NEWS

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ ဘာတွေ ပြင်ဆင်ထားရမလဲ၊ ဘာတွေ သိထားဖို့ လိုမလဲ။

CoverLogo
2.1K Views

မြန်မာနိုင်ငံနဲ့ နယ်နိမိတ် ထိစပ်နေပြီး အိမ်နီးချင်းနိုင်ငံ တစ်ခု ဖြစ်တဲ့ ထိုင်းနိုင်ငံ မှာမြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများဆုံး ရှိပါတယ်။ ပြည်တွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေနည်းပါးလာလို့ ပြည်ပကိုထွက်ခွာအလုပ်လုပ်ဖို့ စိတ်ဝင်စားတဲ့သူ များပြားလာပါတယ်။ 

အခုချိန်မှာ တရားဥပဒေစိုးမိုးမှုကင်းမဲ့နေတာကြောင့်  လိမ်လည်သူတွေက ငွေကြေးအမြတ်ထုတ်တာတွေစတဲ့ မလိုလားအပ်တဲ့ကုန်ကျမှုတွေ ဖြစ်ပေါ်လာလို့ ပြည်ပ မှာ အလုပ်လုပ်ကိုင်ချင်သူတွေအတွက် ပိုမိုခက်ခဲသွားရတာတွေလည်း တွေ့မြင်နေရပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံကိုရွှေ့ပြောင်းပြီး အလုပ်လုပ်ကိုင်တော့ မယ်ဆိုရင် ဘာတွေဆောင်ရမလဲ ဘာတွေရှောင်ရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

တရားဝင် ရွေ့ပြောင်းလုပ်သား ပို့ဆောင်တာနဲ့ ပက်သက်ပြီး မြန်မာနှင့်ထိုင်းနိုင်ငံ တို့ နှစ်နိုင်ငံ သဘောတူစာချုပ်(MOU)ထိုးထားပါတယ်။

ထိုင်းနိုင်ငံ ကို တရားဝင် သွားရောက် အလုပ်လုပ်ကိုင်သူတွေ အတွက် ဆောင်ရန်ရှောင်ရန် နှင့်သိသင့်သိထိုက်စရာများ ကို ထိုင်းနိုင်ငံသို့ တရားဝင် လုပ်သား ပို့ဆောင်ပေးနေသည့်ပြည်ပအလုပ်အကိုင်လိုင်စင်ရ အေဂျင်စီ တစ်ခု နှင့် အခုလို မေးမြန်းထားပါတယ်။

(၁) ထိုင်းနိုင်ငံ ကို သွားရောက် အလုပ်လုပ်ချင်တဲ့ သူတွေ အနေနဲ့ ဘယ်လို အလုပ်ကိုင်အခွင့်လမ်းတွေ ရှိပါသလဲ။

ထိုင်းနိုင်ငံ က လုပ်သားခေါ်ယူတဲ့ အလုပ်တွေက စက်ရုံ၊အလုပ်ရုံတွေ မှာ လုပ်ရမယ့် ကုန်ထုတ်လုပ်ငန်းတွေ၊စားသောက်ကုန်လုပ်ငန်းတွေ၊ စားသောက်ဆိုင်၊ ဟိုတယ်လုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြုရေး၊ ဆောက်လုပ်ရေး လုပ်ငန်းတော်တော်များများ က မြန်မာလုပ်သားကိုခေါ်ယူကြပါတယ်။

 (၂)  ထိုင်းနိုင်ငံ မှာ အလုပ်လုပ်မယ်ဆိုရင် အသက်ကန့်သက်ချက် ရှိလား၊ ဘယ်အချက်တွေပြင်ဆင်ထားရမလဲ။

