ARTICLE

"ဒီလောက်ထိ ဒုက္ခတွေကို  ကြံ့ကြံခံနေနိုင်တဲ့အတွက် အလုပ်သမားတွေကို အံ့လဲ ဩတယ် ဂုဏ်လဲယူပါတယ်"

CoverLogo
153 Views

မေဒေးနေ့ သတင်းစကား

သွေးစည်းညီညွတ်သောအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(မြန်မာ)

 

အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အတွက် အလုပ်သမားထုကို သတင်းစကားပါးချင်တာကတော့ ဒီလောက်ထိ ဒုက္ခတွေကို  ကြံ့ကြံခံနေနိုင်တဲ့အတွက် သူတို့ကို အံ့လဲ ဩတယ် ဂုဏ်လဲယူပါတယ်၊ ဘာလို့လည်းဆိုတော့ အနိမ့်ဆုံးလုပ်ခလစာက ၂၀၂၀ မှာပြောင်းခဲ့ရမှာ မပြောင်းခဲ့ဘူး တကယ်တော့ ၂၀၁၇ ကတည်း က အနိမ့်ဆုံးလုပ်ခလစာကို ပြန်လည်သုံးသပ်ရမှာ အဲ့လိုကာလတွေမှာကတည်းက သည်းခံပြီးတော့ လုပ်ခလစာနည်းတဲ့ဒဏ်ကို သည်းခံခဲ့ကြတာပေါ့ အခုကာလကျတော့ ကုန်ဈေးနှုန်းတွေ မတရားမြင့်တက်တဲ့ အချိန်မှာ ဒီအနိမ့်ဆုံးလုပ်ခလစာနဲ့ ဘယ်အလုပ်သမားမှ တင်းမခံနိုင်တော့ဘူး ရှိတာတွေ ရောင်းချပေါင်နှံ အကြွေးတွေနဲ့ပေါ့နော် ဒီအကြွေး သံသရာစက်ဝန်းထဲမှာ ဒီဒုက္ခတွေနဲ့ နေနိုင်တဲ့အတွက် သူတို့တွေအတွက် ဂုဏ်ယူပါတယ်လို့ ပြောချင်ပါတယ်။

တကယ်ဆိုလို့ရှိရင်တော့ သူတို့တွေလည်း ပြောသင့်ပြောထိုက်တာ လုပ်သင့်လုပ်ထိုက်တာ တွေ အများကြီးရှိတယ်လေ ဒါတွေကို ပြောသင့်လုပ်သင့်တဲ့အချိန် ပြည့်ပြီလို့ ကျမကတော့ထင်တယ် ဒါကြောင့်မို့လို့ တချို့ ကိစ္စရပ်တွေကျတော့ ပြောရမယ်ဆိုရင် နိုင်ငံရေးကိစ္စကြောင့် သူတို့တွေ နောက်တွန့်နေတာတွေရှိကောင်းရှိမယ် မလုပ်ဘဲနဲ့ ရပ်နေတာတွေ ရှိကောင်းရှိမယ် သို့သော်လည်းကိုယ့်ရဲ့ ကိစ္စကို ကိုပြောရတဲ့ အခါမျိုးမှာ ပြောသင့်တယ်လို့ ထင်တယ် မပြောတဲ့အခါကျတော့ မေ့နေကြတာပေါ့ အလုပ်သမားဆိုတာကတော့ အမေ့ခံလူတန်းစား ခေတ်အဆက်ဆက်မှာ အမေ့ခံခဲ့ကြရတာဆိုတော့ ဘာမှ မပြောကြတော့ ပိုမေ့တာပေါ့။ 

