NEWS

ဘန်ကောက်ရှိ စာရင်းစစ်ရုံး ပြိုကျမှုမှ သေဆုံးဒဏ်ရာရသူများကို တပတ်အတွင်း နစ်နာကြေးပေးမည်

CoverLogo
282 Views
 
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် ငလျင်ဒဏ်ကြောင့် စာရင်းစစ်ရုံး ပြိုကျခဲ့မှုမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအပါအဝင် သေဆုံးဒဏ်ရာ ရတဲ့ လုပ်သားတွေ ကို တစ်ပတ် အတွင်း နစ်နာကြေး ပေးမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဧပြီ ၅ ရက်မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။
 
လက်တလော သေဆုံး ဒဏ်ရာ ရခဲ့တဲ့ အလုပ်သမား အရေအတွက် အရ စုစုပေါင်း ဘတ် ၁၇.၄ သန်း ပေးသွားမယ်လို့ ဆိုပါတယ်။
 
ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်တဲ့စာရင်း အရဒဏ်ရာရသူ ၉ ဦး တွင် ထိုင်းလုပ်သား ၆ ယောက်၊ ပြည်ပနိုင်ငံသား ၂ ယောက်၊ မည်သည့်နိုင်ငံသားမှန်းမသိ သူတစ်ဦးပါဝင်ပြီး သေဆုံးသူ ၁၅ ဦးတွင် (ထိုင်း ၁၀ ယောက်၊ နိုင်ငံခြားသား ၃ ယောက်၊ မည်သည့်နိုင်ငံသားမှန်းမသိ ၂ ယောက်)ရှိကာ ပျောက်ဆုံး နေသူမှာ ၇၉ ယောက် ရှိတယ်လို့ သိရပါတယ်။
 
ငလျင်ဒဏ်ကြောင့် ၎င်း အဆောက်အဦး ပြိုကျခဲ့မှုမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ သေဆုံးထိခိုက်ဒဏ်ရာရရှိမှု အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) အလုပ်သမားဝန်ကြီးဌာန ရဲ့ဧပြီ၂ရက် မနက်၆နာရီအထိ ထုတ်ပြန်တဲ့စာရင်းမှာတော့ သေဆုံးသူ မြန်မာရွှေ့ပြောင်းလုပ်သား၃ဦးနဲ့ထိခိုက်ဒဏ်ရာ ရရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၈ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။
 
သေဆုံးသူ ၁၅ ယောက်အတွက် လူမှုဖူလုံရေးရုံးက လူမှုရေးအာမခံကြေး စုစုပေါင်း ၁၂၇ ၃၃၆၄၁ ဘတ် ပေးသွားမှာဖြစ်ပြီး လူမှုလုံခြုံရေးအကျိုးခံစားခွင့်အဖြစ် ကုသစားရိတ် စုစုပေါင်း ၁၇၄၂၁၄၇၉ ဘတ်၊ အသုဘစားရိတ် ဘတ် ၈၅၀၀၀၀၊ သေဆုံးမှုအတွက် နစ်နာကြေး စုစုပေါင်း ၁၅၆၁၀၃၉၂ ဘတ်၊ သက်ကြီးရွယ်အိုလျော်ကြေး ၉၆၁၀၈၇ ဘတ်နဲ့ လတ်တလော ဒဏ်ရာရ သေဆုံးမှုတွေအတွက် နစ်နာကြေး စုစုပေါင်း ဘတ် ၁၇ . ၄ သန်း ပေးသွားမယ်လို့ အလုပ်သမား ဝန်ကြီးက ထုတ်ပြန် ပြောဆိုထားပါတယ်။
 
ဒါကြောင့် သေဆုံးဒဏ်ရာရသူတွေအတွက် နီးစပ်ရာ ဆွေမျိုးအသိုင်းအဝိုင်းများ က အထောက်အထား စာရွက်စာတမ်းတွေကို ပြည့်စုံစွာတင်ပြပြီးပါက တစ်ပတ်အတွင်း ပေးအပ်သွားမယ်လို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာန ထုတ်ပြန်ထားပါတယ်။

Related posts

Cover
ဆောက်လုပ်ရေးလုပ်ငန်းမှမြန်မာအလုပ်သမား ၃၀ ဦး လုပ်အားခပုံမှန်မရသဖြင့် တိုင်ကြား
Oct 16, 2025
Cover
ထိုင်း-မြန်မာ နယ်စပ် တွင် အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်သည့် မြန်မာအလုပ်သမား ၄၀ခန့် အဖမ်းခံရ (ရုပ်သံသတင်း)
Oct 15, 2025
Cover
ထိုင်းရောက် ကိုယ်လက်အင်္ဂါမသန်စွမ်းသည့် မြန်မာနိုင်ငံသားများကို အလုပ်ခေါ်ယူ (ရုပ်သံသတင်း)
Oct 15, 2025
Cover
ထိုင်း-မြန်မာ နယ်စပ် တွင် အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်သည့် မြန်မာအလုပ်သမား ၄၀ခန့် အဖမ်းခံရ
Oct 15, 2025
Cover
ထိုင်းရောက် ကိုယ်လက်အင်္ဂါမသန်စွမ်းသည့် မြန်မာနိုင်ငံသားများကို အလုပ်ခေါ်ယူ
Oct 15, 2025
Cover
ကြေးပိုက်ခိုးယူသည့်​​ မြန်မာဝန်ထမ်းအား တရားဥပဒေနှင့်အညီအရေးမယူဘဲ ညှင်းပန်းနှိပ်စက်သောကြောင့် အလုပ်သမားများဆန္ဒပြ
Oct 15, 2025
Cover
မလေးရှားတွင် ၃ နှစ်အရွယ်ကလေးငယ်အပါအဝင် အထောက်အထားမဲ့ မြန်မာ ၄၀ ကျော်အဖမ်းခံရ
Oct 15, 2025
Cover
မလေးရှားတွင် ၃ နှစ်အရွယ်ကလေးငယ်အပါအဝင် အထောက်အထားမဲ့ မြန်မာ ၄၀ ကျော်အဖမ်းခံရ (ရုပ်သံသတင်း)
Oct 15, 2025