ထိုင်းက အသက်ကန့်သက်ချက် သတ်မှတ်ထားတာ မျိုးတော့ မရှိဘူး အလုပ်ရှင်နဲ့ အလုပ်သမားအဆင်ပြေရင် အသက် ၄၅ နှစ် ၅၀ လောက်အထိ ခေါ်တာတွေ ရှိတယ်။ အများဆုံးခေါ်တာကတော့ ၁၈ နှစ်ကနေ ၃၅နှစ် ၄၀ ထိခေါ်တယ်၊ အလုပ်အပေါ်မူတည်ပြီးခေါ်ကြတယ်၊ဘာတွေ ပြင်ဆင်ထားရမလဲ ဆိုရင်တော့ ထိုင်းကို သွားပြီး အလုပ်လုပ်မယ်ဆိုရင် အရင်ဆုံး နိုင်ငံကူးလက်မှတ်  passport (PJ)စာအုပ်ရှိရမယ်၊ ကိုယ်သွားမယ့်အေဂျင်စီ ဟာ လိုင်စင် ရှိမရှိ စုံစမ်းရမယ်၊ အရင် သွားထားတဲ့ သူတွေက ပြန်ချိတ်ဆက်ပေးတာဆိုရင် ပိုကောင်းတယ်၊ ပြီးတော့မှ အလုပ်ကိုစုံစမ်းရမယ်၊ လုပ်ခ ဘယ်လောက်ရမယ်၊ဘယ်မြို့မှာ လုပ်ရမယ်၊ စတာတွေ သွားမယ့် အေဂျင်စီကို သေချာမေးရမယ်။သိထားရမယ်။

(၃) အလုပ်ရွေးချယ်ပြီး ရင် ဘာတွေ ဆက်ပြီး လုပ်ဆောင်ရမလဲ။

သွားမယ့်သူကလည်း အလုပ်ကို သဘောတူတယ်၊အလုပ်ရှင် ဘက်ကလဲခေါ်ယူဖို့ သဘောတူပြီ ဆိုရင်  ပြည်ပသွားရောက်မယ့် အလုပ်သမားတွေ အတွက် အစိုးရက အသိအမှတ် ပြုထားတဲ့ဆေးခန်းတွေ မှာ ဆေးစစ်ရမယ်၊ဆေးစစ်ချက်မှာတော့ ဘီပိုး၊ ကာလသားပိုး ၊ အဆုပ်ရောဂါစတဲ့ ကူးစက်ရောဂါ မျိုးတွေ ရှိမရှိ စစ်ဆေးတယ်၊ဆေးအောင်ပြီ ဆိုရင် တော့ အလုပ်ရှင်၊ အလုပ်သမား၊ ပို့ဆောင်ပေးတဲ့ အေဂျင်စီ တို့က အလုပ်သမားဝန်ကြီးဌာန ရဲ့ ဦးစီးမှူးရှေ့မှာ အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ် ချုပ်ဆိုရတယ်၊ စာချုပ် ကို အရင်ကတော့ အလုပ်သမားတွေ ရှိတဲ့ တိုင်းဒေသကြီးတွေမှာ ရှိတဲ့ အလုပ်သမားရုံးတွေမှာ သွားရောက်စာချုပ် ချုပ် ဆိုရတယ်၊

အခု ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁ရက် ကစပြီး ရန်ကုန်တိုင်း မြောက်ဒဂုံ မြို့နယ်မှာ ရှိတဲ့ အလုပ်သမားသင်တန်းကျောင်းမှာ ပဲ ချုပ်ဆိုရတယ်။

 (၄) စာချုပ် ချုပ်ဆိုပြီး ရင် ထိုင်းနိုင်ငံကို သွားရောက် အလုပ်လုပ်ဖို့ အချိန်ဘယ်လောက်စောင့်ရသလဲ။

စာချုပ် ချုပ်ဆိုပြီးရင် အလုပ်သမားဝန်ကြီးဌာနက သက်မှတ်ထားတဲ့ ရက်ပေါင်း ၉၀ ထဲမှာ ထိုင်းနိုင်ငံ မှာရှိတဲ့ လုပ်ငန်းခွင် အရောက် ပို့ဆောင်ပေးရတယ်၊ တကယ်လို့ သတ်မှတ်ထားတဲ့ ရက်၉ဝထဲမှာ မပို့ဆောင်နိုင်ရင် အလုပ်သမားဝန်ကြီးဌာန က ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေ အရအရေးယူခြင်း ခံရမယ်။ ထိုင်းကို သွားရောက်ကာနီးမှာ ထိုင်းနိုင်ငံရဲ့ ဆောင်ရန် ရှောင်ရန် တွေကို သိထား ဖို့ အတွက် အလုပ်သမားဝန်ကြီးဌာန က ဖွင့်ထားတဲ့ သင်တန်းမှာ ၁ရက် သွားတတ်ရမယ်၊

