NEWS

SHUN YU (MYANMAR) Garment တွင် အချိန်ပို မဆင်းသူများအား အထည်ကြေး၊ ဆုကြေး၊ ဂရိတ်ကြေးဖြတ်မည်ဟု ခြိမ်းခြောက်

CoverLogo
376 Views
SHUN YU(MYANMAR)Garment Co.,ltd အထည်ချုပ်စက်ရုံမှာ အလုပ် နေကြတဲ့ အလုပ်သမားတွေပါ။ စလုပ်ငန်းခွင်မှာ ခြိမ်းခြောက်ခံနေရလို့ပါ ။ တခြားလိုအပ်ချက်တွေလည်း ရှိနေလို့ တင်ပြတာပါ။
 
စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ကနောင်မင်းသားကြီးလမ်းမှာပါ။ တရုတ်နိုင်ငံသားပိုင်ပါတယ်။ Sinsay, Max, Amisu တံဆိပ်တွေချုပ်နေပါတယ်။ လုပ်သားကတော့ ၂၀၀ ဝန်းကျင် ရှိပါတယ်။
 
စက်ရုံ အလုပ်စချိန်က မနက် ၇နာခွဲမှာပါ။ ထမင်းစားတာက နေ့လည် ၁၂နာရီ၊ နာရီဝတ်နားပြီး အလုပ်ပြန်တက်ပါတယ်။ ညနေ ၄ နာရီမှာ နာရီဝတ်နားပြီး ၄ နာရီခွဲကနေ ညဘက် ၉ခွဲအထိ အချိန်ပို ဆင်းရပါတယ်။
 
ကိုယ်ရေးကိုယ်တာ အရေးကြီးလို့ အချိန်ပိုအိုတီ မဆင်းနိုင်ဘူးပြောတော့ အထည်ကြေး၊ ဆုကြေး၊ ဂရိတ်ကြေး ဖြတ်မယ်ဆိုပြီး ခေါင်းဆောင်းတွေက ခြိမ်းခြောက်ပြီး ဖိအားပေး ခိုင်းစေပါတယ်။
 
အချိန်ပို ဆင်းချိန်မှာ စံချိန်ပြည့်ချုပ်ဖို့ ဖိအားပေးပါတယ်။ စက်ရုံ အလုပ်မရှိတာနဲ့ တခြားစက်ရုံက အလုပ်တွေ ပုတ်ပြတ်ယူပြီး အလုပ်သမားတွေကို အချိန်ပို ဆင်းခိုင်းပါတယ်။
 
စက်ရုံမှာ အထည်စံချိန်မရတာနဲ့ အောစူပါက ဆဲပါတယ်။ အဲလို ဆဲဆို ခိုင်းတာကို မခံနိုင်လို့ အလုပ်က ထွက်သွားတာတွေ ရှိသလိုပဲ နစ်နာကြေးမပေးဘဲ အလုပ်ထုတ်တာတွေလည်း ရှိပါတယ်။
 
ဆေးခွင့်၊ မီးဖွားခွင့်၊ ဖခင်ဖြစ်ခွင့်၊ ရှောင်တခင်ခွင့်၊ လုပ်သက်ခွင့်၊ နာရေး၊ သာရေး ခွင့်တွေကို ဒီ ၂၀၂၆ နှစ်စကတည်းက မရပါဘူး။ HRမန်နေဂျာ မရှိလို့ ဆိုပြီး အဲ့ဒီ ခွင့်တွေကို တာဝန်ယူ ဖြေရှင်းပေးတာလည်း မရှိပါဘူး။ အလုပ်သမားတွေ အတွက် လူမှုရေး ထိခိုက်ရပါတယ်။ ဥပဒေအရလည်း နစ်နာရပါတယ်။
 
စက်ရုံမှာ သုံးဖို့ ရေသန့်စက် တပ်ထားပါတယ်။ ဒါပေမဲ့ သောက်ရေက မလုံလောက်ပါဘး။ ရေပြတ်တာနဲ့ ရေကို မသန့်စင်တော့ဘူး ထည့်ထားတဲ့ ရေသောက်ပဲ၊ အဲ့ဒါပဲ သောက်ရတယ်။ အရင်က အလုပ်သမားတွေ တောင်းဖူးတဲ့ ဆေးပေးခန်း နားနေခန်း သီသန့်ထားပေးဖို့ ဆိုတာ အခုအထိ မရှိဘူး၊ အလုပ်သမားတွေ မူးဝေ၊ ဖျားနာ၊ ထိခိုက်မှု ဖြစ်မယ်ဆို အမြဲ အခက်တွေ့ရတယ်။
 
စက်ရုံမှာ အစိုးရက ထောက်ပံကြေးတိုးပေးဖို့ ကြေညာထားလဲလည်း တိုးပေးတာ မရှိဘူး။ တိုးပေးတဲ့ ကျပ်တစ်ထောင်ကို ခေါင်းစဉ်ပြောင်းပေးလိုက်တယ်။ နဂိုက ဒေးကြေး ကျပ် ၁၀၅၀၀ ၊ ထောက်ပံကြေး တိုးခိုင်းတော့လည်း ၁၀၅၀၀ ပဲ ရပါတယ်။ အခု ကုန်ဈေးနှုန်းနဲ့ဆို ဘယ်လိုမှ မလောက်ပါဘူး။
 
လုပ်သက်တစ်နှစ်ပြည့်လို့ နှစ်ကြးကို ၁၀ ရက်အတွက် သတ်မှတ် ဒေးကြေးအတိုင်း ကို စက်ရုံက မပေးပါဘူး။ စက်ရုံ ရဲ့ ပုံမှန် ဒေးကြေးက ၁၀၅၀၀ ပါ။ မူလဒေးကြေးအတိုင်း ပေးမယ်လို့ ပြောထားတာကို ပြန်ဖြတ်ခဲ့ပါတယ် ။ ဒီလိုဖြတ်မယ်လို ကြိုပြောတာမရှိပါဘူး။ နှစ်ကြေး ၁၀ ရက်အတွက်ကို ၇၈၀၀၀ ပဲ ပေးခဲ့ပါတယ်။
 
ဒါတွေကို အဆင်ပြေပြေ ဖြစ်ချင်ပါတယ်။ အကူအညီပေးပါဦး နော်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026