အာဏာရှင်ဆန်ဆန် လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုများပြုလုပ်နေဟုဆို

cover
profile
May 4, 2023

ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ် ၁၄ လမ်းဆုံအနီးစက်ဆရာ ဦးထွန်းလှလမ်းမှာ အလုပ်သမား ၁၀၀၀ ကျော်နဲ့ ဖွင့်လှစ်လုပ်ကိုင်နေတဲ့ Lucky Fortune Co.,Ltd မှာ  အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ ရှိနေပြီး တိုင်ကြားရန်ခက်ခဲနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
အဲ့ဒီလုပ်ငန်းခွင်မှာ အလုပ်သမားသမဂ္ဂဖွဲ့ စည်းထားတာမရှိဘဲ အလုပ်ရှင် ဘက်ကဖွဲ့စည်းပေးထားတဲ့ လုပ်ငန်းခွင်ညှိနှိုင်းရေး ကော်မတီဖွဲ့ထားပြီး အဲ့ဒီကော်မတီကို SMART Myanmar  အဖွဲ့ က သင်တန်းပို့ချတာ အော်ဒါရှာပေးတာ တွေပြုလုပ်လျက်ရှိပြီး လုပ်ငန်းခွင်ထဲမှာ ဖိအားပေးခိုင်းစေတာတွေ ပိုများလာတယ်လို့ အမည်မဖော်လိုတဲ့ အလုပ်သမားကပြောပါတယ်။
"SMART Myanmar ကနေပြီးတော့ WCC ကိုသင်တန်းပေးတယ် အော်ဒါရှာပေးတယ် ဒါပေမဲ့ အလုပ်သမားတွေ အတွက်ကောင်းတာမရှိဘဲ ပိုပြီး ဖိအားပေးခိုင်းတာခံရတယ် ဥပဒေလည်းချိုးဖောက်ခံနေရတယ် အလုပ်ရှင်နဲ့ သူတို့တွေ ပဲအဆင်ပြေတယ်" လို့ လုပ်ငန်းခွင်မှာ လုပ်ကိုင်နေတဲ့ အလုပ်သမားကပြောပါတယ်။
မကြာသေးမီက  စစ်ကောင်စီအတွက် ယူနီဖောင်များကိုလည်း အလုပ်သမားကို ချုပ်ခိုင်းခြင်း၊ လုပ်ငန်းခွင်အတွင်းသို့လည်း စစ်ကောင်စီဘက်မှ မကြာခဏလာရောက်ခြင်း စစ်ကောင်စီဘက်က လုပ်ငန်းခွင်ထဲလာမည်ဆိုလျှင် အလုပ်သမားများကို လုံးဝဖုန်းကိုင်ခွင့်မပေးတော့ခြင်း စတာတွေ ပြုလုပ်တယ်လို့ အမည်မ ဖော်လိုတဲ့ သတင်းရင်းမြစ်ထံကသိရပါတယ်။
အလုပ်သမားတွေ ကို လစာပေးရာတွင်လည်း ပွင့်လင်းမြင်သာမှုမရှိတာ ၊ လစာအမှားအမှန်များကိုလည်း ပြောခွင့်မရှိသလို အလုပ်သမားများကလည်း မပြောရဲတဲ့  အခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့အဆိုပါ စက်ရုံမှာ ZARA အမှတ်တံဆိပ် အင်္ကျီ ဘောင်းဘီတွေ ချုပ်လုပ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ထပ်ချိုးဖောက်မှုအနေနဲ့ အလုပ်ချိန် ၈ နာရီ မတ်ုင်ခင် ၇ နာရီ ၄၅ မိနစ်မှာ ကတည်းကလုပ်ငန်းခွင်ထဲဝင်ပြီးအထည်ချုပ်ခိုင်းတာ သတ်မှတ်ချိန် ၈နာရီအတိမှ အလုပ်စလုပ်လျှင် မခံမရပ်နိုင်အောင် ပြောဆိုနေခြင်း၊ အော်ဟစ်ခြင်း စတာတွေကြောင့် တစ်ချို့သော အလုပ်သမားများက ပြောဆိုခံရမှာ ကြောက်သည့်အတွက် (၇း၄၅) အချိန်ထဲက အထည်ကိုချုပ်နေရတယ်လို့ ပြောပါတယ်။