မေဒေးတောင်းဆိုချက်အနေနဲ့ နံပတ် ၁ ကတော့ လုပ်ခလစာ နံပတ် ၂ ကတော့ အခွင့်အရေးပေါ့ ရပိုင်ခွင့်ပေါ့ လုပ်ခလစာလို့ ပြောရင် လုပ်ခလစာတိုးရတော့မယ်လို့ သတ်မှတ်ထားတဲ့ကာလပေါ့နော် အဲ့လို သတ်မှတ်ထားတဲ့ ကာလမှာ ကို ဗစ်ကို အကြောင်းပြပြီးလုပ်ခလစာတွေ မတိုးကြဘူး ဒါလဲ ဖြစ်တတ်တာပဲ အဲ့ဒီကနေ နောက်ဆက်တွဲ အာဏာသိမ်း ပြီးနောက်ပိုင်းမှာ သူတို့မှာလည်း vision ရှိမှာပါ ပြည်သူ့အစိုးရလက်ထက်မှာ ဒါတွေတောင်းခဲ့တာမရတာ ကျမတို့ကတော့ ပြောသင့်တယ်လို့ ထင်တာပဲ ဥပဒေအရ ဒီကာလမှာ သုံးသပ်ဖို့ အချိန်ကာလရောက်နေပြီလေ ပြောပေးရမှာက အလုပ်သမားတွေရဲ့ တာဝန် ကျမတို့ရဲ့ တာဝန်လို့ ကျမကတော့ထင်တယ်။

နောက်တခုကတော့ အခွင့်အရေးပေါ့ လွတ်လပ်စွာသင်းပင်းဖွဲ့ စည်းခွင့်တွေ လွတ်လပ်စွာ စုဝေးခွင့်တွေ က စာရွက်ပေါ်မှာရှိနေပေမယ့် ကိုဗစ်မယ်ဆိုတုန်းကလည်း လူဘယ်နှစ်ယောက်ရှိရမယ်ဆိုတာမျိုး ဘေးအန္တရာယ်ကင်းရှင်းရေးပုဒ်မတွေနဲ့ အဖမ်းအဆီးခံရတယ် တိုင်းအစိုးရနေပြီးတော့ ဒီလို ဥပဒေမျိုးတွေနဲ့ ဖမ်းခံရမယ် လူစုခွဲပါဆိုတာမျိုး။

အခုလည်း စက်မှုဇုန်လိုနေရာမျိုးတွေမှာ စစ်အုပ်ချုပ်ရေးကြေညာ ထားတဲ့အခါကျတော့ ၅ ယောက်

နဲ့ အထက်ကို မစုရဘူး သတ်မှတ်ထားတော့ သမဂ္ဂရဲ့ သဘောသဘာဝက ဘာပဲပြောပြော စုပေါင်းကြမယ်တွေ့ကြမယ် စုပေါင်းတောင်းဆိုကြမယ် စုပေါင်း တောင်းဆိုတာက နိုင်ငံရေးနဲ့ပတ်သက်တဲ့ ကိစ္စမျိုတွေချည်းပဲကို စုပေါင်းတောင်းဆိုတာ ဟုတ်ချင်မှဟုတ်မယ် သူတို့ရဲ့ အခွင်အ့ရေးတွေလုပ်ငန်းခွင်ထဲမှာ ဖြစ်နေတဲ့ ကိစ္စရပ်တွေ လုပ်ခလစာလို ကိစ္စမျိုးတွေ တခြား တခြားသော လူမှုဖူလုံရေးလို ကိစ္စမျိုးတွေ အများကြီးပဲ ရှိတာပေါ့နော် လုပ်ငန်းခွင်ထဲမှာ ပြသနာတွေစုပေါင်းတောင်းဆို စရာအကြောင်းအလုပ်သမားတွေမှာရှိနေမှာပါ, ဒါတွေလုပ်ခွင့်မရဘူးပေါ့ ဒါတွေဆုံးရှုံး တယ်။ 

