NEWS

Eternal Fashion အထည်ချုပ် စက်ရုံ အလုပ်နေရာ ပြောင်းရွှေ့ပြီး လုပ်ခ လုပ်စာ ခွဲခြားပေး ၊ ဖိနှိပ်

CoverLogo
348 Views
Eternal Fashion အထည်ချုပ် စက်ရုံရဲ့ ဖိနှိပ်မှုတွေကို အရင်ဆုံး ပြောပြပါ့မယ်။
 
ဒေးကြေးကို တစ်မိုးအောက်ထဲ အတူတူလုပ်သူ အချင်းချင်း ခွဲခြားပြီးပေးပါတယ်။ စက်လိုင်းက အထည်စစ် Qc တွေကို ဒေးကြေး ၁၂၀၀၀ ရှင်းပေးပါတယ်။ တခြားဌာနက အလုပ်သမားတွေကို ဒေးကြေး ၉၅၀၀ ပဲ ပေးပါတယ်။
နောက်တခုက အလုပ်ခန့်တော့ သတ်မှတ်ရာထူးနဲ့ အလုပ်ခန့်ပြီး နောက်တော့ လုပ်ငန်းလိုအပ်ချက်အရလို့ ပြောပြီး အလုပ်နေရာ ပြောင်းပါတယ်၊ ရာထူးချပါတယ်။
 
နေရာအမြဲတမ်း ပြောင်းနေတော့ အဆင်မပြေ လို့ပြောတော့လဲ HRမန်နေဂျာ အမျိုးသားက လုပ်ငန်းလိုအပ်ချက်ကြောင့် ခိုင်းတာ၊ လုပ် နိုင်ရင် မလုပ်နိုင်ရင် အလုပ်ထွက်။ ဒါဘဲရှိတယ်လို့ ပြောပါတယ်။ ညှိနိုင်းပေးတာ မရှိပါဘူး။
အလုပ်သမားများကို ကြိုပို့နေသော ဖယ်ရီလမ်းကြောင်းများကို ကြိုပို့မလုပ်နိုင်လို့ အလုပ်သမားတွေကို ကိုယ်အစီစဥ်နဲ့ ကိုယ် အလုပ်လာရမယ်လို့ HRမန်နေဂျာကကြေညာပါတယ်။ အလုပ်သမားတွေမှာ လိုင်းကားစီး အလုပ် လာနေရပါတယ်။
 
ဥပဒေမှာပါတဲ့ ရှောင်တခင်ခွင့်လည်း မရပါဘူး။ လူမှုရေးအရ ခွင့်တိုင်ပြီး သွားတဲ့ နာရေးလည်း ခွင့်မပြုခဲ့ပါဘူး။
လုပ်ငန်ခွင်မှာ အထည်စံချိန်တွေကို မတရား တောင်းတယ်။ မရရင် စက်လိုင်းမန်နေဂျာက လိုင်းထိပ်ကနေပြီး အော်ဟစ်ကြိမ်းမောင်းပြောဆိုတယ်။
 
နောက်တခုက စက်ရုံမှာ သူဌေး ခဏခဏ အပြောင်းတယ်။ မြိုနယ် အလုပ်သမားရုံးတွေကို အကြောင်းကြားလား ဆိုတာတော့ မသိဘူး ။ သူဌေး ပြောင်းပြီဆိုတာနဲ့ အလုပ်သမားများကို အသိပေးတာ မရှိဘူး၊၊
 
စက်လိုင်းမန်နေဂျာ၊ အောစူပါတွေကတော့ နစ်နာကြေးဆိုပြီး ရကြပါတယ်။ အခု သူဌေးအချိန်းပြောင်းထပ်လုပ်ပြန်ပါ စက်လိုင်းမန်နေဂျာ၊ အောစူပါများကိုသာ ခေါ် ပြီး အစည်းဝေးတွေ လုပ်နေတာ တစ်ပတ်ရှိပြီ။ HRမန်နေဂျာ၊ စက်လိုင်းမန်နေဂျာကို အပြင်မှာ လိုက်ကျွေးပြီး အစည်းဝေးလုပ် ကြတာ။
 
အခု ၁လပိုင်းရောက်တော့ အရင် သူဌေးကမရှိတော့ဘဲ သူဌေးအသစ် ရောက်နေပါပြီ။ အခုလို့သူဌေးအပြောင်း အလဲလုပ်တာကို ခေါင်းဆောင်တွေကြီး တိုးတိုးတိတ်တိတ် အသိပေးပြီး နစ်နာကြေးပေးထားပါတယ်။
ခေါင်းဆောင်တွေက လစာများတော့ အလုပ်သမားတွေ ဒေးကြေးနည်းတာစိ တ်မဝင်စားပါဘူး။ လစာရရေး လုပ်ကြတာပါ။
 
အရင် သူဌေး ပြောင်းလဲတော့ နစ်နာကြေး ကြိတ်ယူ။ အလုပ်သမားတွေကို ဟိုလိုလိုဒီလိုလိုနဲ့ အစည်းအဝေးတွေ သူဌေးအသစ်ရှေ့မှာ လုပ်ပြပါတယ်။
 
အလုပ်သမားတွေက သူဌေးပြောင်းတယ် ကြားလို့သွားမေးတော့ HRမန်နေဂျာက အတွေ့မခံဘဲ ရှောင်နေပါတယ်။ လုပ်ငန်းခွင်မှာ အလုပ်သမားတွေ တခုခု ဖြစ်ရင်တာ့ ဝမ်တိန်ထိုးခိုင်းပြီး အလုပ်ထွက် ၊ ငါမန်နေဂျာ ငါ ပြောသလိုလုပ်ဆိုပြီး အကျိုးအကြောင်း ဘာမှ ပြောခွင့်မပြုပါဘူး။
 
ကုန်စျေးနှုန်းတွေကြီးတော့ အလုပ်သမားများအားလုံးကို တန်းတူ ဒေးကြေး ၁၂၀၀၀ ပေးစေချင်တာပါပဲ။

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026