NEWS

အိုမန်တွင် မြန်မာအမျိုးသမီး ၆၀ ဝန်းကျင် အလုပ်မရဘဲ အခန်းကျဉ်းထဲ ဒုက္ခရောက်နေ

CoverLogo
1.2K Views
 
ဒူဘိုင်းမှာ အလုပ်လုပ်ကိုင်ဖို့ သွားရောက်တဲ့ မြန်မာအမျိုးသမီးအလုပ်သမား ၆၀ ဝန်းကျင်ဟာ အိုမန်နိုင်ငံကို ရောက်ရှိသွားပြီး အလုပ်မရဘဲ အခန်းကျဉ်းထဲမှာပဲ စုပြုံနေထိုင်ရကာ ဒုက္ခရောက်နေရတယ်လို့ အဲဒီအမျိုးသမီး တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
 
“ အိုမန်မှာပါ။ ၆၀လောက်ရှိပါတယ်။ တချို့က အလုပ်လုပ်နေကြတာ ၈ လ လောက်ရှိနေပြီ။ အိမ်ရှင်က လစာ မပေးဘူး။ ၈လအထိ မပေးတာ။ သူတို့က မြန်မာပြည်အနှံ့က မြန်မာအေးဂျင့် ၁၀ယောက်လောက်ကနေ ပို့ထား တာ။ ဟိုဘက် အေးဂျင့်က ဒိုင်ခံလက်ခံ ပေးထားတာ။ အဲဒီအေးဂျင့်က ရဲအရာရှိ မိသားစု ဖွင့်ထားတာမို့။ အဲဒီ မိသားစုမှာ ညီအစ်ကို ၆ ယောက်လုံးက ရဲတွေ။ အဲ့ထဲက ရဲအရာရှိ နာဆာကပြောတာ အိမ်အကူ ၄၀၀၀ လောက် ရှိတယ်တဲ့။ သူ့ညီက လေဆိပ်မှာလုပ်တော့ ထွက်ပြေးလို့ လေဆိပ်ရောက်လည်း သူ့ညီက နာဆာဆီ ပြန်ပို့ ပေးတယ်”လို့ အဲ့ဒီအလုပ်သမားတွေနဲ့ ဆက်သွယ်ရရှိထားသူကဆိုပါတယ်။
 
မြန်မာအမျိုးသမီးတွေဟာ ဒူဘိုင်းမှာ အိမ်အကူလုပ်ကိုင်ဖို့ ထွက်ခွာလာခဲ့တာဖြစ်ပြီး ဒူဘိုင်းကနေ အိုမန်နိုင်ငံကို ရောက်ရှိလာတာလို့ သိရပါတယ်။ အိုမန် အေးဂျင့်အိမ်မှာတော့ အလုပ်မရဘဲ အခန်းကျဉ်းထဲမှာ စုံပြုံနေထိုင်ရပြီး လင်ဗန်းထဲမှာ ထမင်းအနည်းငယ်ထည့် ဝိုင်းဖွဲ့မျှတ စားသောက်နေရတယ်လို့ ပြောပါတယ်။
 
ဒူဘိုင်းမှာ ရရှိတဲ့ ပုံမှန် လစာထက် အေးဂျင့်ဆိုသူက အမြဲ ပိုတောင်းတာကြောင့် အေးဂျင့်နဲ့ အလုပ်ရှင်ကြား ညှိမရတာကြောင့် မြန်မာအမျိုးသမီးအိမ်အကူ အလုပ်သမားတွေဟာ အလုပ်အကိုင်မရဘဲ ဖြစ်နေတယ်လို့ ပြောဆိုပါတယ်။
အိုမန်မှာ မြန်မာ အမျိုးသမီးတွေအားလုံး အလုပ်မရဘဲ စုပြုံနေပြီး အလုပ်ရရှိသူတွေမှာလည်း လုပ်ခလစာ မရတာကြောင့် စားသောက်ရေးမှာလည်း အခက်အခဲများစွာ ဖြစ်ပေါ်နေရတယ်လို့ သိရပါတယ်။
 
ဒီလို ဒုက္ခတွေကြာင့် နီးစပ်ရာ ဖုန်းဆက် အကူညီတောင်းခံပါကလည်း မြန်မာ အိမ်အကူလုပ်သားတွေ အားလုံး ပါး ရိုက်ခံခဲ့ရတယ်လို့ ပြောပါတယ်။
 
ရိုက်နှက်မှုတွေကြောင့် မြန်မာ အိမ်အကူ အလုပ်သမားတွေက လေဆိပ်ကနေ တဆင့် ထွက်ပြေးဖို့ ကြိုးစားပေမဲ့ အေးဂျင့်ဆီသာ ပြန်လည်ပို့ဆောင် ခံရတယ်လို့ ပြောဆိုပါတယ်။
 
“ တလောက ၇ယောက်ကို မီးဖိုခန်းထဲမှာ ပိတ်ထားတယ်တဲ့။ သော့ရိုက်ဖွင့်ပြီး ထွက်ပြေးကြတာ။ မလွတ်ဘူးလေ။ လေဆိပ်ရောက်တာနဲ့ အဲ့ဒီ ရဲအေးဂျင့်ဆီပြန်ရောက်တယ်။ ဖုန်းတွေ သိမ်းထားတယ်။ ဖုန်းတွေ့တာနဲ့ တခန်းလုံး အကုန် ပါးရိုက်တယ်တဲ့။ ထမင်းမစားနိုင်အောင်ထိရိုက်တယ်။ အဲ့ဒီအဖွဲ့တွေ့ထဲက ၃ယောက်တော့ မြန်မာအထိ ပြန်ရောက်လာတယ်”လို့ ပြောဆိုပါတယ်။
မြန်မာ အိမ်အကူအလုပ်သမားတွေဟာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူး၊ ဧရာ၀တီ၊ကရင်၊ရခိုင်နဲ့ ရန်ကုန် စတဲ့ဒေသတွေကနေ ရောက်နေကြသူများဖြစ်ပြီး အများစုကတော့ ချင်းနဲ့ ကချင် ပြည်နယ်က အများဆုံးပါ၀င်နေတယ်လို့ သိရပါတယ်။

Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026