ပြောရရင်တော့ အားလုံးဆက်စပ်ပတ်သက်နေတာပေါ့ တိုင်းပြည်မှာနိုင်ငံရေးမတည်ငြိမ်ဘူး နိုင်ငံသာအခွင့်အရေး အပြည့်အဝတောင်းဆိုလို့ မရသေးတဲ့အချိန်မျိုးမှာ အလုပ်သမားအခွင့်အရေး ကို ကျမတို့က အပြည့် အဝရဖို့ဆိုတာက အိမ်မက်တခုသာဖြစ်တယ် နိုင်ငံသားရဲ့ အခွင့်အရေးမှာ အချိန်မရွေး မကျေနပ်ရင် ဆန္ဒဖော်ထုတ်ခွင့်ရနေပါလျက် အလုပ်သမားဥပဒေက လွှတ်တော်မှာ လက်သင့်ရာ စားတော်ခေါ် ကြုံခဲ့ရတယ် ဘေးဖယ်ခံထားရတဲ့ ကိစ္စ ။

တော်တော်များများက အာရုံစူးစိုက်မှုအားနည်းတယ်ပေါ့ တက်လာသမျှအစိုးရတွေမှာလည်း ဖြေရှင်းစရာ ကိစ္စရပ်တွေ ဖြေရှင်းလို့ ရှိရင်နာမည်ကောင်းရနိုင်တဲ့ ကိစ္စရပ်တွေအများကြီးရှိတယ် အဲ့ဒီတော့ အဲ့ဒါမျိုးတွေကိုပဲ ဦးစားပေးပြီးလုပ်ကြတယ် အလုပ်သမားကိစ္စတွေဆိုလို့ရှိရင် တတ်နိုင်သမျှ နောက်ဆုံးမရနိုင်တော့ဘူးဆိုတဲ့ အခြေအနေမျိုးမှသာလျင် လှည့်ကြည့်ကြ ဖြေရှင်းကြတာ။ 

ဒါကြောင့်မို့ ခုကာလမျိုးမှာငါတို့က ကောင်းမွန်တဲ့လုပ်ခလစာသင့်တင့်တဲ့ အလုပ်ချိန်ဆိုတာ ကျမတို့ကမတောင်း ဘဲနေလို့ မရဘူး မတောင်းရင်မေ့သွားမှာ အဲ့တော့ကိုယ့်လူတွေပဲ ကိုယ်ပြောခွင့်ရတာပေါ့နော် ဒါတွေလုပ်ဖို့ကို လိုအပ်တယ် ငါတို့က decent work ဖြစ်မနေဘူး။ 

လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲနဲ့စိန်ခေါ်မှုက - နံပတ် ၁ လုပ်ခလစာ နံပတ်၂ က စားဝတ်နေရေး မဖူလုံမှုပေါ့ ရတဲ့ လစာနဲ့ ကို့ရဲ့ မိသားစု စားဝတ်နေရေး မဖူလုံဘူး နောက်တခါ ပညာရေး သူတို့သားသမီးတွေရဲ့ ပညာရေး ကာယကံရှင်ရဲ့ ပညာရေး ဒါတွေက ဒီအချိန်မှာရပ်တန့်နေတယ် နောက်တခါ လုံခြုံရေးပေါ့ နေရပ်ပြန်တာမျိုးတွေ ဒီကာလမှာ ဘက်ပေါင်းစုံကနေ ဖိစီးမှုတွေ ရှိနေတာပေါ့ လုပ်ခနည်းလို့ ကြပ်တည်းတာတခုတည်းကို ရင်ဆိုင်ရတာမဟုတ်ဘူး ဘက်ပေါင်းစုံရဲ့ အနေအထားးကို အကုန်လုံးကို ရင်ဆိုင်နေကြရမှာ

