ARTICLE

အာဏာရှင်တီးတဲ့ ရွာကျောင်းကခေါင်းလောင်းသံ

CoverLogo
1K Views

အာဏာသိမ်းပြီးနောက်ပိုင်းစစ်အုပ်စုကမကြာမခဏဆိုသလိုလုပ်လေ့ရှိတဲ့ကျောင်းဖွင့်ဖို့အဓမ္မဖိအားပေးတာတွေ ဘာသာရေးပွဲတွေလုပ်ပြီးလူတွေကိုလမ်းပေါ်ထွက်အောင်လုပ်ပြီး နိုင်ငံရေးတည်ငြိမ်ကြောင်းပြဖို့ကြိုးစားတာတွေဟာပြည်သူတွေရဲ့မဟုတ်မခံစိတ် မတရားမှု့ကိုဆန့်ကျင်လိုစိတ်အောက်မှာမကြာခဏဆိုသလိုကျဆုံးခဲ့ရတာကိုတွေ့ရမှာပါ။

"ကျောင်းလာမတက်ရင် ခလေးကိုကာကွယ်ဆေးမထိုးပေးဘူးပြောတယ် မထိုးပေးနေလေကျမသမီးလေးကိုဒီကောင်တွေကြားထဲမှာကျောင်းမထားနိုင်ဘူးဒီလောက်လူသတ်မုဒိန်းကျင့်နေတာသားပျိုသမီးပျိုထားဖို့ဘယ်လို့မှစိတ်မချဘူးရှင်းရှင်းပဲ"လို့ တက္ကသိုလ်ဝင်တန်းရောက်နေပြီ ဖြစ်တဲ့ကျောင်းသူတဦးရဲ့မိခင်က ကလေးကိုကျောင်းပို့ဖို့ရှိလားဆိုတဲ့မေးခွန်းကိုအခုလိုပဲတုံ့ပြန်ပါတယ်။

နိုဝင်ဘာ ၁ ရက်နေ့မှာစစ်ကောင်စီကအခြေခံပညာကျောင်းတွေပြန်လည်ဖွင့်လှစ်ပြီးကျောင်းသားတွေကိုကျောင်းပြန်တက်ဖို့ဖိအားပေးလာတာဟာယခုအကြိမ်နဲ့ဆိုသုံးကြိမ်မြောက်ရှိလာပြီလို့ဆိုရမှာပါ။

ဒီလိုစစ်ကောင်စီဖက်ကအခြေခံပညာကျောင်းတွေကိုအဓမ္မဖွင့်လှစ်ဖို့ကြိုးစားလာတာကောင်းတဲ့ရည်ရွယ်ချက်မဟုတ်ပဲကျောင်းသားကလေးငယ်တွေကိုလူသားတံတိုင်းပြုလုပ်ဖို့နဲ့ကျောင်းတွေကိုမိုင်းခွဲပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ​ချောက်ချဖို့ဇာတ်လမ်းဆင်တာဖြစ်တယ်လို့စစ်အာဏာဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူတွေကဆိုပါတယ်။

"အိမ်မှာကအကြီးလေးရောအငယ်လေးရောမိန်းခလေးအငယ်လေး အတန်းတအားငယ့်တော့ဆီးသွားတာတွေဘာတွေသိပ်အဆင်မပြေသေးဘူး မန္တလေးမှာကျောင်းစောင့်တဲ့စစ်သားနဲ့ ၇ တန်းကျောင်းသူလေးလိုက်ပြေးသွားတဲ့သတင်းကြားထဲကကျမမထားတော့တာကျမသမီးလေးတွေကိုစိတ်မချဘူး"လို့ကျောင်းသားမိဘတဦးကပြောပါတယ်။

ယခုလိုစစ်ကောင်စီရဲ့လုပ်ရက်တွေဟာမူမမှန်တဲ့အတွက်စစ်ကျွန်ပညာရေးကိုလက်မခံပါ၊ သွေးကိုနင်းပြီးကျောင်းမတတ်နဲ့ခွေးကိုနင်းပြီးကျောင်းထွက်ကြ ဆိုတဲ့လှုံ့ဆော်သံနဲ့အတူတက်ကြွလှုပ်ရှားသူတွေကကျောင်းသားမိဘတွေကိုလှုံ့ဆော်ကြသလိုကျောင်းသားမိဘတွေကလဲကျောင်းမအပ်ရေးလှုပ်ရှားမှု့တွေမှာအင်ပြည့်အားပြည့်ပါဝင်လာတာကိုတွေ့ရပါတယ်။

ဒီလိုဆန့်ကျင်မှု့တွေကျောင်းမတက်ရေးပြည်သူတွေရဲ့လှုပ်ရှားမှု့တွေကိုလည်းစစ်ကောင်စီဖက်ကနည်းမျိုးစုံနဲ့ဖိအားပေးလာတာတွေရှိနေပါတယ်။

