲ သာ ခေါ်မယ်လို့ လက်မှတ်ထိုးခိုင်းတယ်။ တကယ်တမ်း အိုတီခေါ်တော့ အဲ့ဒါထက် ပိုခေါ်တယ်။ ည ၇နာရီ အထိ ဆင်းရတယ်” လို့ ပြောပါတယ်။
 
ပုံမှန်အလုပ်ချိက မနက်၇နာရီခွဲမှ ညနေ ၆နာရီအထိ ဖြစ်ပြီး ည ၆နာရီ ထက် ကျော် ပြီးဆင်းရတဲ့ အချိန်ပိုတွေကို လက်မှတ် မထိုးခိုင်းဘူးလို့လည်း ပြောပါတယ်။ အချိန်ပိုနဲ့ လစာတိုးပေးဖို့ ညှိနှုင်းပေးဖို့ကို WCC ကို ပြောကြားခဲ့ပေမဲ့ ဆောင်ရွက်ခဲ့တာ မရှိဘူးလို့ သိရပါတယ်။
 
“ WCC တွေက အိုတီကိစ္စ နဲ့ပတ်သတ်ပြီး ဘာမှ မပြောပေးဘူး။ လစာတိုးဖို့ကို ညှိနိုင်းဆောင်ရွက် မပေးဘူး။ ဆန္ဒပြဖို့အတွက် တိုင်ပင်တာကိုကြားပြီး ရုံးခန်းကို သူတို့ကိုယ်တိုင် သွားပြောတယ် ။ ခေါင်းဆောင်တွေကို မီတင်ခေါ်ပြီး လစာတိုးဖို့ ဆန္ဒ ပြချင်တိုင်းပြရအောင် ဖာတန်းမဟုတ်ဘူးဆိုပြီး HR Manager က ပြောတယ် ။ “ လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံအတွင်း သန့်စင်ခန်း အသုံးပြုခွင့်ကို ကန့်သတ်ထားပြီး ထမင်းစားနားချိန်နဲ့ အလုပ်စတင်ချိန်မှာ အချိန်ခိုးယူလို့ အနားချိန်အပြည့်အဝ မရဘဲ အချိန်ပိုကြေးတွေ ဖြတ်တောက်တယ်လို့ ပြောပါတယ်။
 
“ညနေအလုပ်ဆင်းချိန် မတိုင်ခင် နာရီ ဝက် ဆိုရင်လဲ အိမ်သာ သုံးခွင့်မရတော့ဘူး။ ဒါပေမယ့် မီတင်းကို အလုပ်မတက်ခင် ၅ မိနစ် အလို ခေါ်ပြီး အလုပ်သမားတွေရဲ့ အချိန်ကို ခိုးပြီး လုပ်တယ်။ ထမင်းစား ဆင်း/တက်မှာ လက်ဗွေနှိပ်ရတယ်။ စက်နဲ့လူမမျှဝောာ့ မိနစ်ကျော်တာရှိတယ်။ လက်ဗွေ နှိပ်ဖို့ အချိန်က ၁၀မိနစ်ပဲ။ မနှိပ်မိရင်ဖြစ်ဖြစ် ပေးထားတဲ့အချိန်ကျော်သွားရင်ဖြစ်ဖြစ် အိုတီ ၁နာရီ အဖြတ်ခံရတယ် ။ ထမင်းစားချိန် မတိုင်ခင် ၁၁နာရီထဲက ထွက်ပေါက် တံခါးကိုပိတ်ထားပြီး အိမ်သာမသုံးရဘူး။ “ လို့ ပြောပါတယ်။
 
ခေါင်းဆောင်တွေနဲ့ တရုတ်ဆရာတွေက အလုပ်ချိန်မတိုင်ခင် ၅မိနစ် စောပြီး မနက်တိုင်း အစည်းအဝေးလုပ်ပြီး အချိန်နောက်ပါက လိုင်းပိုင် တရုတ်အမျိုးသမီးက ဗွီဒီယို၊ ဓာတ်ပုံရိုက်ပြီး နိုင်ငံခြား ရုံးခန်းကို တိုင်ကြားခံရတယ်လို့လည်း အလုပ်သမားတာတွေက ပြောပါတယ်။
 
Ever Lead (Myanmar) Lingerie Co.Ltd စက်ရုံ က ထမင်းဆုပ်ခုံ၊ ပိုက်ကြီးတွင်းကျေးရွာအုပ်စု၊ လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်းမှာ ရှိပြီး တရုတ်နိုင်ငံသားပိုင် Made project member စက်ရုံ ဖြစ်ပါတယ်။ အမျိုးသမီး အတွင်းခံ Women.secret ၊ Viva အမှတ်တံဆိပ် ကို ချုပ်လုပ်နေတယ်လို့လည်း သိထားရပါတယ်။

Related posts

Cover
Myanmar Guotai Huasheng နှစ်ကြီး အလုပ်သမားများအား မှတ်ပုံတင်လုပ်ခိုင်းပြီး လုပ်သက် ဖြတ်တောက်
Nov 30, 2025
Cover
လာအို Honor Home စက်ရုံ တခြား အလုပ်ရုံတွင် လုပ်ကိုင်ခိုင်း၊ မလုပ်ပါက နေရပ်ပြန်ရန် ပြော
Nov 30, 2025
Cover
သမဂ္ဂဖွဲ့ရန် ကြိုးပမ်းသည့် SHENG TAI စက်ရုံလုပ်သားများ အလုပ်ထုတ်ခံရပြီး ခွဲခြားဆက်ဆံမှုများ ကြုံတွေ့ရ
Nov 22, 2025
Cover
DAMEI စက်ရုံတွင် အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရပြီး အရွယ်မရောက်သူများပါ အလွန်အကျွံ ခိုင်းစေခံရ
Nov 21, 2025
Cover
အပိုထောက်ပံ့ကြေး ၁၀၀၀ကျပ် မပေးသဖြင့်တိုင်ကြားခံရသည့် True Green City စက်ရုံ အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းပြေလည်မှုရရှိ
Nov 21, 2025
Cover
ပြည်ပအလုပ်အကိုင်အတွက် EC စာချုပ် ချုပ်ပြီး တစ်နှစ်နီးပါးအထိ ထွက်ခွာခွင့်မရတဲ့အလုပ်သမားတွေ အခက်ကြုံနေ
Nov 21, 2025
Cover
အလုပ်သမားအဖွဲ့စည်းများ လွတ်လပ်စွာ ဖွဲ့စည်း နိုင်တယ်လို့ စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးပြော
Nov 21, 2025
Cover
Myanmar Bestfortune Garment တစ်ပတ် ၇ ရက်နီးပါး အချိန်ပို ဖိအားပေးစေခိုင်း
Nov 21, 2025