အမြဲတမ်းဝန်ထမ်းအဖြစ်မှ နေ့စားအဖြစ်သို့ ပြောင်းလဲခန့်အပ်တာတွေ များလာ

cover
profile
Mar 7, 2023

၂၀၂၃ ခုနှစ် စက်မှုဇုန် စက်ရုံအလုပ်ရုံကဏ္ဍမှ  အလုပ်သမားတွေကိုအလုပ်အကိုင် ဖန်တီးပေးရာမှာ နေ့စားအဖြစ်သာ ခန့်ထားမှုတွေပိုမိုများပြားလာတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာကတည်းက  စက်ရုံအလုပ်ရုံတွေအများစုမှာ နေ့စားအလုပ်သမားတွေ အများအပြားခန့်ထားတာတွေရှိပြီး အချို့စက်ရုံအလုပ်ရုံတွေမှာဆိုရင် အမြဲတမ်း အလုပ်သမားထက် နေ့စားအလုပ်သမားတွေက ပိုများနေတာကိုလည်း အလုပ်သမားတွေရဲ့ ပြောပြချက်အရသိရပါတယ်။

ယင်းကဲ့သို့ နေစား သို့မဟုတ် ယာယီအလုပ်သမားတွေကို ခန့်ထားပြီး လုပ်ခလစာပေးချေမှုလျော့ချတဲ့နည်းလမ်းနဲ့ စီမံလုပ်ကိုင်နေတာဟာ အလုပ်သမားအတွက် နစ်နာမှုတွေပိုများလာပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုသာပိုမြင့်တက်လာတယ်လို့ ပြည်တွင်း အလုပ်သမားအရေး လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ပါတယ်။

အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေအရ အလုပ်ရှင်အနေနဲ့ အလုပ်သမားအား ခန့်အပ်ပြီးပါက ရက်ပေါင်း ၃၀ အတွင်း   အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် EC ချုပ်ဆိုရမှာဖြစ်ပြီး အစမ်းခန့်ကာလသတ်မှတ်နိုင်သလို အမြဲတမ်းဝန်ထမ်းအဖြစ်လည်း တိုက်ရိုက်ခန့်ထားနိုင်တယ်လို့ ဖော်ပြထားပါတယ်။

အစမ်းခန့်ကာလသတ်မှတ်ရာမှာ အများဆုံး ၃ လအထိခန့်ထားနိုင်ပြီး အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်ထားရမှာဖြစ်ပေမယ့် ပြည်တွင်းက စက်မှုဇုန်တွေမှာတော့ အလုပ်ဖြုတ်ပစ်ပြီး ပြန်လည် အစမ်းခန့်တာ  တွေ ထပ်ခါတလဲလဲ ပြုလုပ်နေတာနဲ့ နေ့စားအဖြစ်သာ ခိုင်းစေတာတွေ ကြောင့် အလုပ်သမားအတွက် နစ်နာမှုတွေ ဖြစ်ပေါ်နေတာဖြစ်တယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေထံကသိရပါတယ်။

