NEWS

အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၃၂၀ ဦး နစ်နာကြေး ဘတ် ၃ သန်းကျော်ပြန်လည်ရရှိ

CoverLogo
340 Views
 
ထိုင်းနိုင်ငံ ချာချင်ဆောင်ခရိုင်ရှိ အလုပ်ရုံတစ်ခု က ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်ထုတ်ခံလိုက်ရ တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၃၂၀ ဦး မှာ အလုပ်ထုတ် နစ်နာကြေး ဘတ် ၃ သန်းကျော် ရရှိတယ်လို့ လိုက်ပါကူညီပေးတဲ့ MHACမဟာမိတ်အဖွဲ့ထံမှ သိရပါတယ်။
 
၎င်းမြန်မာအလုပ်သမား ၃၂၀ ဦးဟာ အလုပ်ဝင်ပြီး လေးလ မတိုင်ခင်မှာ ပင် စက်ရုံဘက်မှ ကြိုတင်အကြောင်းမကြားဘဲ အလုပ်မှ ထုတ်ပယ်ခံရတဲ့ အတွက် မကျေနပ်တာကြောင့် ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီပေးနေတဲ့ MHACမဟာမိတ်အဖွဲ့ထံ အကူညီတောင်းခံပြီး အောက်တိုဘာ၄ ရက်နေ့မှာ မြို့နယ်ဆဝါဒီကန်ရုံးကိုတိုင်ကြားခဲ့ရာ ထိုင်းအစိုးရဌာနဆိုင်ရာအသီးသီး နဲ့ MHAC အဖွဲ့တို့ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။
 
အခုလို ကူညီဆောင်ရွက်ပေးမှုကြောင့် အောက်တိုဘာလ ၇ ရက်မှာ အလုပ်သမားတွေ တောင်းဆိုထားတဲ့ အချက်တွေရရှိခဲ့ပြီး နစ်နာကြေးအတွက် လုပ်သက်၃လကျော်သူများ ကို ဘတ် ၁၀၈၀၀နဲ့ လုပ်သက်၃လ မကျော်သေးသူတွေကို ဘတ်၉၀၀၀ သတ်မှတ်ပြီး စုစုပေါင်း အလုပ်သမား ၃၂၀ဦး အတွက် ဘတ် ၃၀၄၅၆၀၀ (၃သန်း၄သောင်း၅ထောင်၆ရာ) အပြင် လုပ်အားခများ စာရွက်စာတမ်းနဲ့ပက်သက်တာတွေပါ ရရှိခဲ့တယ်လို့ သိရပါတယ်။
 
""နစ်နာကြေးက လုပ်သက် ၃လကျော်တဲ့ အယောက် ၉၀ကျော်က တစ်နေ့ဘတ် ၄၀၀ နဲ့တွက်ပြီး တစ်လစာ ၁၀၈၀၀ ဘတ်နဲ့ ၃လမကျော်သေးတဲ့ သူတွေက ဘတ် ၉၀၀၀ ပေးတယ် ပတ်ကန်စခွန်ကြေးက လုပ်သက်နဲ့ ပေးမယ်ပြောတယ် စာရွက်စာတမ်းဖိုးတွေလည်း ပြန်ရတယ်""လို့ အလုပ်ထုတ်ခံရသူ မြန်မာလုပ်သားတစ်ဦးကပြောပါတယ်။
 
ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းလုပ်သားတွေ ကို အခုလို ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်ခံရတဲ့ အမှု တွေ များစွာဖြစ်နေပြီး MHAC မဟာမိတ်အဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ တပတ်တာအတွင်း စက်ရုံအလုပ်ရုံ၈ရုံမှ အလုတ်ထုတ်ခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၃၀၀၀ ကျော်ကို နစ်နာကြေးနဲ့ လုပ်သားအခွင့်ရေးတွေရရှိဖို့ ကူညီပေးခဲ့တယ်လို့သိရပါတယ်။

Related posts

Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026