NEWS

မဲဆောက် တွင် ဈေးရောင်းနေသည့် မြန်မာများ အဖမ်းခံရ

CoverLogo
25 Views
 
ဒေသခံတွေ တိုင်ကြားချက်အရ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်အတွင်း က တရားမဝင် ဈေးရောင်းချမှုနဲ့ မြန်မာနိုင်ငံသား (၇) ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့တယ်လို့တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
 
တာ့ခ်ခရိုင် အလုပ်အကိုင်ရှာဖွေရေးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ တို့ဟာ တရားမဝင် နိုင်ငံခြားသား အလုပ်သမား အများအပြားကို ငှားရမ်းထားတယ်ဆိုတဲ့ တိုင်ကြားချက်တွေကြောင့် အောက်တိုဘာ ၇ ရက်နေ့၊ နံနက် ၁၁ နာရီခန့်မှာ မဲဆောက်မြို့နယ်ထဲ ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
 
စစ်ဆေးမှုအပြီးမှာတော့ အသက် ၃၉ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးအပါအဝင် စုစုပေါင်း ၇ ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့ကို ထိုင်းနိုင်ငံအတွင်း ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်ခြင်း ၊အလုပ်လုပ်ကိုင်ခွင့် လိုင်စင်မရှိဘဲ အလုပ်လုပ်ခြင်း (သို့မဟုတ်) လုပ်ကိုင်ခွင့်ရှိတဲ့ အလုပ်အပြင် တခြားအလုပ်တွေ လုပ်ကိုင်ခြင်းစတဲ့ စွဲချက်နှစ်ခုနဲ့ အရေးယူထားတယ်လို့ သိရပါတယ်။
 
ဖမ်းဆီးခံရသူတွေကို မဲဆောက်ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး ထိုင်းဥပဒေအရ ဆက်လက် အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
 
ထိုင်းနိုင်ငံအတွင်း မြန်မာလူမျိုး များ တရားမဝင်ဈေးရောင်းချမှု ဒေသခံတွေက အာဏာပိုင်တွေထံ သတင်းပေးတိုင်ကြားတာကြောင့် ဈေးရောင်းချတဲ့ မြန်မာနိုင်ငံသားတွေမကြာခဏ အဖမ်းခံရတာတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။

Related posts

Cover
Handsome အထည်ချုပ်စက်ရုံတွင် အလုပ်သမားများ ထံမှ တရားမဝင် ငွေကောက်ခံမှုများ ပြုလုပ်နေ (ရုပ်သံသတင်း)
Oct 09, 2025
Cover
Myantex စက်ရုံ အလုပ်သမားခေါင်းဆောင် တချို့ အနိုင်ကျင့် လုပ်ခလစာဖြတ်တောက်နေ (ရုပ်သံသတင်း)
Oct 09, 2025
Cover
Handsome အထည်ချုပ်စက်ရုံတွင် အလုပ်သမားများ ထံမှ တရားမဝင် ငွေကောက်ခံမှုများ ပြုလုပ်နေ
Oct 09, 2025
Cover
Myantex စက်ရုံ အလုပ်သမားခေါင်းဆောင် တချို့ အနိုင်ကျင့် လုပ်ခလစာဖြတ်တောက်နေ
Oct 09, 2025
Cover
Sudey စက်ရုံ အလုပ်သမားများ လစာဖြတ်တောက်ခံရ
Oct 08, 2025
Cover
Sudey စက်ရုံ အလုပ်သမားများ လစာဖြတ်တောက်ခံရ (ရုပ်သံ သတင်း)
Oct 08, 2025
Cover
ရွှေပေါက်ကံစက်မှုဇုန်မှ HYUN TEX အထည်ချုပ်ရုံသစ်တွင် ညအချိန်ပို အတင်းအကျပ် ခိုင်းစေ (ရုပ်သံသတင်း)
Oct 07, 2025
Cover
ရွှေပေါက်ကံစက်မှုဇုန်မှ HYUN TEX အထည်ချုပ်ရုံသစ်တွင် ညအချိန်ပို အတင်းအကျပ် ခိုင်းစေ
Oct 07, 2025