နံပတ် ၁ ကတော့ ကိုယ့်အခွင့်အရေးကိုယ်သိရမယ် တချို့တွေကကျတော့ အဲ့တာက ကြာလာတော့လည်း မဟုတ်တာကို အဟုတ်ထင်လာတာ HR တွေ စက်ရုံမန်နေဂျာတွေ စူပါတွေက‌ နေပြီးတော့ ထုတ်တဲ့စည်းမျဉ်းစည်းကမ်းတွေ ပြောတာတွေဟာ ဥပဒေတွေနဲ့ မညီတာတွေ ရှိကောင်းရှိမယ် မလေ့လာတာပေါ့ ကာယကံရှင် ကလည်း လေ့လာဖို့လိုတယ် နောက်တခါ တချို့စကားလုံးတွေဆိုလို့ရှိရင် ရယ်ဖို့ကောင်းတယ်ပေါ့နော် အလုပ်သမားသမဂ္ဂဆိုတာ တရားမဝင်အဖွဲ့အစည်း ဖြစ်တယ်ပေါ့နော် သမဂ္ဂထဲကို ဝင်လို့ရှိရင် ဖမ်းဆီးခံရနိုင်တယ်တို့ စစ်တပ်က စောင့်ကြည့်နေပြီတို့ အဲ့လိုစကားလုံးမျိုးတွေကိုလည်း ယုံကြည်ကြတယ်ပေါ့နော် တချို့အလုပ်သမားတွေက 

နောက်ပြီး အလုပ်သမားအခွင့်အရေးအတွက်လုပ်နေတဲ့ အဖွဲ့တွေသည် တရားမဝင်ကြေညာထာတယ် ကျမတို့လို အသင်းအဖွဲ့တွေနဲ့ ဆက်စပ် ပတ်သက်တယ်ဆိုရင် အရေးယူခံရနိုင်တယ်ဆိုတဲ့ အလုပ်ရှင်တွေ HR တွေ မန်နေဂျာတွေကို စူပါတွေက ပြောတဲ့စကားတွေ အဲ့လိုနားယောင်ပြီးတချို့တွေဆိုရင် ရင်ဖွင့်တာလောက်ပဲရှိတယ် နေပါ့စေလေ ဥပဒေက ဘာလုပ်လို့ရမှာလဲ ကျမတို့ ပြောချင်တာက ဥပဒေက လုပ်လို့ရတယ်လို့ ပြောတာမဟုတ်ဘူး ဒါပေမဲ့ ကျမတို့မှာ အပိုင်း ၂ ပိုင်းရှိတယ် ကျမတို့ ဖြေရှင်းကြည့်တယ် ရင်ဆိုင်တယ် မရဘူးဆိုရင် မှတ်တမ်းတင်ရမယ် ဒီအချိန်မှာ ဘယ်သူက ချိုးဖောက်တာလဲ လုပ်ငန်းရှင်က ချိုးဖောက်တာလား ဥပဒေစည်းကျပ်သူက ချိုးဖောက်တာလား ဒါမျိုးကို မှတ်တမ်းတင်ထားဖို့လိုတယ် အဲ့လိုမျိုး မှတ်တမ်းတင်တာကိုတောင် သူတို့က မပေးဘူးပေါ့နော် နေပါ့စေလေ ကုသိုလ်ကံကိုက အကျိုးနည်းတာကိုးဆိုတော့ အဲ့လိုမျိုးပေါ့နော် တခါတလေကျတော့ အလုပ်သမားတွေကို ပြောချင်တာက ကုသိုလ်ကံကြောင့်မဟုတ်ဘူး ကို့ရဲ့ ပရော်ဖက်ရှင်နယ် အထည်ချုပ်လုပ်တယ်ဆိုတာလဲ ပညာရပ်တခုပဲ စက်ချုပ်တတ် တယ်ဆိုတာ လွယ်တဲ့ အလုပ်မဟုတ်ဘူး ကိုယ့်အလုပ်ပေါ်မှာ ဂုဏ်ယူပြီးတော့ လုပ်နေရမယ် အဲ့တော့မှ ငါ့ရဲ့ အလုပ်ပေါ်မှာထိပါးလာတယ် ဥပဒေမဲ့ စော်ကားလာတယ်ဆိုရင် တုန့်ပြန်မှ ရမယ် လက်တုန့်ပြန်ဖို့အတွက် အားယူရမယ် အာ့လိုတုန့်ပြန်ဖို့အတွက်လည်း ကာယကံရှင်ဖြစ်တဲ့ ကိုယ်တိုင်က လုပ်ဖို့ပျက်ကွက် နေတယ်ဆိုလို့ ရှိရင် အဲ့တာက ပိုဆိုးလာတာပေါ့ ကျူးလွန်သူက ပိုဆိုးလာတာပေါ့ သူကျွန်းလွန် တာကို ဘယ်သူကမှ လက်တုန့်မပြန်ဘူး ဘယ်သူမှ ပြန်မပြောဘူး ငြိမ်နေတယ်ဆိုရင် တော့ ငါမှန်တာပဲ ဆိုပြီးတော့ အာ့လိုမျိုး ထပ်ဖိနှိပ်တဲ့ ဥပဒေ ထပ်ထုတ်လာတယ် အဲ့ခါကျတော့ လုပ်ငန်းခွင်ထဲမှာမပျော်တာတွေဖြစ်လာတာပေါ့။

