NEWS

မဲဆောက် တွင် ဈေးရောင်းနေသည့် မြန်မာများ အဖမ်းခံရ

CoverLogo
304 Views
 
ဒေသခံတွေ တိုင်ကြားချက်အရ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်အတွင်း က တရားမဝင် ဈေးရောင်းချမှုနဲ့ မြန်မာနိုင်ငံသား (၇) ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့တယ်လို့တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
 
တာ့ခ်ခရိုင် အလုပ်အကိုင်ရှာဖွေရေးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ တို့ဟာ တရားမဝင် နိုင်ငံခြားသား အလုပ်သမား အများအပြားကို ငှားရမ်းထားတယ်ဆိုတဲ့ တိုင်ကြားချက်တွေကြောင့် အောက်တိုဘာ ၇ ရက်နေ့၊ နံနက် ၁၁ နာရီခန့်မှာ မဲဆောက်မြို့နယ်ထဲ ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
 
စစ်ဆေးမှုအပြီးမှာတော့ အသက် ၃၉ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးအပါအဝင် စုစုပေါင်း ၇ ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့ကို ထိုင်းနိုင်ငံအတွင်း ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်ခြင်း ၊အလုပ်လုပ်ကိုင်ခွင့် လိုင်စင်မရှိဘဲ အလုပ်လုပ်ခြင်း (သို့မဟုတ်) လုပ်ကိုင်ခွင့်ရှိတဲ့ အလုပ်အပြင် တခြားအလုပ်တွေ လုပ်ကိုင်ခြင်းစတဲ့ စွဲချက်နှစ်ခုနဲ့ အရေးယူထားတယ်လို့ သိရပါတယ်။
 
ဖမ်းဆီးခံရသူတွေကို မဲဆောက်ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး ထိုင်းဥပဒေအရ ဆက်လက် အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
 
ထိုင်းနိုင်ငံအတွင်း မြန်မာလူမျိုး များ တရားမဝင်ဈေးရောင်းချမှု ဒေသခံတွေက အာဏာပိုင်တွေထံ သတင်းပေးတိုင်ကြားတာကြောင့် ဈေးရောင်းချတဲ့ မြန်မာနိုင်ငံသားတွေမကြာခဏ အဖမ်းခံရတာတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။

Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026