NEWS

အိုမန်မှပေးစာ - ၃

CoverLogo
498 Views
 
ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်း မြို့နယ်၊ ဝက်ကိုက်ကျေးရွာတွင် နေထိုင်သူ မှတ်ပုံတင်အမှတ် ၁၂/ကမန (နိုင်)၁၁၄၈၈၁ကိုင်ဆောင်သော မရွှေရီဝင်းသည် ဝက်ကိုက်ကျေးရွာတွင်ရှိသော ဒေါ်သန္တာအေး ဂျင့်စီဖြင့်ချိတ်ဆက်ပြီး အိုမန်နိုင်ငံသို့ အလုပ်လာလုပ်ရန် ဆောင်ရွက်ခဲ့ပြီး အိုမန်နိုင်ငံတွင် ၃ လခွဲတဖြတ်ဖြင့်အ လုပ်လာရောက်လုပ်ကိုင်ခြင်းဖြစ်ပါသည်။
၁၈ ရက်၊ ၃ လ၊၂၀၂၅ရက်နေ့မှာ ရန်ကုန်ကနေ ထွက်ခဲ့ပြီး အိုမန်နိုင်ငံကို ၂၁ရက်နေ့ ည၁နာရီမှာစရောက် ပါသည်။
အိုမန်ရောက်ပြီး ၂၃၊ ၃လပိုင်း၊ ၂၀၂၅ရက်နေ့တွင် အိမ်ရှင်အိမ်မှာ အလုပ်စဝင်ပါသည်။
၎င်းနိုင်ငံတွင် နေထိုင်ရန်အတွက်နှင့် အလုပ်လုပ်ရန် သွေးစစ်တော့ ကျွန်မဆေးကျပါသည်၊ အိမ်ရှင်က ကျွန်မဆေးကျလို့ဆို ပြီး ၂၇ရက်၊ ၄လ၊ ၂၀၂၅မှာ အိုမန်နိုင်ငံအေးဂျင်းရုံးကို ပြန်ပို့ပေးပါသည်။
အိုမန်အေးဂျင်းဆီ ပြန်ရောက်တော့ ဆေးစစ်ပေးမယ်ဆိုပြီး ဆေးမစစ်ပေးခြင်းကြောင့် ၂၁ ရက်အကြာမှာ ကျွန်မကမြန်မာနိုင်ငံအေးဂျင်းကို ပြောတော့ သူပြောပေးမယ်ပြောပါသည်၊
ညနေကျတော့ အိုမန်နိုင်ငံက စကားပြန်အမက ကျွန်မတို့ဆေးမစစ်ပေးဘဲ ဆေးကအဆင်ပြေတယ် ထို့အတွက်ကြောင့် ပြန်ပြီးတော့အလုပ်လုပ်ကိုင်ရန် အင်တာဗျူးဝင်လို့ရတယ်လို့ ပြောခြင်း၊ ကျွန်မကိုအေးဂျင်းက ဆေးလဲသေချာ မစစ်ပေးဘဲ အခုလဲအင်တာဗျူးဝင်ရန်ပြောသော်လည်း လက်ရှိတွင်ကျွန်မမှာ နေထိုင်မကောင်းခြင်းကြောင့် အိုမန်အေးဂျင်းရုံးတွင် အလုပ်လဲမလုပ်နိုင်ဘဲ ဒီအတိုင်း နေနေရခြင်းဖြစ်ပါသည်၊
အိုမန်အေးဂျင်းရုံးတွင် နေနေရပြီသူတို့ ကျွေးတာစားနေရခြင်း၊ ၎င်းကျွေးသောအစားအသောက် များမှာမစားနိုင်ခြင်း၊ ကျွန်မလည်း နှလုံးလေးဘက်နာ၊ အသဲရောင်အသားဝါဖြစ်ပြီး ဆီးသွားရင်သွေးပါနေ ခြင်းကြောင့်ကျန်းမာရေးမကောင်း သောကြောင့်သူတို့ကျွေးတာမစားနိုင်ခြင်း၊ အိုမန်အေးဂျင်းကလည်းဆေး စစ်တာကိုသေချာမလုပ်ပေးခြင်း ကြောင့်လက်ရှိတွင် ကျွန်မမှာအိုမန်ရောက်ပြီး အလုပ်မလုပ်ရဘဲ ဒီအတိုင်း နေနေရသလိုဖြစ်နေခြင်း ဖြစ်နေပါသည်။
ကျွန်မလည်းမြန်မာအေးဂျင်းကို လှမ်းပြောတော့လဲ ဘာမှထူခြားမှုမရှိခြင်းကြောင့် ကျွန်မလည်းကျန်းမာရေး မကောင်းသည့်အတွက် မြန်မာပြည်ပြန်ရန်အိုမန် အေးဂျင်းပြောသည့်အခါ မြန်မာ ပြည်ပြန်လျင် မြန်မာငွေသိန်းတစ်ရာပေးပြီးမှ ပြန်ရမည်ပြောသောကြောင့် ကျွန်မမှာသူတို့ကိုပြန်ပေးစရာ လည်းပိုက်ဆံမရှိခြင်း၊ အလုပ်ကလဲလုံးဝမလုပ်ရခြင်းကြောင့် သူတို့တောင်းတဲ့ သိန်းတစ်ရာမပေးနိုင်ခြင်း စသည့်အခက်အခဲများကြုံတွေ့နေရပါသဖြင့် အကူအညီပေးပါရန် တင်ပြအပ်ပါသည်။
အကူအညီတောင်းခံသူ
မရွှေရီဝင်း

Related posts

Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026