NEWS

Ever Lead Myanmar စက်ရုံ တွင် တန်ဆောင်တိုင်ပိတ်ရက်  အချိန်ပို လုပ်ခိုင်း

CoverLogo
258 Views

Ever Lead Myanmar စက်ရုံမှာ တန်ဆောင်တိုင် ပိတ်ရက်ကို မပိတ်ဘဲ အိုတီ လုပ်ကိုင်ခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 


စက်ရုံအတွင်း အချိန်ပိုတွေ ဆက်တိုက် ခိုင်းစေပြီး တစ်ရက် အိုတီ ၂နာရီ၊  စနေနေ့မှ အိုတီ ၅နာရီသာ လုပ်ကိုင်ပေးရတယ်ဆိုပြီး လက်မှတ် ထိုးခိုင်းခဲ့တယ်လို့လည်း ပြောပါတယ်။  


"တန်ဆောင်တိုင်လို ဘာသာရေး နေ့ထူးနေ့မြတ်ကို အလုပ်ဆင်းခိုင်းတာက အလုပ်သမားတွေရဲ့ သဘောတူညီမှု မပါဘဲ အတင်းကြပ် ဆင်းခိုင်းတယ်။ ဘာသာရေးနေ့တောင် မရှောင် အိုတီခေါ်နေတာက အရမ်းကို လွန်လွန်းတယ်။  နေ့တိုင်းလည်း အိုတီ ဆင်းခိုင်းတယ်။ လက်မှတ်ထိုး ခိုင်းတော့ တနေ့ ၂နာရီ အတွက် ပဲ တကယ် ဆင်းရတော့၂နာရီ ထက်ပိုဆင်းရတယ်။  မဆင်းချင် လို ငြင်းရင်လဲ မရဘူး၊ အခုလဲ ဘာသာရေးပိတ်ရက်တောင် အထည်အရေးကြီးနေလို ဆိုပြီး အိုတီ ခေါ်တယ် " ဆိုပြီး ပြောပါတယ်။ 


ပြီးခဲ့တဲ့ကာလကလည်း အိုတီခေါ်ခိုင်းတာကြောင့်  တိုင်ကြားခံခဲ့ရပေမဲ့ အိုတီခေါ်ယူမှုတွေ ခဏရပ်ဆိုင်း ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့  အထည် အရေးကြီးလို့ ဆိုပြီး အချိန်ပို ဆက်တိုက် လုပ်ကိုင်ခိုင်းနေတာလို့ အလုပ်သမားတွေက ပြောပါတယ်။ 


အချိန်ပို ခေါ်ယူမှုတွေကို စက်ရုံ WCC အဖွဲတွေကလည်း ညှိနှိုင်း   ဆောင်ရွက် ပေးတာမရှိဘဲ စက်ရုံရဲ့ သဘောဆန္ဒ အတိုင်း လုပ်ဆောင်ပေးနေတယ်လို့  အလုပ်သမားတွေက ပြောပါတယ်။ 


“ဘာသာရေးနေ့တွေကိုတော့ ပိတ်ပေးသင့်တယ်။  အခုက နိုင်ငံခြားသား အလုပ်ရှင်တွေရဲ့ ဆန္ဒ အတိုင်း ဆောင်ရွက် ပေးနေသလို ဖြစ်နေတာ။ ဘာသာရေး နေ့ထူးတွေနဲ့  ဓလေ့ထုံးတမ်းတွေကို လေးစား လိုက်နာ ဖို့လိုပါတယ်”လို့လည်းပြောပါတယ်။ 


Ever Lead (Myanmar) Lingerie Co.Ltd စက်ရုံက ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ပိုက်ကြီးတွင်းကျေးရွာအုပ်စု၊ ထမင်းစုပ်ခုံရွာ မှာ ရှိပြီး  တရုတ်နိုင်ငံသားပိုင် စက်ရုံ ဖြစ်ပါတယ်။ Women secret အမှတ်တံဆိပ် ကို ချုပ်လုပ်နေပြီး Made project အဖွဲ့ဝင် စက်ရုံတစ်ရုံလည်း ဖြစ်ပါတယ်။ 


Related posts

Cover
Brothers Myanmar Clothing Co.Ltd စက်ရုံ နားချိန်မပေးဘဲ ခိုင်းစေသည့်အပြင် ရိုင်းစိုင်းစွာ ဆဲဆို
Jan 19, 2026
Cover
Sheng Tai (ST) ဒေးကြေးလျှော့ပေးပြီး WCC ကို ဥပဒေမဲ့ ဖွဲ့စည်း
Jan 17, 2026
Cover
Shwe Zarmani အထည်ချုပ် အချိန်ပိုအတွက် သဘောဆန္ဒမမေးဘဲ လုပ်ကိုင်ခိုင်း
Jan 17, 2026
Cover
Wonderful Apparel စက်ရုံ အလုပ်သမားအခွင့်အရေး ချိုးဖောက်နေ
Jan 16, 2026
Cover
ကိုယ်ဝန်ဆောင် အလုပ်သမားအား Guotai Huasheng Glory Fashion လိုင်းစူပါက ကိုယ်ဝန်ဖျက်ချ ခိုင်း
Jan 16, 2026
Cover
Denko Petrochemical Management ကုမ္ပဏီ ခွင့်မပေးဘဲ ဥပဒေ ချိုးဖောက်
Jan 15, 2026
Cover
Chi Mei အထည်ချုပ် QR မန်နေဂျာ မှာ အတင်းအကျပ် အချိန်ပိုဆင်းခိုင်း
Jan 15, 2026
Cover
"မတရားသဖြင့် အလုပ်ထုတ်ခံရမှုအပေါ် မူလရာထူးဖြင့် အလုပ်ပြန်လည်ရရှိရေး ရင်ဖွင့်တိုင်ကြားစာ"
Jan 14, 2026