ပြီးရင် OWIC ကတ်ရိုက်ရမယ်၊ အဲ့ဒါတွေ စုံပြီ ဆိုရင်  ထိုင်း နိုင်ငံ ကို ထွက်ခွာ ဖို့ အတွက် မြဝတီကျောက်လုံးကြီးစခန်း ကနေ သို့မဟုတ် ကော့သောင်းစခန်းကနေ ပြီး ထိုင်းနိုင်ငံ ထဲက လုပ်ငန်းခွင် အထိ ကို အေဂျင်စီ က တာဝန်ယူ ပို့ဆောင်ပေးရပါတယ်။

(၅) ထိုင်းနိုင်ငံ ကို တချို့က တရားမဝင် သွားတာတွေလဲ ရှိတယ်ဆိုတော့ တရားဝင် MOUနဲ့ သွားတာနဲ့ တရားမဝင် သွားတာ ဘယ်လိုတွေ အကျိုးသက်ရောက်မှု ရှိပါသလဲ။

တချို့ အလုပ်သမားတွေက မြန်မြန် သွားချင်ကြတယ်၊တရားမဝင် က အချိန်စောင့်စရာ မလိုဘူးလေ ဒါပေမယ့် သူတို့ အတွက် က အာမခံချက် မရှိဘူး၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေ လစာ မပေးတာတွေ စတဲ့ အာမခံချက် တွေ မရှိဘူး တိုင်ကြားလို့လဲ အဆင်မပြေကြတာတွေ ရှိတယ်၊ တရားဝင် သွားတဲ့ သူတွေ အနေနဲ့က စာချုပ်ပါ အတိုင်း လုပ်ခလစာ မရတာမျိုး လုပ်ငန်းမတူတာမျိုး၊ အလုပ်သမား အခွင့်ရေး ချိုးဖောက်ခံ ရရင် သက်ဆိုင် အေဂျင်စီ ကနေ တစ်ဆင့် တိုင်ကြားလို့ရတယ်၊ ထိုင်းနိုင်ငံ မှာ ရှိတဲ့ မြန်မာ သံရုံးကို တိုင်လို့ရတယ်၊ သက်ဆိုင်ရာ အေဂျင်စီ ကနေ တစ်ဆင့် ဖြေရှင်းပေးရတယ်၊လုပ်ငန်း ခွင် ထဲမှာ ထိခိုက် နစ်နာခဲ့ရင်လဲ ထိုင်းဥပဒေ အရ အာမခံ ကြေး ရဖို့ အေဂျင်စီက လုပ်ဆောင်ပေးရတယ်၊ဒီလို အကျိုးခံစားခွင့်တွေ ရှိတယ်။

(၆) ကုန်ကျစရိတ် အနေနဲ့ က ဘယ်လောက်ရှိပါသလဲ။

တချို့ အလုပ်တွေက လုပ်ငန်းရှင် ဘက်က အကုန်ကျခံပြီးခေါ်တာ ရှိတယ် အလုပ်သမားက  ပေးစရာ မလိုဘူး၊လုပ်ငန်းခွင် ထဲရောက်သွားပြီ ဆိုရင် နိုင်ငံကူးလက်မှတ်ဖိုး၊ဆေးစစ်ခ အကုန်ပြန်ပေးတယ်၊ အဒါက (zero cost ) ပေါ့၊ နောက်တစ်ခုက  ဝန်ဆောင်ခ နဲ့ ကုန်ကျစရိတ် ကို ကိုယ့်ဘာသာ ပေးပြီး သွားရတာတွေ ရှိတယ်။ဝန်ကြီးဌာန သတ်မှတ်ထားတာက  မြန်မာငွေ ၃၀၀၀၀၀ ကျပ်နဲ့ ထိုင်းဘတ်ငွေ ၇၆၀၀ ရှိတယ်၊ ကိုဗစ်ပြီးကာလ နောက်ပိုင်းမှာတော့ ဝန်ဆောင်ခ လဲ အပြင်မှာ ပြောင်းလဲ လာတယ်၊ခေတ်အခြေနေအရ အခု အပြင်ပေါက်ဈေးကကျပ်သိန်း၂၀နဲ့၃၀ကြားမှာ ရှိပါတယ်။

