NEWS

စင်္ကာပူတွင် အလုပ်ရမည်ဆိုကာ အမျိုးသမီးတစ်ဦးက လုပ်သား ၇၀ ကျော်ထံမှ သိန်းပေါင်း ၁၂၀၀၀ ကျော် ကို လိမ်ယူပြီးတိမ်းရှောင်နေ

CoverLogo
283 Views
 
စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ ပို့ဆောင်ပေးမယ် ဆိုပြီး အမျိုးသမီးတစ်ဦးက လုပ်သား ၇၀ ကျော် ထံကနေ သိန်းပေါင်း ၁၂၀၀၀ ကျော်ကို လိမ်လည်ယူပြီး ထွက်ပြေးတိမ်းရှောင်နေတယ်လို့ နစ်နာသူ တွေထံ က သိရပါတယ်။
 
ထွက်ပြေးတိမ်းရှောင်နေတဲ့ အမျိုးသမီးဟာ ရန်ကုန်တိုင်း အင်းစိန်မြို့နယ် တောင်သူကုန်း မှာ Original Over sea Employment ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီ လို့ ရုံးခန်း ဖွင့်လှစ်ပြီး ပြည်ပ သွားရောက်ချင်တဲ့ လူငယ်တွေကို စင်္ကာပူ နိုင်ငံက လုပ်ငန်းအသီးသီးမှာ အလုပ်လုပ်ကိုင်နိုင်ရန် ပို့ဆောင်ပေးမယ်ဆိုပြီး တစ်ဦး ကို ကျပ်သိန်း ၅၀ ကနေ ကျပ်သိန်း၂၀၀ ကျော်အထိ ယူဆောင်သွားတယ်လို့ နစ်နာသူ တွေကပြောပါတယ်။
 
""ညီမက သူ့ဆီမှာ အစောဆုံး အလုပ်အပ်သူလို့ပြောလို့ရတယ်။ အခုနှစ်ဇန်နဝါရီလကထဲ က စင်္ကာပူ ကို သူနာပြုနဲ့သွားဖို့ သိန်း ၅၀ သွင်းထားရတယ်။ စင်္ကာပူရောက်ရင် ၂လစာ ကို ဖြတ်မယ်ဆိုပြီး စာချုပ်ချုပ်ခဲ့တာ ပထမပြောတေ့ာသုံးလ လေးလ လောက်ပဲကြာမယ် ဆိုပြီး ရက်တွေ ဟိုနေ့ ဒီနေ့ ဆိုပြီးရွှေ့လာတာ ပြီးခဲ့တဲ့ ၉လ ပိုင်း၂၉ရက်နေ့မှာ ရုံးကိုလည်း သော့ခတ်ပြီး ပိတ်ထားတယ်။ ဆက်သွယ်တာလည်းမရတော့ဘဲ လိမ်ပြေးသွားတာ ညီမက သိန်း၅၀ ဆိုပေမယ့် ညီမသူငယ်ချင်းတွေဆို သိန်း၂၀၀လောက်ပါသွားတာ။ အတိုးတွေနဲ့ ယူပေးရတာလေ အခုတော့ သူတို့ ဒုက္ခအတော်လေးရောက်နေတယ် ပတ်စပို့ တွေလည်း သူ့ဆီပါသွားတော့ ပိုပြီးခက်ခဲကုန်တာပေါ့""လို့ နစ်နာသူ အမျိုးသမီးတစ်ဦးကပြောပါတယ်။
 
အဆိုပါ Original Over sea Employment ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီ အနေနဲ့ ပြည်ပကို ပို့ဆောင်လိုက်တဲ့ လုပ်သားအနည်းငယ်ရှိပေမယ့် ရောက်ရှိသွားသူတွေမှာ အလုပ်အမျိုးအစား ကွဲလွဲတာတွေ စာချုပ်ချုပ်စဉ်ကအတိုင်း မဖြစ်တာတွေ ကြောင့် တစ်ဖက်နိုင်ငံမှာအခက်ခဲတွေ ဖြစ်နေကြတယ်လို့ သိရပါတယ်။
 