"မနေ့ကကျတော်တို့ဖက်မှာဆိုအော်လံနဲ့ကိုလိုက်အော်တာစခတွေလဲပါတယ် ထုံးစံအတိုင်းသွေးထိုးလှုံ့ဆော်တာတွေနားမယောင်ပဲကလေးတွေကိုကျောင်းအပ်ဖို့ ဒါပေမယ့်ပြည်သူကဘယ်အပ်ရဲမလဲဗျာသူတို့အကြောင်းသိနေတာကိုရပ်ကွက်ထဲမှာကျောင်းသွားပို့တဲ့ဟာတွေကလဲသူတို့နဲ့ပတ်သက်ရာပတ်သက်ကြောင်းတွေပဲရှိတာ"လို့ အင်းစိန်မြို့နယ်က အိမ်ရာတခုမှာနေထိုင်တဲ့ပြည်သူတဦးက MLN ကိုပြောပါတယ်။

ဒီလိုအတင်းအကြပ်ဖိအားပေးမှု့တွေကြားကကျောင်းတွေဖွင့်လှစ်ခဲ့ပေမယ့်ကျောင်းမြို့တော်တော်များများမှာကျောင်းအပ်သူတွေမရှိခဲ့လို့Non-CDMဆရာမတွေတနေကုန်ကျောင်းမှာထိုင်ပြီးကျီးနဲ့ဖုတ်ဖုတ်ဖြစ်ခဲ့ရပါတယ်။

"သူတို့ကတော့စပြီးကျောင်းအပ်လက်ခံတယ်လို့သာပြောနေတာလာအပ်မယ့်သူတွေမရှိတော့တနေကုန်အဲ့ကျောင်းမှာအဲ့ဆရာမတွေနဲ့ကျောင်းစောင့်တွေပဲရှိတယ်သူတို့ကိုလဲဘယ်သူမှအဖက်မလုပ်ဖူး"လို့ ရန်ကုန်မြို့ခံတဦးကပြောပါတယ်။

စစ်အုပ်ချုပ်ရေးနဲ့စစ်အာဏာသိမ်းမှု့ကိုပြက်ပြက်ထင်ထင်ဆန့်ကျင်နေကြတဲ့လူထုတော်လှန်ရေးလူထုရဲ့စစ်အုပ်စုဆန့်ကျင်ရေးကိုစစ်ကောင်စီဖက်ကထွင်လုံးဆင်လုံးတွေနဲ့ဖျက်ဆီးဖို့ကြိုးစားခဲ့တဲ့နည်းလမ်းတွေထဲမှာကျောင်တွေပြန်ဖွင့်တာကလဲတထောင့်တနေရာကနေပါဝင်နေတယ်ဆိုဆိုရမှာပါ။

ဒါပေမယ့်ထင်သလောက်အလုပ်မဖြစ်ခဲ့တဲ့စစ်ကောင်စီရဲ့ကျောင်းဖွင့်ရာသီဆိုတဲ့ခေါင်းစဥ်အောက်မှာတော့ပြည်သူတွေရဲ့အတူတကွပူးပေါင်းဆန့်ကျင်မှု့နဲ့အတူ အာဏာရှင်တီးတဲ့ရွာကျောင်းကခေါင်းလောင်းသံဟာအသံထွက်မလာနိုင်တော့ဘူးပဲဆိုရမှာပါ။


Related posts

Cover
အခွင့်အလမ်းများ၏ နောက်ကွယ်
May 02, 2025
Cover
ဖိအားပေး ခြိမ်းခြောက်မှုများက အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုအား ပြေလည်စေမည် မဟုတ်
Mar 26, 2025
Cover
ပြည်တွင်းထုတ် စက်ရုပ်လုပ်သားများ
Mar 17, 2025
Cover
အထည်ချုပ်လောက အတွင်းရေး ပေးစာ ပြန်စာ ၅
Mar 17, 2025
Cover
စက်ရုံ စစ်ဆေးခြင်းနှင့် ဟောပြောပွဲများ....
Feb 22, 2025
Cover
ကျပ်နှစ်ထောင် နောက်ကွယ်က ခါးသီးမှု
Dec 31, 2024
Cover
ပြည်ပထွက်ခွာလိုသူတွေအတွက် ရန်ကုန်လေဆိပ်ရဲ့ အိမ်မက်ဆိုး
Dec 26, 2024
Cover
စစ်မှုထမ်းအယောင်ပြ ဖမ်းဆီးငွေညှစ်မှုတွေပါ ပြုလုပ်လာ
Dec 24, 2024