(၇) MOUနဲ့ သွားပေမယ့် လုပ်ငန်းခွင် ထဲရောက်မှ အလုပ်မလုပ်ရတာတွေ၊လုပ်ခမရတာတွေ ကဘာကြောင့် ဖြစ်တာလဲ ဒီလို ဖြစ်လာရင် ဘယ်လိုတိုင်ကြားနိုင်ပါသလဲ။

MOUနဲ့ သွားပေမယ့် အခုလို ဖြစ်တာတွေ က မြန်မာ ပြည်ဘက်က အေဂျင်စီ အနေနဲ့ အလုပ်လက်မခံ ခင်က ဒီ Demand နဲ့ ပက်သက်ပြီး သေချာ မစစ်ဆေးဘဲ လုပ်တာတွေ ကြောင့် ဖြစ်တယ်၊ အဲ့လို ဖြစ်လာတယ်ဆိုရင် အလုပ်သမား က သူသွားခဲ့တဲ့ အေဂျင်စီ ကို ဆက်သွယ်ပြီး အခြေနေပြောပြရမယ်၊ အေဂျင်စီက လဲပြေလည်အောင် ဖြေရှင်းပေးရမယ်၊ နောက် ထိုင်းမှာ ရှိတဲ့
မြန်မာနိုင်ငံ အလုပ်သမားရုံး ကို ဆက်သွယ် တိုင်ကြားလို့ရပါတယ်။

ကျေးဇူးတင်ပါတယ်။


Related posts

Cover
လာအိုနိုင်ငံသို့ အထည်ချုပ်အလုပ်နဲ့ သွားရောက်လုပ်ကိုင်သူများလာ
Jul 26, 2024
Cover
မလေးရှား နိုင်ငံကို သွားရောက်အလုပ်မယ့် မြန်မာအလုပ်သမား ၈၀ ကျော် ထိုင်းနိုင်ငံမှာ အဖမ်းခံရ
Jul 24, 2024
Cover
အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားတွေကို စီမံချက်နဲ့ ဖမ်းဆီးနေတဲ့အတွက် မြန်မာအလုပ်သမားတွေ စိုးရိမ်နေရ
Jul 24, 2024
Cover
ပြည်ပရောက်အလုပ်သမားတွေရဲ့ကိုယ်ရေးအချက်အလက် ပေးပို့ခြင်းမရှိတဲ့အေဂျင်စီတွေကို လုပ်သားစေလွှတ်မှုဆိုင်းငံ့မယ့်အပြင်ဒဏ်ကြေးပါကောက်ခံမယ်လို့အလုပ်သမားဝန်ကြီးဌာန သတိပေး
Jul 24, 2024
Cover
ဂျပန်ကုမ္ပဏီ ၂၁၀ ကျော်က မြန်မာအလုပ်သမား ၁၁၀၀ ကျော်အလုပ်ခေါ်ယူရန် ကမ်းလှမ်း
Jul 23, 2024
Cover
အိုမန်ရောက် မြန်မာအိမ်အကူအလုပ်သမား ၇၀ ရာခိုင်နှုန်းဟာ ဆင်းရဲဒုက္ခများနဲ့ရင်ဆိုင်နေရ
Jul 23, 2024
Cover
တရုတ်ကို တရားဝင်လုပ်သားစေလွှတ်မှု ပြည်ဝင်ခွင့်ဗီဇာပြဿနာကြောင့် ရပ်ထားရ
Jul 22, 2024
Cover
ရွှေ့ပြောင်းအမျိုးသမီး အလုပ်သမား တွေကို မသင်္ကာမှုနဲ့ အဝတ်ချွတ်စစ်ဆေးဖို့ ပြုလုပ်လို့ အလုပ်သမားတွေတိုင်ကြား
Jul 19, 2024