NEWS

Mei Jie Myanmar အလုပ်နေရာ အတင်းအကျပ်ပြောင်း၊ ဆန္ဒမပါဘဲ အချိန်ပို ဆင်းခိုင်း

CoverLogo
274 Views
 
Mei Jie Myanmar Clothing & Accessories Co.,ltd ပိုင် အထည်ချုပ် စက်ရုံမှာ စက်ချုပ်အလုပ်သမားတွေကို finishing ဌာနဆီ အတင်းအကျပ်ပြောင်း လုပ်ကိုင်ခိုင်းတဲ့ အပြင် ဌာနအလုပ်တွေ မလုပ်နိုင်လို့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေ ရှိနေတယ်လို့ သိရပါတယ်။
 
“ finishing ပိုင်းရောက်လို့ မလုပ်နိုင်ရင် အလုပ်က ထုတ်တယ်။ အချိန်ပိုအိုတီခေါ်လို့ မသွားချင်လဲ အထုတ် ခံရမှာ စိုးတာနဲ့ သွားရတယ်။ အလုပ်က မထွက် ထွက်အောင် လုပ်တော့ ပြသနာအဖြစ်မခံချင်လို့ ကိုယ့်ဘာသာ ကိုယ် အလုပ်ထွက်သူတွေလည်း ရှိတယ်။ “ လို့ အမျိုးသမီး အလုပ်သမားတဦးက ပြောပါတယ်။
 
နေ့စဉ် စက်ရုံက ပုံမှန် အချိန်ပို ၃ နာရီ လုပ်ကိုင်ခိုင်းတဲ့ အပြင် ညနက် အောနိုက် အချိန်ပို ၊ နောက်မနက်အထိ အောင်လင်း အချိန်ပိုတွေကို မဖြစ်မနေ လုပ်ကိုခိုင်းတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် အချိန်ဆင်းအပြီး နေအိမ်ပြန်ရာမှာ ကြိုပို့ယာဉ်တွေ အချိန်မမှန်တာကြောင့် အလုပ်သမားတွေမှာ လူမှုဒုက္ခတွေနဲ့ ကြုံတွေ့နေရ တာပါ။
 
ကြိုပို့တွေရှိပေမဲ့ နောက်ကျတယ်။ အလုပ်ပြီးတာက မိုးမလင်းခင်၊ အိမ်ပြန်ရောက်တော့ နေထွက်နေပြီ၊ အိပ် ဖို့လည်း အဆင်မပြေ၊ ကျန်းမာရေး လူမှုရေးပြဿနာတွ နဲ့ ကြုံရတယ်။ စက်ရုံထဲလည်း အထည်စံချိန် မပြည့်တော့ ဆဲဆိုခံရနဲ့ အသံကျယ်ကျယ် ဆိုရင်ကို လူက လန့်နေတယ်” လို့ စက်ချုပ်အမျိုးသမီး အလုပ်သမားတဦးက ပြောပါတယ်။
ဥပဒေအရ ခံစားခွင့်ရှိတဲ့ ရှောင်တခင်ခွင့် ၊ ဆေးခွင့်တွေနဲ့ ခွင့်ခံစားခွင့်တွေကို အလုပ်ရှင်ဘက်က ခွင့်မပြုဘဲ အလုပ်ထုတ်တဲ့ အထိ အရေးယူခံရတယ်လို့ အလုပ်သမားတဦး က ပြောပါတယ်။
 
ခွင့်မဲ့ ဖြစ်ဖြစ် ခွင့်တိုင်းကြားလို့ ပဲ ဖြစ်ဖြစ် ရက်ပျက်တာနဲ့ ဒေးကြေး ၊ ၁၂၀၀၀၊ ရက်မှန်ကြေး တစ်ရက်အတွက် ၂၀၀၀၀ အဖြတ်ခံရတယ်။ ဆေးခွင့်ရလို့ အလုပ်ပျက်တာများတယ်ဆိုပြီး အလုပ်ကထုတ်တယ်။ နေမကောင်းရင် ခွင့်မယူရဲဘူး။ ဒါတွေကို Wcc တွေက ဖြေရှင်းပေးဖို့နေနေသာသာ သူတို့တောင်အလုပ် မထုတ်ခံရအောင် ကြည့်ပြီးနေ နေရတဲ့ .” လို့ ပြောထားပါတယ်။
 
Mei Jie Myanmar Clothing & Accessories Co.,ltd စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း စက်မှူဇုန်၊ ဦးဖိုးလှိုင်လမ်းမှာ ဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ အလုပ်သမား၂၀၀၀ ဝန်းကျင်လုပ်ကိုင်နေပြီး Aunely, Coen, တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။
 

Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026