NEWS

Handsome အထည်ချုပ်စက်ရုံတွင် အလုပ်သမားများ ထံမှ တရားမဝင် ငွေကောက်ခံမှုများ ပြုလုပ်နေ

CoverLogo
376 Views
 
ရန်ကုန်၊ အရှေ့ဒဂုံမြို့နယ်၊ အင်းဝလမ်းမပေါ်က Myanmar Handsome အထည်ချုပ်စက်ရုံမှာ အလုပ်စတင်ဝင်ရောက်တဲ့ အလုပ်သမား အသစ်တွေဆီက နည်းမျိုးစုံနဲ့ တရားမဝင် ငွေကြေး ကောက်ခံနေတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။
 
“လက်ရှိမှာပဲ အလုပ်သမားအသစ်တွေဆီက တစ်ယောက် ၂၀၀၀၀ ဆိုပြီး ကောက်တယ်။ ပွဲလုပ်ဖို့ဆိုပြီး ကောက်တယ်။ “ လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
စက်ရုံဘက်က ငွေကြေးကောက်ခံမှုတွေကြောင့် သတင်းတွေမှာ မကြာခဏ ဖော်ပြခံနေရပေမဲ့ တာဝန်ရှိသူ တချို့က အမည်အမျိုးမျိုး တပ် ငွေကောက်ခံတာ ကို မရပ်ဘဲ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။
“စက်ရုံက "အေဂျင်စီ" အမည်ခံပြီး အလုပ်သမားအသစ်တွေက ကျပ် ၅၀,၀၀၀ ကနေ ၇၀,၀၀၀ အထိ ကောက်ခဲ့ဘူးတယ်။ ဒါသတင်းတက်လည်း သူတို့က ဆက်ကောက်နေတုန်းပဲ။ “
 
စက်ရုံဘက် ငွေကောက်ခံမှုတွေ အပြင် လူမှုဖူလုံရေးကတ် (SSB Card) မရရှိသေးတဲ့ အလုပ်သမား အများအပြား ရှိနေပြီး လစာထဲက လူမှုဖူလုံရေးကြေး ပေးသွင်းနေပေမဲ့ ကတ်ပြားကို လက်ဝယ်မရရှိဘူးလို့လည်း ပြောပါတယ်။
"ညီမဆို လုပ်သက် ၂ နှစ်ကျော်ပြီ မရသေးဘူး။ တချို့ လုပ်သက် ၃ နှစ်၊ ၄ နှစ်ရှိတဲ့ သူတွေလည်း မရသေးဘူး" လို့ အမျိုးသမီး အလုပ်သမားတဦးက ပြောပါတယ်။
 
Myanmar Handsome စက်ရုံက LCW Brand များကို အဓိကချုပ်လုပ်နေပြီး အလုပ်သမား ၁၅၀၀ ဝန်းကျင်နဲ့ လည်ပတ်နေတဲ့ စက်ရုံဖြစ်တယ်လို့ သိထားပါတယ်။

Related posts

Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ၊ အတင်းအကျပ် ဆင်းခိုင်း
Mar 12, 2026
Cover
Lat war Co.,Ltd (3) ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆို
Mar 12, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
ustdo Myanmar အထည်ချုပ် အမျိုးသားအောစူပါ လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို
Mar 11, 2026
Cover
Handa 2 စက်ရုံ အလုပ်သမားများ တောင်းဆိုမှုပြုလုပ်၊ ဦးဆောင်သူ ၂၁ ဦးအား အလုပ်ထုတ် ထား
Mar 11, 2026