"နေ့စားသမားတွေကို ခေါ်ခိုင်းတဲ့နေရာမှာ ဘယ်လိုနစ်နာမှုရှိနိုင်လဲဆိုတော့ အလုပ်သမားတွေအတွက် အများကြီးနစ်နာမှုရှိတယ်‌  နေ့စားပဲဖြစ်ဖြစ် လစားပဲဖြစ်ဖြစ် အလုပ်သမားဉပဒေမှာ ဖော်ပြထားတာက ရှောင်တခင် ခွင့် တွေ ဆေးခွင့်တွေ ခံစားခွင့်ချင်းအတူတူပဲ ဒါပေမယ့် အလုပ်ရှင်တွေက အခုနိုင်ငံရေးကာလမှာဆိုရင် ပိုဆိုးတာပေါ့ အတည်ပြု ခန့်အပ်ပြီးမှ ပြန်ဖြုတ်ပြီးနေ့စားပြန်ခန့်ကြတယ် နေ့စား ဝန်ထမ်းတွေ ဖြစ်သွားရင် နေ့စားဖြစ်သွားလို့ ခွင့်တွေ အလုပ်ပိတ်ရက် တွေ တနင်္ဂနွေအလုပ်ပိတ်ရက် ဒေးကြေးပေးရတာကို လည်း မပေးချင်ဘူး ပြီးရင် အတည်ပြုဝန်ထမ်းတွေမခန့်ချင်ဘူး အတည်ပြုဝန်ထမ်းတွေမခန့်ရင် စက်ရုံပိတ်ရင် နစ်နာကြေးပေးရတာတွေဘာတွေရှိတယ် အဲ့တော့ သူတို့က ဒါမျိုးတွေ မလုပ်ချင်တာကြောင့် နေ့စားတွေထားတယ် ထားပြီးတော့ သူတို့ ဖြုတ်ချင်တဲ့အချိန်ဖြုတ်တယ် ပြန်ခေါ်ချင်တဲ့အချိန်ပြန်ခေါ်တယ် ပြောရမယ်ဆိုရင် အလုပ်သမားတွေကလည်း နေ့စားဆိုရင် လုပ်ခလစာ အပြည့်မပေးချင်ဘူး စနေနေ့ဆို အလုပ်ချိန်အပြည့် ၈ နာရီဆင်းရပြီးတော့ ၂၄၀၀ ပဲပေးတာ အမှန်ဆို ၉၆၀၀  ပေးရမှာ နောက်ပြီး အလုပ်ချိန် တစ်နာရီကို ၅၀၀ လောက်နဲ့ပဲ ခိုင်းတာ နေ့စားဆိုတော့ သူတို့ အလုပ်ရှင်ရဲ့ ပါးစပ်ထဲမှာပဲရှိနေတာ ဘယ်အချိန်ခိုင်းခိုင်း ခိုင်းလို့ ရတဲ့ အခြေအနေဖြစ်နေတာပေါ့နော်  အဲ့တော့ နေ့စားနဲ့ခေါ်ခိုင်းတယ်ဆိုရင်တော့ အလုပ်ရှင်အတွက် အားသာချက်တွေအများကြီးရှိတယ် အလုပ်သမားတွေအတွက်ကတော့ အရမ်းခက်ခဲတယ် နေ့စားဖြစ်တဲ့အတွက် ကြောင့် အလုပ်အကိုင်တိတိကျကျမရှိဘူးဖြစ်နေတယ်"လို့ ပြည်တွင်းအလုပ်သမားအရေး စောင့်ကြည့်သူတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။

အထက်ပါအချက်အလက်တွေအရ နေ့စားအလုပ်သမားတွေဟာ အလုပ်လုပ်တဲ့ နေ့ရက်အတွက်သာ ဒေးကြေး ရရှိတာဖြစ်ပြီး အလုပ်ပိတ်ရက်ခံစားခွင့်ဆုံးရှုံးနေတာဖြစ်သလို အိုတီချိန်ကိုလည်း တစ်နာရီလျင် ၅၀၀ ကျပ်နှုန်းနဲ့သာ လုပ်ကိုင်နေရတာဖြစ်လို့ အလုပ်ပိုလုပ်ရပြီး ငွေကြေားရရှိမှု နည်းပါးလာလို့ စားဝတ်နေရေး အကြပ်အတည်းပိုမိုဖြစ်ပေါ်လာတာကိုလည်းတွေ့ရတာဖြစ်ပါတယ်။

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ မူဝါဒတွေအနက် "အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ခြင်းဖြင့် မြန်မာအလုပ်သမားထု ၏ လူမှုစီးပွားဘဝကို ဖွံ့ဖြိုးတိုးတက်စေရေး" ဆိုတဲ့အချက်ကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။

လက်ရှိမှာတော့ အလုပ်သမားတွေအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိပေမယ့် အလုပ်သမားထုရဲ့ လူမှုရေး စီးပွားရေးတွေ တရှိန်ထိုးကျဆင်းကာ နားရက်မရှိ အလုပ်လုပ်နေရပေမယ့် စားဝတ် နေရေး မပြေလည်တာ တွေ ကျန်းမာရေး ထိခိုက်တာတွေ လူမှုဖူလုံရေး ခံစားခွင့်မရတာတွေ ကြုံတွေ့ခံစားနေရပြီး ကူကယ်ရာမဲ့ အခြေအနေတွေ ကြုံတွေ့ရင်ဆိုင်ခံစားနေရတာ ဖြစ်ပါတယ်။

လတ်တလော စက်ရုံပိတ်သိမ်းမှုတွေရှိလာပြီး လုပ်ငန်းပိတ်သိမ်းခြင်းတွေအတွက် အလုပ်ရှင်ဘက်မှ ခိုင်လုံတဲ့ အကြောင်းပြချက်ပေးဖို့နဲ့  အလုပ်သမားတွေ ရသင့်ရထိုက်တဲ့ နစ်နာကြေးတွေ ရရှိဖို့ အတွက် အလုပ်သမားတွေက သိရှိထားဖို့ လိုတယ်လို့ လည်း အလုပ်သမားအရေး လှုပ်ရှားသူတွေက သတိပေးပြောဆိုထားပါတယ်။

