NEWS

အလုပ်ထွက်တဲ့အလုပ်သမားတွေ ဒေးကြေး ရက်မှန်ကြေး အချိန်ပိုကြေးနှင့် ကျွမ်းကျင်ကြေးတွေ ဖြတ်တောက်ခံနေရ

CoverLogo
958 Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန် ၅ ရွှေလီလမ်းမှာဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် ဆင့်လုံအထည်ချုပ် (SHUNRONG GRAMENTS MYANMAR)စက်ရုံမှာ ပြီးခဲ့တဲ့လပိုင်းအတွင်းအလုပ်ထွက်ခဲ့တဲ့အလုပ်သမားတွေကို လုပ်ခကျန်ငွေရှင်းပေးရာမှာ ဒေးကြေး ရက်မှန်ကြေး အချိန်ပိုကြေးနှင့်ကျွမ်းကျင်ကြေးတွေဖြတ်တောက်ခံရလို့ ပြန်လည်ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

အလုပ်သမား ၅၀၀ ကျော်နဲ့ လုပ်ငန်းလုပ်ကိုင်နေတဲ့ အဆိုပါစက်ရုံမှာ PROTECTIVE INDUSTRIAL PRODUCTS အထည်တွေချုပ်လုပ်တာဖြစ်ပြီး လုပ်ငန်းခွင်ထဲမှာ အလုပ်သမားသမဂ္ဂမရှိဘဲ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းထားတယ်လို့ဆိုပါတယ်။

လုပ်ငန်းခွင်ဝင်ချိန်ဟာ နံနက် ၇ နာရီ ၃၀ မှ ည ၆ နာရီအထိ ( အိုတီ ၂ နာရီအပါ) ဖြစ်ပြီး လက်ရှိလုပ်ခပေးနေတဲ့နှုန်းထားကတော့တရက်အလုပ်ချိန် ၈ နာရီလျင်  ဒေးကြေး တရက်လျင် ၄၈၀၀ ကျပ် နှင့် ထောက်ပံ့ကြေး ၁၀၀၀ ကျပ်၊ အိုတီကြေး တနာရီ ၁၄၀၀ ကျပ် နှင့် ရက်မှန်ကြေး ၃၀၀၀၀ ကျပ်၊ ကျွမ်းကျင်ကြေး အေအဆင့် ၄၅၀၀၀ ကျပ် ဘီအဆင့် ၃၀၀၀၀ ကျပ်နှင့် စီအဆင့် ၁၀၀၀၀ ကျပ် ပေးချေနေတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီနဲ့ မတ်လမှာ အလုပ်ထွက်ခဲ့တဲ့အလုပ်သမားတွေကိုတော့ လစာထုတ်ရာမှာ လပြည့်ထိမဆင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဒေးကြေး ကို ၄၈၀၀ ကျပ် အချိန်ပိုကြေးကို တနာရီ ၁၂၀၀ ကျပ် သာပေးပြီး ရက်မှန်ကြေး ကျွမ်းကျင်ကြေးတွေပေးချေမှုမရှိတာကြောင့် ဖြတ်တောက်ခံခဲ့ရလို့ နစ်နာမှုတွေရှိခဲ့တယ်လို့ အလုပ်သမားကပြောပါတယ်။

"ကျွန်တော်တို့အလုပ်သမားတွေက အနည်းဆုံးအလုပ်ဆင်းရက် ၁၈ ရက်ကနေ ၂၀ ကျော်အထိဆင်းထားတာဖြစ်ပါတယ်။ အလုပ်ဆက်မလုပ်ဘူးဆိုတာက ကျွမ်းကျင်မှုလျော့ကျသွားတာမဟုတ်ပါဘူး ရက်မမှန်တာလည်းမဟုတ်ပါဘူး ဒေးကြေးမှာလည်း ၁၀၀၀ ကျပ် မထည့်ပေးသလို အချိန်ပိုကြေးလည်း အလျော့ခံထားရပါတယ် အခုလိုဖြတ်တောက်တာက အလုပ်သမားတွေဆီက ခေါင်းပုံဖြတ်တာပါ ကျွန်တော်တို့အလုပ်သမားတွေက တလလုံးသေရော ကျေရောလုပ် လစာ ၃ သိန်းမပြည့်ပဘူး အလုပ်ထွက်လို့ဆိုပြီး လစာတွေကို လျော့ထားလိုက်တော့ ဘာနဲ့ ထမင်းသွားစားရမလဲ ပိုပြီးတောင်းနေတာမဟုတ်ဘူးနော် ကိုယ်လုပ်ထားတဲ့လုပ်အားခကိုပဲအမှန်တိုင်းလိုချင်တာပါခဗျ" လို့အလုပ်သမားက ပြောဆိုပါတယ်။

ယခုလို အလုပ်ထွက်တဲ့လုပ်သားတွေအားလုံးကို လုပ်ခလျော့ချထားလို့ အလုပ်သမားအနေနဲ့ရော မိသားစုဝင်တွေပါ စားဝတ်နေရေးတွေပိုမိုအခက်တွေ့နေရလို့ ဖြေရှင်းပေးစေလိုတယ်လို့ ပြောပါတယ်။

"ကျွန်တော်တို့ တောင်းဆိုချင်တာကတော့ ဖြတ်တောက်ထားတဲ့ ဒေးကြေး ရက်မှန်ကြေး ကျွမ်းကျင်ကြေးတွေ အချိန်ပိုကြေးတွေကို ပြန်ပြီးတော့ တွက်ချက်ပေးစေချင်တယ် နောက်နောင်မှာလဲ အလုပ်သမားတွေရဲ့ ဒေးကြေး ရက်မှန်ကြေး ကျွမ်းကျင်ကြေး အချိန်ပိုကြေးတွေကို အချိုးကျပဲ ဖြတ်တောက်ဖို့နဲ့ အလုပ်ဆင်းတဲ့ရက်တွေအလိုက် အချိုးကျတွက်ပေးစေချင်တယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026