NEWS

တရုတ်မယားအဖြစ် လူကုန်ကူးသူတွေကို အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ်မှ နှစ်၂၀ စီချ

CoverLogo
370 Views
မြန်မာအမျိုးသမီး တွေ ကို တရုတ်ဇနီးမယား ပြုလုပ်ဖို့ လူကုန်ကူး ပို့ဆောင် ရောင်းစားခဲ့သူတွေ ကို အလုပ်နှင့် ထောင်ဒဏ် ၁၀နှစ်မှ နှစ်၂၀အထိချမှတ် ခဲ့တယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှသိရပါတယ်။
 
နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ထန်းတပင်ကျေးရွာနေ ဇော်မင်းဆန်းနှင့် မသော်တာမင်း (လိပ်စာတူ)နေသူတို့က နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ထန်းတပင်ကျေးရွာနေ မ---၊ ၄၂/၂၀၂၄ နှစ်အား
တရုတ်အမျိုးသားနဲ့ လက်ထပ်ရန်တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့တဲ့ အတွက် လယ်ဝေးခရိုင် ဒက္ခိဏသီရိမြို့နယ် ဧည့်ဂေဟာနယ်မြေရဲစခန်း (ပ) ၅၉/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့တယ်လို့သိရပါတယ်။
 
အလားတူ ရှမ်းပြည်နယ် မူဆယ်မြို့ မန့်ဝိန်းနယ်မြေ စွမ်းစော်ရပ်ကွက် “ကောင်း” ဟိုတယ်ဝင်း ဆိုင်ကယ်ဂိုဒေါင်နေ အောင်ဆန်းဦးက ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်ခရိုင် နမ့်ဖက်ကာမြို့နယ် ရီယာန်ကျေးရွာနေ မ ---၊၁၇/၂၀၂၅ နှစ် ကို တရုတ်အမျိုးသားနဲ့ လက်ထပ်ရန် တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့တဲ့ အတွက် မူဆယ်မြို့မရဲစခန်း (ပ)၃၉/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က) /၄၄ ဖြင့် အမှုရေး ဖွင့်တရားစွဲတင်ခဲ့တယ်လို့ သိရပါတယ်။
 
အမှုစစ်ဆေးပြီး အပြစ်ရှိကြောင်းထင်ရှားတဲ့ အတွက် တရားခံ ဇော်မင်းဆန်းနှင့် မသော်တာဝင်းတို့နှစ်ဦးအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန်လယ်ဝေးခရိုင်တရားရုံး မှ ဧပြီ၂၉ရက်က အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ မဥမ္မာထွေး(ခ) မထွေး(ခ) ယွန်းငယ်အား ရာဇဝတ် ကျင်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရပါတယ်။
 
ဒါ့အပြင် တရားခံ အောင်ဆန်းဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)အရ အလုပ်နှင့်ထောင်ဒဏ်နှစ် ၂၀ ကျခံစေရန် မူဆယ်ခရိုင်တရားရုံးဧပြီ ၂၈ရက်က အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ ဒေါ်ဝင့်ဝါထွန်းနှင့် ဒေါ်နန်းအေးဆေးတို့ နှစ်ဦးအား ရာဇဝတ်ကျင်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရပါတယ်။
 
မြန်မာ အမျိုးသမီး ငယ်များ ကို ငွေကြေးဗန်းပြ ပြီး တရုတ်မယား အဖြစ် ပို့ဆောင် ရောင်းစားခံရမှု မှာ စစ်ကောင်စီ လက်ထက် မှာ ပိုများပြားလာပေမယ့် ပို့ဆောင်ရောင်းစားသူတွေကို ဖမ်းဆီးရရှိတဲ့ပမာဏ မှာ အလွန် နည်း နေကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။
 

Related posts

Cover
ကားတိုက်ခံရသော မြန်မာလုပ်သားအမျိုးသမီး ဒဏ်ရာအပြင်းအထန်ရရှိသော်လည်း တိုက်သည့် ကားပိုင်ရှင် တာဝန်မယူဘူးဟုဆို
Dec 29, 2025
Cover
၂၀၂၅ ခုနှစ်အတွင်း မလေးရှားမှာ အထောက်အထားမဲ့ မြန်မာ ၁ သောင်း နီးပါး အဖမ်းခံရ
Dec 29, 2025
Cover
အလုပ်အပြန် လမ်းဖြတ်ကူးချိန် ဆိုင်ကယ်တိုက်မိသည့် မြန်မာလုပ်သားအမျိုးသမီး ဆေးကုသစဉ် သေဆုံး
Dec 27, 2025
Cover
ထိုင်းတွင် အလုပ် လုပ်ရန် ပွဲစားခ ဘတ် ၁၅၀၀၀ ပေးပြီးလာရသည့် မြန်မာလုပ်သား ၁၆ ဦး အဖမ်းခံရ
Dec 27, 2025
Cover
ညဆိုင်း အလုပ်ဆင်းရန် သွားသည့် မြန်မာလုပ်သားအမျိုးသမီးတစ်ဦး ဆယ်ဘီးကားဖြင့် တိုက်မိကာ သေဆုံး
Dec 27, 2025
Cover
ကမ္ဘောဒီးယားက ကျားဖြန့်အလုပ်ရုံများသို့ မြန်မာလုပ်သားများ လိမ်လည်ရောင်းစားခံရပြီဒုက္ခရောက်နေ
Dec 25, 2025
Cover
အလုပ်ထုတ်ခံရသည့် ထိုင်းက မြန်မာလုပ်သား ၂၄ဦး ကို ညှိနှိုင်းမှုအရ အလုပ်ရှာစဉ်ကာလ၌ လုပ်အားခရမည်
Dec 25, 2025
Cover
ပြည်ပခွင့်ပြန်လုပ်သားများ ရန်ကုန်လေဆိပ်ရောက်ပါက မပျက်မကွက် သတင်းပို့ရမည်ဟုဆို
Dec 25, 2025