NEWS

ပုသိမ်စက်မှုဇုံရှိ Huabo Time အထည်ချုပ်စက်ရုံ ယာယီပိတ်သိမ်း

CoverLogo
1.1K Views

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ၊အမှတ် ၁၃ရက်ကွက်ရှိ Huabo Time အထည်ချုပ်စက်ရုံသည် ဒီဇင်ဘာ ၁၉ရက်နေ့က ယာယီပိတ်သိမ်းလိုက်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ အဆိုပါစက်ရုံမှာ ZARA နဲ့ ONLY brand အထည်တွေ  ချုပ်လုပ်ခဲ့တာဖြစ်ပြီးလုပ်သားအင်အား ၁၅၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။

စက်ရုံံ ယာယီပိတ်သိမ်းရာတွင် " အလုပ်ရပ်စဲနစ်နာကြေးမပေးဘဲ ယာယီပိတ်သိမ်းချိန်မှာ အလုပ်သမားများကို ၅၀ ရာခိုင်နှုန်းပေးထားမယ်ပြောတယ် အလုပ်သမားတွေက လက်မခံတော့ ၇၀ ရာခိုင်နှုန်း ၊ ၁၀၀ ရာခိုင်နှုန်းထိတိုးပေးတယ်။ အလုပ်သမားတွေက မယုံကြည်တော့ နိုဝင်ဘာ ၂၃ရက်နေ့မှာ ဥပဒေအတိုင်းအလုပ်ရပ်စဲ နစ်နာကြေး​ပေးဖို့  စုပေါင်းတောင်းဆိုကြတယ် စက်ရုံ ဘတ်က အလုပ်ရပ်စဲနစ်နာကြေးယူမဲ့သူနဲ့ ယာယီပိတ်သိမ်းနေချိန် လစာ၁၀၀ ရာခိုင်နှုန်း ယူမဲ့သူစာရင်းကောက်တယ် ။ အလုပ်သမား ၁၅၀၀ ကျော်မှာ  ၃ပုံ၂ပုံလောက်ကအလုပ်ရပ်စဲနစ်နာကြေးယူကြတယ်"လို့ အဆိုပါစက်ရုံမှ အလုပ်သမားတစ်ဦးကဆိုပါတယ်။


ပုသိမ်စက်မှုဇုန်တွင် ယာယီ ပိတ်သိမ်းသောစက်ရုံ ၄ရုံထိရှိလာပြီးလုပ်သား အင်အားလျှော့တဲ့စက်ရုံတွေလဲရှိလာပါတယ်။

#နေခြည်
#MyanmarLabourNews 


Related posts

Cover
အလုပ်ထွက်တဲ့ဝန်ထမ်းတွေ လစာအပြည့်မရဘဲ ဖြတ်တောက်ခံနေရ
Apr 25, 2024
Cover
အလုပ်ထွက်တဲ့အလုပ်သမားတွေ ဒေးကြေး ရက်မှန်ကြေး အချိန်ပိုကြေးနှင့် ကျွမ်းကျင်ကြေးတွေ ဖြတ်တောက်ခံနေရ
Apr 23, 2024
Cover
လုပ်ငန်းခွင်အတွင်းက အခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးရန် တိုင်ကြားထားဟုဆို
Apr 22, 2024
Cover
လုပ်ခ မလုံလောက်မှုကြောင့် အလုပ်သမားများ စားဝတ်နေရေး ပိုမိုခက်ခဲလာ
Apr 22, 2024
Cover
အမျိုးသမီးများပါသွားရောက်လုပ်ကိုင်နိုင်မည့် ကိုရီးယား EPS-TOPIK စာမေးပွဲဧပြီ ၃၀ ရက် နေ့ဖြေဆိုရမည်
Apr 20, 2024
Cover
HOPE ONE CO,LTD စက်ရုံလုပ်ငန်းခွင်အတွင်း ကိုယ်ထိလက်ရောက်အပါအဝင် အခွင့်အရေးချိုးဖောက်မှုများကျူးလွန်နေဟုဆို
Apr 19, 2024
Cover
လုပ်သားအင်အားရှားပါးမှုကြောင့် ကလေးလုပ်သား အသုံးပြုမှုပိုများလာ
Apr 15, 2024
Cover
ဒေါ်ခိုင်ဇာအောင်အား Arthur Svensson Prize ချီးမြှင့်
Apr 15, 2024