ဂျပန် နိုင်ငံရောက်မြန်မာ နိုင်ငံသားတွေ အနေနဲ့ ဆူနာမီသတိပေးချက် ကို အလေးထားနားစွင့်နေ ဖို့ တိုကျိုမြို့ရှိ မြန်မာသံရုံးကအသိပေးထားပါတယ်။
ဇူလိုင်လ ၃၀ ရက် မနက် ၈နာရီ ၂၅မိနစ် က ရုရှားနိုင်ငံ ကမ်ချတကျွန်းဆွယ်အနီး လှုပ်ခတ်ခဲ့ တဲ့ ပြင်းအား ၈.၇ မဂ္ဂနီကျုရှိ ငလျင်ကြောင့် ဂျပန်ကမ်းရိုးတန်းတစ်လျှောက် မှာ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားပါတယ်။
ဂျပန်မိုးလေဝသဌာနက ဂျပန်ကမ်းရိုးတန်းတစ်လျှောက်ရှိ ဟိုကိုင်းဒိုးပြည်နယ်မှ ဝါကာယာမပြည်နယ်အထိ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် ၎င်းဒေသ တွေ မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ဆူနာမီသတိပေးချက် အလေးထားနားစွင့်ပြီး ကုန်းမြင့်ဒေသများမှာ နေထိုင်ကြဖို့ ဆူနာမီ သတိပေးချက် ရုပ်သိမ်းခြင်းမပြုမီ ကမ်းရိုးတန်းဒေသများသို့ သွားလာခြင်း ကို လည်း ရှောင်ရှားကြဖို့ တိုကျိုမြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။
ယနေ့မနက်လှုပ်ခတ်တဲ့ ၈ ဒသမ ၈အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် အမေရိကန် ဟာဝိုင်အီကျွန်းနဲ့ဂျပန်ကမ်းရိုးတန်း မှာ လေးပေအမြင့်ရှိ ဆူနာမီလှိုင်းတွေ စတင်ရောက်ရှိလာတယ်လို့နိုင်ငံတကာသတင်းတွေအရသိရပါတယ်။