အလားတူ ထမင်းစားချိန်ဆိုလျှင်လည်း ထမင်းစားချိန်က မိနစ် (၃၀) အချိန်ရပြီး  အလုပ်သမားများကို (၁၀)မိနစ်ဖြင့် အမြန်စားခိုင်းကာ အထည်ချုပ်ခိုင်းနေခြင်း၊ (၁၀) မိနစ်ဖြင့် ထမင်းစားမပြီးလျှင် စူပါ၊ အောစူပါများမှ ပြောဆိုခြင်း၊  အော်ဟစ်နေခြင်း၊ ဆဲဆိုခြင်းများ ခံရတယ်လို့ ဆိုပါတယ်။
ထပ်မံပြီးလည်း လုပ်ငန်းခွင်ထဲတွင် အလုပ်သမား တစ်ဦးမချုပ်လုပ်နိုင်သော စံချိန်များကို တောင်းခံရာတွင်  မိနစ် (၄၀)ကို‌ ဘောင်းဘီ (၄၅) ထည်အထိ တောင်းခံခြင်း၊ အင်္ကျီ အထည်ဆိုလျှင် (၃၅)ထည်အထိ တောင်းခံခြင်း၊ အလုပ်သမားများမှ ရေမသောက်၊ အိမ်သာမသွားပဲချုပ်နေသော်လည်း အလုပ်ရှင်ဘက်က တောင်းတဲ့စံချိန်ပြည့်မှီရန် ခက်ခဲ့နေခြင်းကို ဖိအားပေးပြီး မရရအောင် ချုပ်ခိုင်းခြင်း၊ အလုပ်ရှင်ဘက်မှ တောင်းခံသည့် စံချိန်မပြည့်လျှင် ဆဲဆိုခြင်း၊ အော်ဟစ်ခြင်း၊ ရိုင်းစိုင်းစွားပြောဆိုခြင်းများ ပြုလုပ်တယ်လို့ အလုပ်သမားကပြောပါတယ်။
ကိုယ်၀န်ဆောင် အမျိုးသမီးများကိုလည်း သက်ညှာပြီး ခိုင်းစေတာမရှိဘဲ ၊ တန်းတူအထည်များတောင်းခံခြင်း၊ ကိုယ်၀န်ဆောင်သယ်များ ဖယ်ရီကားစီးရာတွင် အဆင်ပြေသည့်အတွက်သွားရောက်ပြောပြရာတွင် လုပ်ဆောင်ပေးခြင်းမရှိဘူးလို့ဆိုပါတယ်။
လုပ်ငန်းခွင်ထဲမှာ ရာထူးအလိုက်  စူပါ၊ အောစူပါများကိုသာ မြှောက်ပင့်ပေးထားခြင်း၊လစာ‌ကောင်းကောင်း ပေးထားပြီး၊ အလုပ်သမားများကို ဖိနှိပ်ခိုင်းစေသလို၊ အာဏာရှင်ပုံစံ လုပ်ငန်းခွင်ထဲ ဆက်ဆံနေကြခြင်းဖြစ်တယ်လို့ အလုပ်သမား က ပြောဆိုပါတယ်။
လုပ်ငန်းခွင်ထဲတွင် "အလုပ်သမားများအတွက်  သောက်ရေ ပြတ်တောက်ခြင်း၊ ရေမကောင်းခြင်း၊ အလုပ်လုပ်နေရင်း ထိခိုက်မှုတစ်စုံတစ်ရာရှိလျှင်လည်း ဆေးခန်းထဲတွင် မည်သည်ဆေးမျှမရှိဘဲ အလုပ်သမားများမှာ မိမိတို့ပိုက်ဆံစုပြီး ဝယ်သုံးရခြင်း၊ အလုပ်သမားများ ခံစားခွင့်ဖြစ်သော ရှောင်တခင်ခွင့်၊ ဆေးခွင့်များ မရရှိခြင်း၊ ခွင့်တိုင်သော်လည်း ခွင့်မပေးသည့်အတွက် ဒေးကြေး (၅၂၀၀)၊ ရက်မှန်ကြေး (၁၀၀၀၀)ကျပ်၊ စုစုပေါင်း( ၁၅၂၀၀) ကျပ် ဖြတ်တောက်ခံရတယ်"လို့ အလုပ်သမားကပြောပါတယ်။
WCC ဆိုသည်မှာလည်း  အလုပ်သမားများ အခက်ခဲများကို လုပ်ငန်းခွင်ထဲ ဆွေးနွေးမှုပြုလုပ်ပေးရမည်ဟု နားလည်ထားပေမယ့်  WCC ကိုယ်စားလှယ် များက အလုပ်ရှင်စိတ်ကြိုက် လုပ်ဆောင်နေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
