NEWS

တရုတ်မယားအဖြစ် လူကုန်ကူးသူတွေကို အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ်မှ နှစ်၂၀ စီချ

CoverLogo
528 Views
မြန်မာအမျိုးသမီး တွေ ကို တရုတ်ဇနီးမယား ပြုလုပ်ဖို့ လူကုန်ကူး ပို့ဆောင် ရောင်းစားခဲ့သူတွေ ကို အလုပ်နှင့် ထောင်ဒဏ် ၁၀နှစ်မှ နှစ်၂၀အထိချမှတ် ခဲ့တယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှသိရပါတယ်။
 
နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ထန်းတပင်ကျေးရွာနေ ဇော်မင်းဆန်းနှင့် မသော်တာမင်း (လိပ်စာတူ)နေသူတို့က နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ထန်းတပင်ကျေးရွာနေ မ---၊ ၄၂/၂၀၂၄ နှစ်အား
တရုတ်အမျိုးသားနဲ့ လက်ထပ်ရန်တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့တဲ့ အတွက် လယ်ဝေးခရိုင် ဒက္ခိဏသီရိမြို့နယ် ဧည့်ဂေဟာနယ်မြေရဲစခန်း (ပ) ၅၉/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့တယ်လို့သိရပါတယ်။
 
အလားတူ ရှမ်းပြည်နယ် မူဆယ်မြို့ မန့်ဝိန်းနယ်မြေ စွမ်းစော်ရပ်ကွက် “ကောင်း” ဟိုတယ်ဝင်း ဆိုင်ကယ်ဂိုဒေါင်နေ အောင်ဆန်းဦးက ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်ခရိုင် နမ့်ဖက်ကာမြို့နယ် ရီယာန်ကျေးရွာနေ မ ---၊၁၇/၂၀၂၅ နှစ် ကို တရုတ်အမျိုးသားနဲ့ လက်ထပ်ရန် တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့တဲ့ အတွက် မူဆယ်မြို့မရဲစခန်း (ပ)၃၉/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က) /၄၄ ဖြင့် အမှုရေး ဖွင့်တရားစွဲတင်ခဲ့တယ်လို့ သိရပါတယ်။
 
အမှုစစ်ဆေးပြီး အပြစ်ရှိကြောင်းထင်ရှားတဲ့ အတွက် တရားခံ ဇော်မင်းဆန်းနှင့် မသော်တာဝင်းတို့နှစ်ဦးအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန်လယ်ဝေးခရိုင်တရားရုံး မှ ဧပြီ၂၉ရက်က အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ မဥမ္မာထွေး(ခ) မထွေး(ခ) ယွန်းငယ်အား ရာဇဝတ် ကျင်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရပါတယ်။
 
ဒါ့အပြင် တရားခံ အောင်ဆန်းဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)အရ အလုပ်နှင့်ထောင်ဒဏ်နှစ် ၂၀ ကျခံစေရန် မူဆယ်ခရိုင်တရားရုံးဧပြီ ၂၈ရက်က အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ ဒေါ်ဝင့်ဝါထွန်းနှင့် ဒေါ်နန်းအေးဆေးတို့ နှစ်ဦးအား ရာဇဝတ်ကျင်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရပါတယ်။
 
မြန်မာ အမျိုးသမီး ငယ်များ ကို ငွေကြေးဗန်းပြ ပြီး တရုတ်မယား အဖြစ် ပို့ဆောင် ရောင်းစားခံရမှု မှာ စစ်ကောင်စီ လက်ထက် မှာ ပိုများပြားလာပေမယ့် ပို့ဆောင်ရောင်းစားသူတွေကို ဖမ်းဆီးရရှိတဲ့ပမာဏ မှာ အလွန် နည်း နေကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။
 

Related posts

Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026