NEWS

OWIC ကတ် လျှောက်ထားသူ ၁၀၀ ကျော် စာရွက်စာတမ်း မပြည့်စုံသဖြင့် ပြန်လည်လျှောက်ထားခိုင်း

CoverLogo
1.5K Views
 
ပြည်ပသို့ တရားဝင် အလုပ်သွားရောက် လုပ်ရန် အတွက် ပြည်ပအလုပ်အကိုင်သက်သေခံကဒ်ပြား OWIC ပြုလုပ်ခွင့်လျှောက်ထားသူတွေထဲ မှ လုပ်သား ၁၀၀ကျော် ကို စာရွက်စာတမ်းမပြည့်စုံသဖြင့် ပြန်လည်တင်ပြရမယ်လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ Safe Migration တယ်လီဂရမ်မှာ ထုတ်ပြန်ကြေညာထားပါတယ်။
 
စာရွက်စာတမ်း မပြည့်စုံသူတွေဟာ ပြည်ပကနေ ခွင့်ဖြင့်ပြန်လာသူတွေနဲ့ ကျွမ်းကျင် လုပ်သား အဖြစ် ပြည်ပကို မိမိအစီစဉ်ဖြင့် သွားရောက်မယ့် လုပ်သားတွေ ဖြစ်တယ်လို့ သိရပါတယ်။
 
OWIC ကတ် ပြုလုပ်ခွင့် အတွက် အထောက်အထားမပြည့်စုံလို့ ပြန်လည်တင်ပြရမယ့် လုပ်သား ၁၁၀ ဦး ရှိပြီး အများစုမှာ Visa စစ်ဆေးမရခြင်း၊ Work permit စစ်ဆေးမရခြင်းတို့ဖြစ်ပြီး အချို့ သူတွေ မှာ အသက်ကန့်သက်ချက်ညိနေခြင်း စတာတွေ ကြောင့် ပြန်လည်တင်ပြခိုင်းခြင်း ဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက ကြေညာထားပါတယ်။
 
"တင်ထားတာ က ၃လပိုင်း၂၀ရက် တည်းက စာတိုက်ကနေ ပို့ပေးထားတာ ဒီနေ့စာရင်း မှာ ဗီဇာကစစ်မရလို့ ပြန်တင်ပါ ဆိုတော့ အချိန်ဘယ်လောက်ထပ်ကြာအုံးမယ် မသိဘူး အလုပ်က သူဌေး ကိုလဲ ခွင့်ရက် တောင်းထားရတာ တစ်လ ကနေ အခုသုံးလ ဖြစ်နေပြီ ကြာရင် အလုပ်ကပြုတ်တော့မယ် စိတ်ဓါတ်တွေလည်းကျလာပြီ""လို့ မလေးရှားမှ ခွင့်ဖြင့်ပြန်လာသူ တစ်ဦးကပြောပါတယ်။
 
OWIC ကတ် ပြုလုပ်ခွင့် လျှောက်ထားမှု ကို ယခင်က မြောက်ဒဂုံရှိ အလုပ်သမားရုံးနဲ့ မရမ်းကုန်းမြို့နယ်ရှိ ၈မိုင် အလုပ်သမားရုံးတို့မှာ နေ့ချင်းပြီး ပြုလုပ်ပေးရာ မှ ၂၀၂၅ခုနှစ် မတ်လ၂၀ရက်ကစပြီး ပြုလုပ်ခွင့်ကို နေပြည်တော် အလုပ်သမားရုံးကို စာတိုက်ကနေ လိုအပ်တဲ့စာရွက်စာတမ်း တွေ ပေးပို့လျှောက်ထားရတာ ဖြစ်ပါတယ်။
 
အခုလို လျှောက်ထားရာမှာ အထောက်အထား အချက်အလက်မပြည့်စုံတဲ့ သူတွေ ကို OWIC ကတ် ပြုလုပ်ဖို့ စာရင်းမသွင်းပေးဘူးလို့ အလုပ်သမားဝန်ကြီးဌာနက ကြေညာထားပေမယ့် အချက်အလက် ပြည့်စုံမှုရှိမရှိ ကို အချိန်တိုအတွင်း စစ်ဆေးပေးတာမျိုးမရှိတဲ့ အတွက် အလုပ်သမားတွေ မှာ ပိုမိုကြန့်ကြာမှု တွေ ဖြစ်ပေါ်လျက်ရှိပါတယ်။
 
လက်ရှိမှာ လည်း OWIC ပြုလုပ်ခွင့် ရရှိဖို့ လျှောက်ထားသူဦးရေ များပေမယ့် အလုပ်သမားဝန်ကြီးဌာန က ပြုလုပ်ခွင့် ချထားပေးတဲ့ ဦးရေ မှာ အလွန် နည်းနေတဲ့ အတွက် လုပ်သားတွေ ပြည်ပထွက်ခွာခွင့်ရရှိ ရန် ကြန့်ကြာမှု တွေ ဖြစ်နေပြီး ဆုံးရှုံးနစ်နာမှုတွေ များစွာဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတွေထံမှ သိရပါတယ်။

Related posts

Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026