"အလုပ်သမား ကိုယ်စားလှယ်များကိုလည်း အလုပ်သမားစိတ်ကြိုက်ဖြစ်သော ကိုယ်စားလှယ်များ ရွေးချယ်ခွင့်မရရှိခြင်း၊ အလုပ်ရှင်ဘက်မှ ကြိုက်နှစ်သက်သော သူများကိုသာ ရွေးချယ်ထားပြီ၊ အလုပ်သမားများ ဥပဒေနားမလည်းတဲ့အပေါ်၊ WCCကို မည်သို့ဥပဒေနှင့် အညီရွေးချယ်ရမလဲ မသိတဲ့အပေါ် အလုပ်ရှင်က အခွင့်ကောင်းယူပြီး၊ အလုပ်ရှင်က ပြောတဲ့အတိုင်း လိုက်ပါဆောင်ရွက်မည်သူကို အလုပ်ရှင်က လက်တစ်လုံးခြားလုပ်ပြီ WCCကို ရွေးချယ်လိုက်ပါတယ်။ ၎င်း WCC များသည်လည်း လုပ်ငန်းခွင်ထဲ ပြသာနာ တစ်စုံတစ်ရာရှိခြင်း၊  အလုပ်ရှင် ဥပဒေနှင့်မညီဘဲ လုပ်နေသည့်အချက်တွေ ရှိနေလျှင်လည်း အလုပ်သမား ကိုယ်စားလှယ်ဆိုသူများက  အလုပ်ရှင် ကိုယ်စားလှယ်နဲ့ သွားရောက်ဆွေးနွေးခြင်း မရှိခြင်း၊ အလုပ်ရှင်ဘက်က အချိန်ပိုအိုတီ အလုပ်သမားများကို ခေါ်လျှင် အလုပ်သမားသဘောဆန္ဒကို မေးမြန်းခြင်းမရှိဘဲ ၊ အလုပ်ရှင်နှင့် WCCတို့မှ ပူးပေါင်းလုပ်ဆောင်ပြီး၊ အလုပ်သမား ကိုယ်စားလှယ်များကလည်း အလုပ်သမားများကို အချိန်ပိုအိုတီ ဆင်းချင်လားမဆင်ချင်းလား မမေးမြန်းဘဲ   အလုပ်သမားများ မသိအောင် အချိန်ပိုအိုတီခေါ်ခွင့်ရအောင် လက်မှတ်ထိုးပေးလိုက်တာမျိုးတွေထိလုပ်ဆောင်နေတယ်" လို့လည်း အလုပ်သမားကပြောပါတယ်။
အလုပ်သမား တွေရဲ့ တောင်းဆိုချက်များအနေနဲ့ 
၁။ အလုပ်သမားများ ခံစားခွင့်ရှိသော ဥပဒေပါ ခံစားခွင့်များကို ခံစားခွင့်ပြုရန်။
၂။ လုပ်ငန်းခွင်ထဲက ဆေးခန်းထဲတွင် ဥပဒေနှင့်အညီ ဆေးများ စီစဥ်ဆောင်ရွက်ပေးရန်။
၃။ စံချိန်များကို အလုပ်သမားတစ်ဦးချုပ်လုပ်နိုင်သော စံချိန်ကို တောင်းခံရန်၊ စံချိန်တောင်းခံရာတွင် ဆဲဆိုခြင်းများ မပြုလုပ်ရန်။
၄။ WCC များမှာ မိမိတို့သဘောဆန္ဒအတိုင်း မလုပ်ဆောင်ဘဲ အလုပ်သမားများကို မေးမြန်းစေရန်နှင့် အလုပ်ရှင်မှ ဆောင်ရွက်ခိုင်းတိုင်း မပြုလုပ်ရန်။
၅။ ကိုယ်ဝန်ဆောင် အမျိုးသမီးများကို သက်ညှာစွာ ခိုင်းစေရန်နှင့် ဖယ်ရီစီးရာတွင် အန္တာရယ်ကင်းစွာ စီးခွင့်ရအောင် ဆောင်ရွက်ပေးရန်။
၆။ အလုပ်သမားများ၏ သတ်မှတ်ထားသော အလုပ်လုပ်ချိန်ရောက်မှ  အလုပ်ခိုင်းစေရန်နှင့် ထမင်းစာချိန် မိနစ်(၃၀)ကို အပြည့်အဝ ထမင်းစားခွင့် ပေးရန်တောင်းဆိုလိုတယ်လို့ဆိုပါတယ်။ 
#MyanmarLabourNews

