NEWS

Myantex စက်ရုံ အလုပ်သမားခေါင်းဆောင် တချို့ အနိုင်ကျင့် လုပ်ခလစာဖြတ်တောက်နေ

CoverLogo
443 Views
 
ရွှေပြည်သာစက်မှုဇုန် Myantex အထည်ချုပ်စက်ရုံ QC (Quality Control) ဌာနက ခေါင်းဆောင်တွေက လစာငွေကို အကြောင်းအမျိုးမျိုးပြပြီး အလုပ်သမားတွေ ဆန္ဒ မပါဘဲ ဖြတ်တောက် ရယူနေတယ်လို့ ပြောပါတယ်။
 
"ဒီ စနေနေ့ လစာထုတ်တော့ တစ်သောင်းခွဲ တခါတည်း ဖြတ်တယ်။ သီတင်းကျွတ် ကန်တော့ကြေး အတွက် တစ်သောင်း ၊ All Super မွေးနေ့ Surprise လုပ်ဖို့ ဆိုပြီး ငါးထောင် အဲ့လို ဖြတ်သွားတယ်။ “ လို့ ပြောပါတယ်။
QC ဌာန QC Super နဲ့ Leader ခေါင်းဆောင်တွေက လစာငွေထဲကနေ အလုပ်သမားတွေရဲ့ ခွင့်ပြုချက်မပါဘဲ တိုက်ရိုက်နုတ်ယူ ခဲ့တာလို့လည် အလုပ်သမားတွေက ပြောပါတယ်။
 
“စုစုပေါင်း ကျပ် ၁၅,၀၀၀ ဖြတ်တော့ သီတင်းကျွတ် ကန်တော့တာကို လက်ခံပါတယ်။ မွေးနေ့ Surprise အတွက် ဖြတ်တောက်ယူတာ လက်မခံ နိုင်ဘူး” လို့ ပြောပါတယ်။
 
ဌာနအတွင်း OT (အချိန်ပို) မဆင်းသည့်အတွက် ငွေ ကျပ် ၁၀,၀၀၀ ကောက်ခံခဲ့ရာ စက်ရုံ အုပ်ချုပ်ရေးပိုင်း သိရှိပြိး ငွေပြန်ပေးခိုင်းခဲ့ပေမဲ့ ဒီကနေ့အထိ ပြန်မရခဲ့ဘူးလို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
All Super က ပစ္စည်းဝယ်ခိုင်း လက်ဆောင်ပေးခိုင်းတာတွေ အပြင် အလုပ်သမားတွေဆီက ငွေချေးပြီး ပြန်မပေးတာတွေပါ ပြုလုပ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အောစူပါက အထည် ဝမ်းဆက်တွေ ဝယ်ပေးခိုင်းတယ်။ ၅,၀၀၀/၁၀,၀၀၀ မကြာခဏ ချေးတယ်၊ ပြီးရင် ပြန်မပေးဘူး။ သူကိုယ်တိုင်လည်း ချေးစားနေတာကို သက်သက် အနိုင်ကျင့်နေတာ။” လို့ ပြောပါတယ်။
 
အောစူပါ ကိုယ်တိုင်လည်း ငွေကို အတိုးချေးစားသူ ဖြစ်ပြီး ချေးငှားထားသူတွေရဲ့လစာကို စာအိတ်ထဲမှ တိုက်ရိုက်ထုတ်ယူမျိုးလည်း ပြုလုပ်နေတာကို မကျေနပ်ပေမဲ့ အလုပ်မပြုတ်ရေးအတွက် သည်းခံပေးနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ဒီကိစ္စတွေ မကြာခဏ ဖြစ်ပွားတာကို အလုပ်ရှင်ဘက်မှ သိရှိပြီးနောက် အစည်းအဝေး (Meeting) ခေါ်ယူကာ "ကိုယ့်ခေါင်းဆောင်တွေကို တိုင်ရမလား" ဆိုပြီး ခေါ်ယူပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
 
Myantex Industrial Co Ltd အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုန် ၃၊ ပုလဲလမ်းမကြီးပေါ်မှာ ရှိတယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026