NEWS

စာချုပ်ချုပ်ထားပြီးတဲ့ လုပ်သား ၁၀၀၀၀ ခန့်ပြည်ပထွက်ခွင့် ရရေးမျှော်လင့်

CoverLogo
571 Views

မေလ၂ရက်ကစပြီး အလုပ်သမားဝန်ကြီးဌာန ထံ  ပြည်ပအလုပ်ခေါ်စာ  Demand Letter အသစ် တင်ပြ ခွင့်ရပြီ လို့ဆိုထားပေမယ့်  ပြည်ပ သွားရောက် အလုပ်လုပ်ရန် စာချုပ်ချုပ် ထားပြီးတဲ့ လုပ်သား ၁၀၀၀၀ ခန့်လည်း အလုပ်လုပ်ခွင့်  လိုလား နေတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။ 

 

ပြောင်းလဲလိုက်တဲ့  ပြည်ပလုပ်သားစေလွှတ်ရေး မူဝါဒတွေ အရ လိုင်စင်ရအေဂျင်စီ တစ်ခုလျင် နိုင်ငံအလိုက်  လုပ်သားဦးရေ ကန့်သက် ခွင့်ပြု လိုက်တဲ့ အတွက် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ရက် မတိုင်ခင်က တင်ပြထားတဲ့ Demand Letter တွေအပါအဝင် ထပ်မံတင်ပြမယ့် Demand Letter အသစ်တွေကို သတ်မှတ် လူဦးရေ အတိုင်း ပြင်ဆင်ပြီး အလုပ်သမားဝန်ကြီးဌာနကို မေလ၂ရက် မှ စတင် တင်ခွင့်ပြုတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။ 

 

အခုလို အလုပ်ခေါ်စာ အသစ် တွေ ကို ပြောင်းလဲ လိုက်တဲ့ မူဝါဒ အတိုင်း လုပ်သားဦးရေ အကန့်အသက်နဲ့ တင်ခွင့်ရပြီ ဖြစ်ပေမယ့်  ၂၀၂၅ခုနှစ် ဇန်နဝါရီ ၃၀ ရက် မတိုင်ခင်အထိ  ပြည်ပကို အလုပ်သွားရောက် လုပ်ကိုင်ဖို့ EC စာချုပ် ချုပ်ထားပြီး ထွက့်ခွင့်မရသေးတဲ့ လုပ်သားဦးရေ ၁၀၀၀၀ ခန့်  ရှိသေးတယ်လို့ သိရပါတယ်။ 

 

ဒါ့အပြင် EC စာချုပ် ချုပ် ပြီး ဖြစ်တဲ့ အမျိုးသား အသက် ၁၈ နှစ်မှ ၃၅နှစ် အတွင်းရှိ လုပ်သားတွေကိုလည်း ပြည်ပထွက်ခွာခွင့် ပိတ်ထားတဲ့ အတွက် ဖြေလျှော့ပြီး စေလွှတ်ခွင့်ပြုစေချင်တယ်လို့ လည်း ဆိုပါတယ်။ 

 

""အခုက အေဂျင်စီ တော်တော်များများ  Demand Letter အသစ် တင် ဖို့ထက် အရင်စာချုပ် ချုပ်ထားတဲ့ သူတွေ အမြန် ထွက်ရ ဖို့ ကို ပိုပြီး လိုလားကြတယ် စာချုပ် ချုပ်ထားပြီး မှ မထွက်ရရင် အေဂျင်စီ ဘက်ကော သွားမယ့်လုပ်သား ဘက်မှာရောအခက်ခဲ ဆုံးရှုံးနစ်နာမှုတွေ ဖြစ်တော့မှာ ဒါကြောင့် အလုပ်သမားဝန်ကြီးဌာနကို စာချုပ်ချုပ်ပြီးတဲ့ လုပ်သားတွေ အမြန်ဆုံး လုပ်သားတွေကို စေလွှတ်ခွင့် ပြုဖို့ တောင်းဆိုပါတယ်""လို့ လိုင်စင်ရအေဂျင်စီတစ်ခုမှ တာဝန်ရှိသူကပြောပါတယ်။

 

မေလ၂ ရက် မှာလည်း လိုင်စင်ရအေဂျင်စီ အချို့  အလုပ်ခေါ်စာအသစ် တင်ပြ တာ တွေရှိပေမယ့် အလုပ်သမားဝန်ကြီးဌာနဘက်မှ မည်သို့ အကြောင်းပြန်မည်ကို  စိုးရိမ်ကြောင်း လိုင်စင်အေဂျင်စီတွေထံ မှသိရပါတယ်။ 

 

"" အရင် တင်ထားတဲ့ Demand Letter မှာ လူဦးရေ ခွင့်ပြုထားတဲ့ လူဦးရေထက် ကျော် နေလို့ ဒီနေ့ ပြန်တင်လိုက်ပေမယ့် ဝန်ကြီးဌာနဘက်က ဘယ်လို အကြောင်းပြန်မလဲ စောင့်ကြည့်ရမှာပေါ့ အခုက တစ်မျိုးမဟုတ် တမျိုး ပိတ်သလို ဖြစ်နေတော့ အေဂျင်စီတွေလည်း စိုးရိမ်စိတ်တွေနဲ့ အလုပ်လုပ်နေရတယ်""လို့ ထိုင်းနိုင်ငံကို လုပ်သားစေလွှတ်နေတဲ့လိုင်စင်ရအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ 

 

အလုပ်သမားဝန်ကြီးဌာနရဲ့ ပြည်ပသို့ မြန်မာလုပ်သားစေလွှတ်ရေး နဲ့ပက်သက်တဲ့ လုပ်ငန်းစဉ် မူဝါဒပြောင်းလဲ မှု တွင် လိုင်စင်ရအေဂျင်စီ တစ်ခု ကိုတစ်လ လျှင်  ထိုင်းနိုင်ငံ အတွက် လုပ်သား၅၀၊ ဂျပန်နိုင်ငံ အတွက် လုပ်သား၁၅ဦး၊ မလေးရှားနိုင်ငံအတွက် လုပ်သား၂၀ဦး၊ ကိုရီးယားနိုင်ငံ အတွက် ၁၀ဦး၊ စင်ကာပူနိုင်ငံ အတွက် လုပ်သား၅ဦးနဲ့ အခြားနိုင်ငံ တွေ အတွက် လုပ်သား ၁၀ ဦးသာ အလုပ်ခေါ်စာ တင်ပြခွင့်ပြုမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။ 

 


Related posts

Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်
Mar 18, 2026
Cover
Chi Mai အထည်ချုပ် ရှောင်တခင်ခွင့် ကြိုတင်ခွင့်တင်ဟုဆို ၊ လုပ်သက်ခွင့်ကြေးလည်း မပေး
Mar 18, 2026
Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
Win Land စက်ရုံ စစ်ဆေးရေးအတွက် စက်ရုံပိတ်ပြီး ရက်စားဆင်းခိုင်း၊ အချိန်ပိုမဆင်းလို့ အလုပ်ထုတ်
Mar 18, 2026
Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026