NEWS

ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၄ ဦးကို အလုပ်ရှင်မှလစာမပေးတဲ့အပြင် ညှင်းပန်းနှိပ်စက် အဓမ္မစေခိုင်းခံရ

CoverLogo
482 Views

ထိုင်းနိုင်ငံ မဟာချိုင် ကန်ချနပူရီခရိုင်က ကြံစိုက်ခင်းမှာလုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၁၄ ဦးကို  အလုပ်ရှင်ကလိမ်လည် လှည့်ဖြားကာ လစာမပေးဘဲ ညှင်းပန်းနှိပ်စက်ကာ အတင်းအဓမ္မ အလုပ်ခိုင်းစေခြင်းကို ခံနေရတယ်လို့ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (HRDF)မှ သိရပါတယ်။

အဆိုပါအလုပ်သမား ၁၄ ဦးဟာ အထောက် အထားစာရွက်စာတမ်းများ သိမ်းဆည်းခံထားရခြင်း၊အလုပ်ချိန်ကို ဥပဒေသတ်မှတ်ထားသည့်အချိန်ထက် ကျော်လွန်၍ အလုပ်‌စေခြင်း၊ ကိုယ်ထိလက်ရောက် ညှင်းပန်းနှိပ်စက်ခြင်း၊ လက်နက်(သေနတ်)သုံး၍ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာ‌အောင်ခြိမ်းခြောက်ခြင်း၊ အစရှိသည့်လူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်ခံနေရတယ်လို့ ဆက်သွယ်တိုင်ကြားလာတာကြောင့် လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (HRDF)နဲ့ အစိုးရဌာနဖြစ်တဲ့ အုပ်ချုပ်ရေး ဥပဒေ စိုးမိုးရေး နယ်မြေအေးချမ်းသာယာရေးနှင့်လုံခြုံရေးဌာန၊ ကန်ချနပူရီ ခရိုင် အုပ်ချုပ်ရေး အဖွဲ့နဲ့ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တို့မှ ပူးပေါင်းကာကူညီဆောင်ရွက်ပေးခဲ့ရာမှ အဆိုပါအလုပ်သမား ၁၄ ဦးကို ကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ HRDF ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

" ဟုတ်ပါတယ်။ အဲလိုဖြစ်စဥ်တွေက ရှိကြတယ်။ ခုနောက်ပိုင်းတော့ရှားလာပါပြီ။ ဖြစ်လာရင်လည်းမကြာဘူး အများကချက်ချင်းသိလာကြပြီ။"လို့ ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းမြန်မာအလုပ် သမားရေးဆောင်ရွက်သူတစ်ဦးက ဆိုပါတယ်။

အဆိုပါဖြစ်စဥ်ကြောင့် ကန်ကျနာ့ဘူခရိုင်အုပ်ချုပ်ရေးမှ တာ၀န်ရှိသူများနှင့် ကန်ကျနာဘူရီမြို့ မြို့နယ်အုပ်ချုပ်ရေးမှူး ကန်ကျနာ့ဘူရီခရိုင်ရဲအရာရှိတို့က အခင်းဖြစ်ပွားတဲ့ ကြံစိုက်ခင်းထဲရှိ အလုပ်သမား ၁၄ ဦးကို ကယ်ထုတ်နိုင်ခဲပေမဲ့  အလုပ်ရှင်ဖြစ်သူရဲ့ နေအိမ်အား စစ်ဆေးခဲ့ရာ အလုပ်ရှင်မှာ ထွက်ပြေးလွတ်မြောက်သွားတာကြောင့် ဥပဒေကြောင်းအရ ဆက်လက်အရေးယူ‌ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလကလည်း ထိုင်းငါးဖမ်းလှေပေါ်ကအလုပ်သမားတစ်ဦး နေမကောင်းလို့ငါးဖမ်းမလိုက်ဘူးဆိုရာမှ အမျိုးသားအဂ်ါပျက်ဆီးလုတိုင် ညှင်းပန်းနှိပ်စက်ခံရလို​့ ဆေးရုံတင်ကုသပေးနေရတယ်လို့သိရပါတယ်။

#MyanamrLabourNews


Related posts

Cover
ဆူညံသည်ဆိုပြီး မြန်မာလူငယ်များအား ထိုင်းအာဏာပိုင်များက ပြည်တွင်းသို့ ပြန်ပို့ရန် စီစဥ်
Apr 13, 2024
Cover
အလုပ်သမားများ နစ်နာမှုများအား ပြည်ပအလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ ဆွေးနွေးခြင်းမရှိ
Apr 13, 2024
Cover
ထိုင်း-ကော့တောင်ကျွန်းအနီး ကုန်တင်သင်္ဘောမီးလောင်မှုမှာ မြန်မာလူငယ်တဦးပျောက်ဆုံးနေ
Apr 07, 2024
Cover
ကရိန်းပြိုကျမှုကြောင့်သေဆုံးခဲ့တဲ့ မြန်မာအလုပ် သမားတွေအတွက် ပေးရန်ကျန်ရှိတဲ့ ဘတ် ၁၁ သိန်းကိုနှစ်ပတ်အတွင်းပေးမယ်လို့လက်မှတ်ရေးထိုးထား
Apr 07, 2024
Cover
ထိုင်း ကော့တောင် ကျွန်းအနီး မြန်မာများပါဝင်တဲ့ကုန်တင်သင်္ဘောမီးလောင်
Apr 07, 2024
Cover
ရွှေ့ပြောင်းလုပ်သားအရေး လက်တွေ့လုပ်ဆောင်မှု အားနည်း
Apr 07, 2024
Cover
တရုတ်နိုင်ငံတွင် ဆန္ဒပြတောင်းဆိုမှု၊ ဦးဆောင်သူ မြန်မာအလုပ်သမားများအား အလုပ်ထုတ်
Mar 29, 2024
Cover
တရုတ်နိုင်ငံ SHANGCHENG Garment မှ မြန်မာလုပ်သား ၂၀၀ ခန့် နေရပ်ပြန်
Mar 22, 2024