599 Views

Related News

cover
Myanmar Jiale Fashion စက်ရုံတွင် လ ၂၀ စာဖြတ်တောက်ထားတဲ့ လစာ ၁၅ ရာခိုင်နှုန်းကို ပြန်လည်ရရှိလိုဟု အလုပ်သမားတွေတောင်းဆို
Jun 9, 2023
cover
ဒေးကြေး တိုးပေးရန် တောင်းဆိုမှုအား စက်ရုံဘက်မှ တုန့်ပြန်မှု မရှိ၍ Gainway International (Myanmar) Garment လုပ်သားများ ဆန္ဒပြ
Jun 9, 2023
cover
အချိန်ပိုကြေးများ ဥပဒေနှင့်အညီမရရှိတဲ့ အပြင် အချိန်ပိုမဆင်းပါက ဂရိတ်ကြေးအဆင့်ချခြင်းနှင့် ဖိအားပေးပြောဆိုမှုများရှိကြောင်း Universal Apparel Co,Ltd အထည်ချုပ်အလုပ်သမားများပြောကြား
Jun 8, 2023
cover
ဒေးကြေး ၅၆၀၀ ကျပ်မရရှိဘဲ ကျွမ်းကျင်ကြေးဖြင့်သာ အလုပ်သမားတောင်းဆိုမှုရပ်ဆိုင်းခဲ့ရ
Jun 7, 2023
cover
Myanmar Knitting အထည်ချုပ်စက်ရုံတွင် အလုပ်သမားသမဂ္ဂအားဖြိုခွင်းပြီး လုပ်ငန်းခွင်ချိုးဖောက်မှုများပြုလုပ်နေ
Jun 7, 2023
cover
နေ့စားအလုပ်သမားတွေ ၁ ရက် ၃၆၀၀ ကျပ်ဖြင့်လုပ်ကိုင်နေရ၊ ခွင့်ယူပါက တစ်ခါတည်း အလုပ်ထုတ်ခံရ ပြီး အလုပ်သမားအခွင့်အရေးများ ဆုံးရှုံးမှုများဖြစ်ပေါ်နေတယ်လို့ HEN BO Myanmar အထည်ချုပ်အလုပ်သမားတွေပြော
Jun 6, 2023
cover
မြန်မာပေါင်ချိန်ဖိနပ်စက်ရုံက အလုပ်သမားများလုပ်ခလစာတိုးပေးဖို့တောင်းဆိုမည်
Jun 6, 2023
cover
အလုပ်သမားတစ်ထောင်ကျော်ရှိတဲ့ ကျင့်ကျန့်ထုန်လီ အထည်ချုပ်စက်ရုံလုပ်သားများ တစ်နေ့လုပ်ခ ၅၆၀၀ ကျပ်ရရှိသည်အထိတောင်းဆိုမယ်ဟုဆို
Jun 6, 2023
cover
Yuan Hong Garment စက်ရုံမှာ အလုပ်သမားအခွင့်အ​ရေးချိုးဖောက်မှုရှိများရှိနေဟုဆို
Jun 6, 2023
cover
အနည်းဆုံးလုပ်ခ ၅၆၀၀ ကျပ်ပေးဖို့ Honor Apparel စက်ရုံအလုပ်သမား ၁၀၀၀ ကျော်လုပ်ငန်းခွင်အတွင်းငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်
Jun 6, 2023



About Us

To uphold the rule of law needed to improve the social-economic life of the working class in Myanmar. To help the transition to democracy as media role in the workforce gender equity.

Contact Us

Download App

applegoogle