ထိုင်းနိုင်ငံ၊ ချွန်ဘူလီမြို့၊ ဘောဝင်းတွင်ရှိသော အပူအအေးခွက်ထုတ်လုပ်သည့်စက်ရုံတွင် လုပ်ကိုင်နေသည်မှာ ၃ လမှ ၅ လကျော်ထိရှိကြပြီဖြစ်တဲ့ အလုပ်သမား ၈ ဦးဟာ ဘဏ်ကတ် ဖွင့်မရတာကြောင့် အလုပ်ထုတ်ခံခဲ့ရပြီး ထိတ်လန့်ကြေးနဲ့ နစ်နာကြေးအတွက် အမှုကိုရင်ဆိုင်နေကြောင်း WAG အလုပ်သမား မဟာမိတ်အဖွဲ့မှသိရပါတယ်။
အဆိုပါအလုပ်သမား၈ဦးဟာ ဘတ်ငါးသန်းအေဂျင်စီမှ ၂၀၂၅ မေလ ၇ ရက်နေ့မှာ အလုပ်သွင်းပေးခဲ့တာ ဖြစ်ပြီး လုပ်သက် ၃ လကနေ ၅ လအထိ ရှိပြီဖြစ်ကာ ဘဏ်ကတ် ဖွင့်မရတဲ့ အကြောင်းပြချက်နဲ့ စက်တင်ဘာ၂၂ ရက်တွင် အလုပ်ထုတ်ခံခဲ့ရတာဖြစ်ပြီး စက်တင်ဘာလ လစာကိုလည်းမရှင်းပေးခဲ့ဘူးလို့ သိရပါတယ်။
အလုပ်သမားများသည် WAG အလုပ်သမား မဟာမိတ်အဖွဲ့ထံ အကူညီတောင်းခံခဲ့၍ စက်တင်ဘာ၂၄ရက်တွင်ရအလုပ်သမားများနှင့်တွေ့ဆုံပြီး နယ်မြေခံဆဝါဒီကန်ရုံးသို့ သွားရောက်တိုင်ကြားပေးခဲ့ရာ လုပ်အားခ၊ထိတ်လန့်ကြေးနှင့်နစ်နာကြေးကိုပြန်လည်ရရှိရန်အတွတ် တောင်းဆိုခဲ့ကြကြောင်းသိရပါတယ်။
စက်တင်ဘာ၇ရက်တွင်စက်ရုံမှအလုပ်သမားများ၏ စက်တင်ဘာလ လုပ်ခလစာကိုရှင်းပေးခဲ့သည့်အတွက် နယ်မြေခံ ဆဝါဒီကန်ရုံးတွင် လုပ်အားခမရသည့်ကို အမှုပြန်လည် ပိတ်သိမ်းခဲ့ပြီးထိတ်လန့်ကြေးနှင့်နစ်နာကြေးအတွက် အမှုကို ဆက်လက်ရင်ဆိုင်လျက်ရှိကြောင်းသိရပါတယ်။