NEWS

ဂျပန်ရောက် မြန်မာတွေ ဆူနာမီသတိပေးချက်ကို အလေးထားနားစွင့်ဖို့ အသိပေး

CoverLogo
391 Views
ဂျပန် နိုင်ငံရောက်မြန်မာ နိုင်ငံသားတွေ အနေနဲ့ ဆူနာမီသတိပေးချက် ကို အလေးထားနားစွင့်နေ ဖို့ တိုကျိုမြို့ရှိ မြန်မာသံရုံးကအသိပေးထားပါတယ်။
 
ဇူလိုင်လ ၃၀ ရက် မနက် ၈နာရီ ၂၅မိနစ် က ရုရှားနိုင်ငံ ကမ်ချတကျွန်းဆွယ်အနီး လှုပ်ခတ်ခဲ့ တဲ့ ပြင်းအား ၈.၇ မဂ္ဂနီကျုရှိ ငလျင်ကြောင့် ဂျပန်ကမ်းရိုးတန်းတစ်လျှောက် မှာ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားပါတယ်။
 
ဂျပန်မိုးလေဝသဌာနက ဂျပန်ကမ်းရိုးတန်းတစ်လျှောက်ရှိ ဟိုကိုင်းဒိုးပြည်နယ်မှ ဝါကာယာမပြည်နယ်အထိ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားပါတယ်။
 
ဒါကြောင့် ၎င်းဒေသ တွေ မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ဆူနာမီသတိပေးချက် အလေးထားနားစွင့်ပြီး ကုန်းမြင့်ဒေသများမှာ နေထိုင်ကြဖို့ ဆူနာမီ သတိပေးချက် ရုပ်သိမ်းခြင်းမပြုမီ ကမ်းရိုးတန်းဒေသများသို့ သွားလာခြင်း ကို လည်း ရှောင်ရှားကြဖို့ တိုကျိုမြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။
 
ယနေ့မနက်လှုပ်ခတ်တဲ့ ၈ ဒသမ ၈အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် အမေရိကန် ဟာဝိုင်အီကျွန်းနဲ့ဂျပန်ကမ်းရိုးတန်း မှာ လေးပေအမြင့်ရှိ ဆူနာမီလှိုင်းတွေ စတင်ရောက်ရှိလာတယ်လို့နိုင်ငံတကာသတင်းတွေအရသိရပါတယ်။

Related posts

Cover
CI လျှောက်ထားမှု အတွက် ဝမ် ၃ သောင်းသို့ ပြောင်းလဲကောက်ခံမည်ဟုတောင် ကိုရီးယားရှိ မြန်မာသံရုံးကြေညာ
Feb 09, 2026
Cover
ဘန်ကောက် တွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ကရိန်းပြိုကျသဖြင့် မြန်မာလုပ်သား၂ဦး ဒဏ်ရာရရှိ
Feb 07, 2026
Cover
ထိုင်းတွင် မြန်မာလုပ်သားများတင်ဆောင်လာသည့် ကား ယာဉ်တိုက်မှုဖြစ်သဖြင့် ၁၈ဦး ထိခိုက်ဒဏ်ရာရ
Feb 07, 2026
Cover
အမျိုးသား အသက်၃၅နှစ်အထက်နှင့်အမျိုးသမီး အသက်၂၇နှစ်အထက်များကိုသာ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP) ထုတ်ပေးဟု မူဆယ် လ၀က ကြေညာ
Feb 06, 2026
Cover
ပွဲစားခ ဘတ် ၄ သောင်းပေးပြီး လာရတဲ့ မြန်မာလုပ်သား ၁၃ ဦး လမ်းဘေးမှာ ပစ်ထားခံရ၍ အဖမ်းခံရ
Feb 06, 2026
Cover
ကားတိုက်ခံရပြီး ဒဏ်ရာအပြင်းထန်ရနေသည့် မြန်မာအလုပ်သမားကို ယာဉ်ပိုင်ရှင် မှ တာဝန်ယူမှုမရှိဟုဆို
Feb 05, 2026
Cover
ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် မြေပြိုမှုတွင် မြန်မာလုပ်သားတစ်ဦး သေဆုံး
Feb 05, 2026
Cover
ပဋိပက္ခတွေကြောင့် ထိခိုက်နေရသည့် မြန်မာပြည်သူတွေအတွက် EU က ယူရို ၆၃ သန်း ထောက်ပံ့မည်
Feb 04, 2026