ထိုင်နိုင်ငံတောင်ပိုင်း ကရာဘီ မှာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် ထုတ်ပေးရေး Mobile Unit တစ်ခုကို ထပ်မံ ဖွင့်လှစ်ပေးမယ်လို့ စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ အတွက် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် CI ထုတ်ပေးရေး စခန်းတွေ ကို ၂၀၂၅ ခုနှစ် ဩဂုတ်လ ၆ ရက်ကစပြီး စမုစခွန်၊စမုပရာကန်၊ချင်းမိုင်နဲ့ဆူရတ်ဌာနီပြည်နယ်တွေမှာ ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံတောင်ပ်ိုင်းမှာ တော့ ဆူရတ်ဌာနီက CI စခန်း တစ်ခုသာရှိတဲ့ အတွက် တောင်ပိုင်းက မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံ အလယ်ပိုင်းမှာတဲ့ ရှိစမုစခွန်နဲ့စမုပရာကန်ရှိ CI စခန်းတွေမှာ လာရောက် လုပ်ဆောင်ရတာကြောင့် ၎င်းစခန်းတွေမှာ ဝန်ထုပ်ဝန်ပိုးတွေဖြစ်ပေါ်နေတယ်လို့ စစ်ကော်မရှင်ရဲ့အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံတောင်ပိုင်း မြန်မာရွှေ့ပြောင်းလုပ်သားတွေ အများဆုံးရှိတဲ့ ဖူးခက်၊ဖန်းငနဲ့ကော်စမွီး စတဲ့ ကျွန်းတွေရှိ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အဆင်ပြေစေဖို့ ကရာဘီမှာ CI ထုတ်ပေးရေး Mobile Unit တစ်ခုကို လာမယ့်အောက်တိုဘာ ၁၀ရက်က စတင်ဖွင့် လှစ်ဆောင်ရွက်ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
CIစာအုပ် ပြုလုပ်ရာမှာ ကုန်ကျစရိတ်ကို ဘတ်၂၆၇၀ သာ ကျသင့်မယ်လို့ စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဌာနက ကြေညာထားပေမယ့် မြေပြင်မှာတော့ သတ်မှတ်ဈေးထက် များစွာကုန်ကျနေတယ်လို့ ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေထံက သိရပါတယ်။