တချို့ဆိုရင် ကိုယ့် ရဲ့ လုပ်သက်တွေကို ဒီအတိုင်းထားခဲ့ပြီးထွက်လာခဲ့တာ ကျမတို့ က ပြောနေတယ် မကျေနပ်ဖူး ထိုင်းပဲသွားလိုက််တော့မယ် မလေးပဲ သွားလိုက်တော့မယ်ဆိုပြီး စက်ရုံထဲမှာ ချိုးဖောက်မှုတွေက ပိုပိုပြီးတော့ ဆိုးလာတယ် တကယ်တော့ ဒါတွေက မဖြစ်သင့်တော့ဘူးပေါ့ ဒီကာလမျိုးမှာ တခုရှိတာကလည်း ပြည်တွင်းရွှေ့ပြောင်းတာကလည်း အထူးသဖြင့် ရခိုင်ဘက်က ဆိုရင်လည်း အိမ်ပြန်လို့ မရကြဘူးလေ အဲ့ခါကျတော့ လုပ်ပလေ့စေ မိန်းကလေးဖြစ်တယ် ဒီအသက်ဒီအရွယ်မှာ ဒီလောက်ရှာနိုင်ရင်တော်ပြီဆိုတဲ့ စိတ်ရှိကြတယ် အကြောင်းအရာအကုန်စုပြီးပြောရမယ်ဆိုရင်တော့ ဘယ်နည်းနဲ့ ရောက်လာရောက်လာ လုပ်ငန်းခွင်ထဲကို ရောက်လာပြီဆိုရင် တည်ဆဲ ဥပဒေတွေ ကို့ရဲ့ အခွင့်အရေးတွေ ဒါတွေကိုတော့ သိအောင် ကြိုးစားပါ မသိသေးရင်တော့ အခုကနေစပြီးတော့ သိအောင်လုပ်ကြပါပေါ့နော် ဘယ်လိုအဖွဲ့အစည်းက ကူညီပေးနေတယ် ငါတို့ရဲ့ အခွင့်အရေးက ဘာဖြစ်တယ် ငါတို့ကိုယ်တိုင် အဖွဲ့အစည်းခွင့်ရှိတယ် ငါတို့ကိုယ်တိုင်တောင်းဆိုခွင့်ရှိတယ် ဆိုတာမျိုးကိုတော့ ဘရန်းနဲ့ ဖြေရှင်းတယ်ဆိုပေမယ့် သူတို့က လုပ်ငန်းခွင်ထဲမှာမနေရဲဘူး ဘရန်းက ပြန်ခန့်ဆိုပြီးပြောပေမဲ့ သူတို့က လုပ်ငန်းခွင်တည်မြဲမှုမရှိဘူး ဖိနှိပ်မှာ‌ကြောက်တယ် နှိမ်မှာစိုးတယ် တခုခုလုပ်မှာကြောက်တယ်ဆိုတဲ့ စိတ်နဲ့ ထွက်သွားတာ အဲ့တော့ လုပ်ငန်းခွင်တည်မြဲရေးသည် တော်တော်နဲ့ အကြောင်းပေါင်းစုံမှပဲ ဖြစ်တယ်ပေါ့‌နော် ဘရန်းက လုပ်ပေးလို့ရသွားတယ်ဆိုတာမျိုးရဲ့ ကျော်ပြီးတော့ စဉ်းစားဖို့လိုတယ် လုပ်ငန်းခွင်ထဲ ဘယ်လောက်တာဝန်ယူပေးနိုင်မလဲဆိုတာ လိုအပ်တယ်။

