NEWS

ရမည်းသင်းမြို့နယ်၊ သပြေပင်ကျေးရွာတွင် နယ်ခံ ၂၅ ဦးခန့် အပါဝင်​ရွှေ့​ပြောင်းလုပ်သား ၁၀၀ ဝန်းကျင် ​သေဆုံးတယ်လို့ ​ဒေသခံဆို

CoverLogo
490 Views

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ သပြေပင်ကျေးရွာက ရေကြီးရေလျှံမှုတွေကြောင့် မြေပြိုကျမှု ဖြစ်ကာ သေဆုံးသူဦးရေဒေသခံ ၂၅ဦးနဲ့ရွှေ့ပြောင်းလုပ်သားများ စုစုပေါင်း  ၁၀၀ ခန့်ရှိတယ်လို့ ​ဒေသခံ​တွေထံကသိရပါတယ်။

"သပြေပင်ကျေးရွာက ၂၅ယောက်။ ကျန်တာက ရွှေ့ပြောင်းလုပ်သားတွေလို့သိရတယ်။ ခန့်မှန်းအားလုံး ၁၀၀ ဝန်းကျင်ရှိနိုင်မယ်။ ၁၀၀ မကျော်ဘူးလို့သိရတယ်။ ကျွန်တော်တို့လှူရင်းလေ့လာခဲ့ရသလောက်ပေါ့။ စာရင်အတိအကျမသိနိုင်ဘူး။ ရွာလုံး ကျွတ်မြေအောက်ရောက်တာလည်းမဟုတ်ဘူး ရွှေ့ပြောင်းလုပ်သားအများဆုံးရှ်ိတဲ့ လုပ်ကွက်မြုပ်တာနဲ့မျောတာတော့ရှိတယ်လို့သိရတယ်" လို့ သပြေပင်ကျေးရွာခေတ္တရောက်ရှိနေသူတစ်ဦးက ဆိုပါတယ်။  

သပြေပင်ကျေးရွာမြေပြိုမှုကြောင့် သေဆုံးသူစာရင်းထုတ်ပြန်တာမရှိပေမဲ့ လူ ၈ ယောက်သာ သေဆုံးခဲ့ပြီး ဒဏ်ရာရသူအချို့ ရှိတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ထားပါတယ်။

ဒေသခံတစ်ဦးဖြစ်သူကလည်း " သေဆုံးကများနိုင်တယ်။ အလုပ်သမားကိုကအများကြီးပျောက်နေတာတွေရှ်ိသေးတယ်။ ခုကစာရင်းမငသိရနိုင်သေးတာကြောင့်ပါ။ ၇၀၀ လည်းမရှိသလို ၈ ယောက်ဆိုတာကလည်းမဟုတ်ပါဘူး။ သတင်းက သေဆုံးစာရင်းမသိရသေးဘဲ သတင်အမှားနဲ့ဖုံးနေတာ"လို့ နယ်ခံတစ်ဦးကဆိုပါတယ်။ 

စက်တင်ဘာ ၁၁ ရက် ၁၂ ရက်နေ့ရဲ့ မိုးရွာသွန်းမှုတွေကြောင့် သပြေပင်ကျေးရွာဟာ တောင်ကျချောင်းရေနဲ့အတူ မြေပြိုကျပြီး လူအယောက် ၇၀၀ လောက် သေဆုံးတယ် ဆိုပြီး သတင်း​တွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ 

ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိရွှေလုပ်ကွက်မှာ ရွှေတူးဖော်ရေးလုပ်ကွက်နှင့် ​ရွှေတူးဖော်ရေးအလုပ်သမားများနေထိုင်ရာနေရာများဖြစ်ကာ မိုးထိမိုးမိရွှေတူးဖော်ရေးတွင် လုပ်ကွက်ပေါင်း၄၀ နီးပါးရှိတယ်လို့လည်းသိရပါတယ်။ 

ရမည်းသင်းမြို့နယ်၊ သပြေပင်ကျေးရွာဟာ  အိမ်ခြေ ၃၅၀ ကျော်ရှိတဲ့အနက် အမြင့်ပိုင်းက အိမ်ခြေ ၄၀ ကျော်လောက်သာ ကျန်တယ်လို့ သတင်းတွေအရ သိရပါတယ်။

မိုးထိမိုးမိ ရွှေတူးဖော်ရေးလုပ်ကွက်မှာ အလုပ်လုပ်တဲ့ ရွှေ့ပြောင်းအလုပ်သမား မိသားစုတွေ နေကြ​ပြီး ရေမြင့်တက်မှုကြောင့် သပြေပင် ဘုန်းတော်ကြီး ကျောင်းမှာခုံလှုံနေတဲ့သူတွေရှိသလိုရေဘေးရှောင်စခန်းမှာရှိနေကြသူတွေလည်းရှိလို့ သေဆုံးဒေသခံ၂၅ဦးအပြင်အများစုက ရွှေ့ပြောင်းလုပ်သားတွေလို့ မှန်းထားတယ်လို့သိရပါတယ်။

စက်တင်ဘာ ၁၄ ရက်၊ ညပိုင်းထိ စာရင်းတွေအရ နိုင်ငံတစ်ဝန်း ရေကြီးရေလျှံ မြေပြိုမှုတွေကြောင့် ရွှေ့ပြောင်းခဲ့ရ တဲ့ နေအိမ် ၇၂၉၀၀ ကျော်၊ လူဦးရေ ၃၂၀၀၀၀ ကျော် ရှိပြီး သေဆုံးသူ ၁၁၃ ယောက်၊ ပျောက်ဆုံးသူ ၆၄ ယောက်၊ ဒဏ်ရာရရှိသူ ၁၄ ယောက် ရှိခဲ့တယ်လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက စစ်ကောင်စီလက်အောက်ခံမီဒီယာတွေမှာ ပြောကြားခဲ့တာ​ဖြစ်ပါတယ်။

Photo-​ဒေသခံ

 


Related posts

Cover
စက်သုံးဆီ ဝယ်ယူခွင့် ကန့်သတ်ခံရပြီးနောက် တစ်လီတာ ကျပ် ၃၀၀ မှ ၆၀၀ကျော် ဈေးမြင့်တတ်
Mar 14, 2026
Cover
အကျဉ်းထောင်အတွင်းအခက်ခဲများကို ICRC ထံတင်ပြသည့် နိုင်ငံရေးအကျဉ်းသားကို ရိုက်နှက်ပြီး တိုက်ပိတ်ခံရ
Mar 14, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
စက်သုံးဆီ ဝယ်ယူခွင့် QR Code စနစ် ဖြင့် ပြုလုပ်ပြီး တစ်ရက်တစ်ကြိမ်သာ ဝယ်ခွင့်ပြုမည်ဟု စစ်ကော်မရှင်ကြေညာ
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026