"ပိတ်သိမ်းတော့မယ်ဆိုရင် အလုပ်သမားတွေကို တစ်လကြိုတင်ပြီးတော့ အကြောင်းပြချက်တစ်ခုခု ပေးရမှာပေါ့ အော်ဒါမရှိလို့ လား  ရာသီဥတု ဒဏ်ကြောင့်လား ပေါ့ တစ်ခုခု အကြောင်းပြချက်ပေါ့ ပိတ်တော့မယ်ဆိုရင်  အလုပ်သမားတွေက ဒီအလုပ်ပိတ်တော့မယ်ဆိုတော့ နောက်ထပ်အလုပ်တွေ ဘာတွေရှာ ချင်လည်း ရှားထားမယ်ပေါ့ စက်ရုံပိတ်တာကို တစ်လကြိုတင်ပြီးတော့ သက်ဆိုင်ရာကို အလုပ်သမားရုံးတွေမှာ ပိတ်ခွင့်တွေတင်ရမယ် ပိတ်ပြီးရင် စက်ရုံက ဖွင့်တာကြာပြီဆိုရင် နှစ်ကြာတဲ့ အလုပ်သမားတွေရဲ့ လုပ်သက် နစ်နာကြေး ကို ဥပဒေနဲ့ တွက်ချက်ပြီး ပေးခဲ့ရမှာဖြစ်တယ် အလုပ်သမားတွေကလည်း စက်ရုံပိတ်ပြီဆိုရင် အလုပ်ရှင်က သက်ဆိုင်ရာကို  တစ်လကြိုတင် အကြောင်းကြားရမယ် အတည်ပြု စာရရင် အလုပ်သမားတွေကို ကြေညာပေးတာမျိုးတွေလုပ်ရမယ် အလုပ်သမားတွေကိုလဲ လုပ်သက်နှစ်နဲ့အညီနစ်နာကြေး ရရှိနိုင်တယ်ဆိုတာကိုလည်း  အလုပ်သမားတွေဘက်က သိထားဖို့လိုတယ်" လို့ အလုပ်သမားအရေး လှုပ်ရှားသူကပြောဆိုထားပါတယ်။

#MyanmarLabourNews

ဓါတ်ပုံ- အထည်ချုပ်လုပ်ငန်းတစ်ခုအားတွေ့ရစဉ်။

 

349 Views

Related News

cover
Myanmar Gigi စက်ရုံမှာ နေ့စား တနှစ်နီးပါး လုပ်ကိုင်ပေမဲ့ အမြဲတမ်းလုပ်သား ခန့်ထားခြင်းမရှိ
Mar 21, 2023
cover
ပဲခူး ကောင်းဝိတ်ဆဲလ်ကုမ္ပဏီပိုင် စက်ရုံက သင်္ကြန် အလုပ်ပိတ်ရက်များအား အစားထိုးဆင်းခိုင်း
Mar 19, 2023
cover
လုပ်ငန်းခွင်နဲ့မသက်ဆိုင်တဲ့ အလုပ်တွေ ခိုင်းစေခြင်းမပြုလုပ်ဖို့ အလုပ်သမားတွေတောင်းဆို
Mar 18, 2023
cover
၂၀၂၂ ခုနှစ်အတွက် အလုပ်သမားအရေး အနှစ်ချုပ် (Myanmar Labour News)
Mar 18, 2023
cover
ရွှေပြည်သာက GY Sen(Primseng GUO) စက်ရုံပိတ်သိမ်းပြီးတစ်လမပြည့်မီပြန်လည်လုပ်သားခေါ်ယူနေ
Mar 18, 2023
cover
တရားစွဲခံ ရိမ်းဘိုးဆပ်ပြာစက်ရုံသမဂ္ဂခေါင်းဆောင်များအား နုတ်ထွက်ရန် ညှိနှိုင်း
Mar 17, 2023
cover
H&M အမှတ်တံဆိပ်ချုပ်တဲ့ Suzhou Silk Fashion (Myanmar) အထည်ချုပ်စက်ရုံပိတ်ရက်တွေအတွက် ဒေးကြေးပေးဖို့အလုပ်သမားတွေတောင်းဆို
Mar 16, 2023
cover
အလုပ်သမားအခွင့်အရေးများ လစ်လျူရှု့ခံနေရတယ်လို့ အလုပ်သမားတွေပြော
Mar 14, 2023
cover
သင်္ကြန်အလုပ်ပိတ်ရက် လုပ်ခလစာမပေးလိုတာကြောင့် အလုပ်သမား(၄၀၀)ကျော်အား အလုပ်မှရပ်ဆိုင်းခဲ့ဟုဆို
Mar 14, 2023
cover
W&F GROUP CO.,LTD အထည်ချုပ်စက်ရုံမန်နေဂျာ မှ အလုပ်သမားများအား မိုက်ရိုင်းစွာပြောဆိုအလုပ်ထုတ်
Mar 14, 2023



About Us

To uphold the rule of law needed to improve the social-economic life of the working class in Myanmar. To help the transition to democracy as media role in the workforce gender equity.

Contact Us

Download App

applegoogle