ကျမတို့ မေဒေးနေ့အတွက် အများကြီးတော့မတောင်းဆိုပါဘူး ပုံမှန်တောင်းဆို တဲ့အတိုင်းပဲ လုပ်ခလစာကို တောင်းထားတဲ့အတိုင်း တောင်းဆိုဖို့လုပ်မယ် သမဂ္ဂဖြိုခွဲတာတွေ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်းရဲ့ ကွန်ဗန်းရှင်းတွေ လုပ်ငန်း၇ှင်တွေက မလိုက်နာတောတွေ ဥပဒေကိုင်တွယ်ကျင့်သုံးတဲ့လူတွေရဲ့ အားနည်းချက်တွေ တိုင်စာတွေပို့ထားပေမဲ့ မရှင်းတာတွေ အလစဆိုရင် တိုင်စာပို့ရင် ဘယ်နှစ်ရက်အတွင်းရှင်းရမယ်ဆိုတာတွေ မရှင်းဘူး အလည တို့ အလရ တို့ဆို အားမှ ရှင်းမယ် ပုံနေတာ ကို ခဏစောင့်တို့ဘာတို့ ဒီလိုမျိုးတွေ နောက်တရားရုံးရောက်သွားတဲ့အခါ တရားသူကြီးက ဒီဘက်က ပုဒ်မတွေ နဲ့ပတ်သက်ပြီး ဖြေရှင်းတာအဆင်ပြေဘူးပေါ့နော် ဒါတွေကို သွားတောင်းမှာတော့ မဟုတ်ဘူး တောင်းဆိုတာပေါ့ 