""ဦးလေး သူငယ်ချင်းရဲ့ သားက သူ့အေဂျင်စီကနေ စင်္ကာပူကို ရောက်သွားတော့ မှန်ကန်တယ်ထင်ပြီး ဦးသားကို ဟိုတယ် အလုပ်နဲ့ ပို့ဖို့ ၇လပိုင်းက အလုပ်အပ်ခဲ့တာ အခု ၁၀ လပိုင်း ၂ရက်နေ့မှာ လေယာဉ်တတ်ရမယ်ဆိုပြီး ၉လပိုင်း၂၃ရက်မှာအပြီးပိုက်ဆံချေပါဆိုလို့ပေးလိုက်ရတယ် အားလုံးသိန်း၂၀၀ ပေးလိုက်ရတယ်။ အခုဦးလေးသူငယ်ချင်းရဲ့သားလည်း ဒီမှာစာချုပ်ချုပ်တော့၂နှစ်ဆိုပြီး ဟိုရောက်တော့ ၃လ ဘဲ ရတယ် တချို့စင်္ကာပူ ဆိုပြီး ထိုင်းရောက်သွားတာတွေ၅ယောက်လောက်ရှိတယ်။ သူတို့တွေလည်းဟိုမှာဒုက္ခရောက်နေတယ် အခု ရုံးပိတ်ပြီး ထွက်ပြေးတယ်လို့ သတင်းကြားတော့ သူ့ဆီမှာ အလုပ်အပ်ထားတာ ဦးစာရင်းလုပ်ထားတာကိုဘဲ ၅၆ ယောက်ရှိတယ် အလုပ်အမျိုးမျိုးနဲ့ အကြွေးစနစ်နဲ့မို့သိန်း၅၀ပါသွားတာမျိုး အပြည့်ပေးချေတဲ့သူတွေ က သိန်း၁၅၀၊သိန်း၂၀၀ တွေပါသွားကြတာ ""လို့ နစ်နာသူလုပ်သားရဲ့ဖခင်ဖြစ်သူဦးအောင်မင်းကပြောပါတယ်။
 
အခုလို လုပ်သား ၇၀ ကျော်ထံမှ ငွေကြေးကျပ်သိန်း ၁၂၀၀၀ ကျော် လိမ်လည်ပြီး ထွက်ပြေးတိမ်းရှောင်တဲ့ အမျိုးသမီး ကို နစ်နာသူတွေက အင်းစိန်မြို့နယ်ရဲစခန်းနဲ့လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ထံ တိုင်ကြားထားကြောင်း သိရပါတယ်။
 
""ရုံးခန်းပိတ်တယ်လို့ ကြားတော့ နစ်နာသူတွေ အယောက် ၆၀ လောက်ရောက်လာတယ် သူတို့နေအိမ်ကိုလိုက်သွားတော့ လိမ်သွားတဲ့အမျိုသမီးရဲ့ အမျိုးသားကိုတွေ့တယ်။ ဒါနဲ့သူ့အမျိုးသားနဲ့ဝန်ထမ်းတွေကို ​တွေကို ရဲစခန်းကို ပို့တယ် ၃၀ရက်နေ့ပေါ့ အဲ့နေမှာ လိမ်သွားတဲ့ အမျိုးသမီးနဲ့ ဖုန်းအဆက်သွယ်ရတော့ လာဖြေရှင်းပေးမယ်လို့ပြောတယ်။ နောက်အဲ့ညမှာဘဲ စခန်းမှာ တပ်မတော်ဘက်က အရာရှိတစ်ယောက်က အာမခံနဲ့ သူ့အမျိုးသားနဲ့ဝန်ထမ်းတွေ ကို ထုတ်ပေးလိုက်တယ် သိရတယ်။ လက်ရှိအချိန်ထိ ဘာအဆက်သွယ်မှမရသေးပါဘူး""လို့ ဦးအောင်မင်းကရှင်းပြပါတယ်။
 
လက်ရှိမှာ ငွေကြေးများစွာ လိမ်လည်ခံလိုက်ရတဲ့ လုပ်သား ၇၀ကျော်မှာ အခက်ခဲ ဒုက္ခ များစွာ ရင်ဆိုင်နေရပြီး တိမ်းရှောင်နေတဲ့ အမျိုးသမီး ကို လာရောက်ဖြေရှင်းပေးဖို့ လူမှုကွန်ယက်စာမျက်နှာ တွေကနေတစ်ဆင့် အသိပေးထားပါတယ်။

Related posts

Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026