ကျမတို့တွေလည်း လုပ်ရတာ ဘောင်ထဲမှာ လုပ်ရတာ အကန့်အသတ်ရှိတယ် တကယ်တော့ စက်မှုဇုန်ရဲ့ လမ်းမတွေပေါ်မှာ အလုပ်သမားတွေ ရဲ့ သီချင်းတွေ ကြွေးကြော်ပြီးတော့ အလံတွေလွှင့်ပြီးတော့ တောင်းဆိုချက်တွေနဲ့ လုပ်ချင်တယ် သူများတွေလိုပေါ့နော် စိတ်ဓါတ်တက်ကြွတယ် ကိုတွေကတော့ ဘယ်တော့လဲပေါ့ ၄ ပေ လား ၅ ပေလားအခန်းကျဉ်းထဲမှာ လုပ်ရမလား လုပ်လို့ရသလောက် လုပ်ပြီး အားပြန်ပေးရမှာ‌ေပါ့ ဘာလို့လည်းဆိုတော့ အလုပ်သမားတွေကိုယ်တိုင်ကလည်း စိတ်ဓါတ်ကျနေတာတွေရှိတယ် ဘာလို့လည်းဆိုတော့ သမဂ္ဂဖွဲ့တယ် ဖြုတ်ခံရတယ် သမဂ္ဂဖွဲ့တယ် ဖြုတ်ခံရတယ် တော်ရုံလူက သမဂ္ဂဖွဲ့ကြမှာမဟုတ်တော့ဘူး ကျမဆိုရင်တောင်မှ သူတို့နေရာမှာဆိုရင်  မျက်စီဒေါက်ထောက်ကြည့်တယ် ဆိုတော့ အားလေးဖြစ်စေချင်တယ် နှစ်စဉ်လည်း အားဖြစ်စေတဲ့ သီချင်းတွေလည်း ဆိုတာပေါ့ အပြင်မှာ လွတ်လွတ်လပ်လပ်ဆိုရတဲ့နေရာမဟုတ်တော့ မပွင့်ဘူးပေါ့ သူတို့ အားပါအောင်မလုပ်နိုင်ဘူး ဆွဲခေါ်ပြီးအားတက်လာအောင် မလုပ်နိုင်ဘူးပေါ့ သူများနိုင်ငံက မေဒေးတွေကြည့်မယ်ဆိုရင် လုံးဝ အလံတွေကိုင်ပြီး တက်တက်ကြွကြွနဲ့ တောင်းဆိုပြီး မေဒေးစိတ်ဓါတ်ပေါ့ အလုပ်သမားတွေက ကမ္ဘာနဲ့ ချီပြီး ဘယ်လို တောင်းဆိုကြတယ် ဆိုတာမျိုး သွင်းပေးတဲ့သဘောပေါ့  ကျန်တဲ့ ရွှေ့ပြောင်းနေတို့ decent work ဒေးတို့ဆိုရင် ဒီစိတ်ဓါတ်သွင်းလို့ မရဘူး ဒီလို စိတ်ဓါတ်မျိုးသွင်းလို့ရတာ တနှစ်လုံးမှာ ဒီနေ့တရက်ပဲရှိတာ ဒါကြောင့် ဒီလိုလှုပ်ရှားမှုမျိုးကို လုပ်ကြည့်ချင်တယ်။ ဘယ်လောက်လုပ်လို့ရမလဲတော့မသိဘူး ပေါ့ ။

နှစ်သစ်မှာရော မေဒေးအလွန်မှာ လုပ်ခလစာတွေ တိုးမြင့်ရရှိပါစေ ခွဲခြားဆက်ဆံမှုတွေ မရှိပါစေနဲ့ စုပေါင်းတောင်းဆိုမှု စုပေါင်းအရေးဆိုမှု လွတ်လပ်စွာ စည်းရုံးခွင့်တွေ ဒါမျိုးတွေ ရနိုင်ပါစေ ကမ္ဘာ့အလုပ်သမားထုလည်း ဒီအတိုင်းပါပဲ။


Related posts

Cover
အကျဉ်းစံတို့ရဲ့ ဘဝများ
May 15, 2024
Cover
အရွယ်ကောင်းအမျိုးသားတွေရဲ့ ဘဝကို ချုပ်ကိုင်ချယ်လှယ်လာတဲ့ စစ်ကောင်စီ
May 08, 2024
Cover
ချောက်ရေနံမြေက အလုပ်သမားအခွင့်အရေးချိုးဖောက်မှု အခြေအနေများ
May 07, 2024
Cover
နေ့စားခ ကျပ်တစ်သောင်း လွန်ဆွဲပွဲ
May 06, 2024
Cover
ပုကြွယ် သင်္ကြန်ပွဲမသိပါ
Apr 19, 2024
Cover
ပြည်သူ့စစ်၊ စစ်မှုထမ်းဥပဒေကြားက “ဆွမ်းခံရင်း ငှက်သင့်” ရသည့် အထည်ချုပ်လုပ်သား
Mar 11, 2024
Cover
ခွင့်တရက်၊ ဂိတ်ပက်စ် နှင့်  အသက်တချောင်းအား ငြင်းဆိုခြင်း
Mar 08, 2024
Cover
ပြာပုံထဲမှာပြန်လည် ရှာဖွေခဲ့ရတဲ့ တရားမျှတမှုခြေရာများ
Jan 12, 2024