ပြည်တွင်းမှာ လုပ်သားအင်အားရှားပါးလာတာကြောင့် လုပ်ငန်းခွင်တွေမှာ ကလေးလုပ်သားတွေ အရင်ကထက် ပိုသုံးလာတယ်လို့ တပိုင်တနိုင် လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။
ပြည်တွင်းမှာ ကလေးလုပ်သားအသုံးပြုတာက အရင်ကတည်းက ရှိနေတာဖြစ်ပြီး လက်ရှိမှာတော့ လုပ်သား အင်အားရှားပါးတာနဲ့ စီးပွားရေးအကျပ်အတည်းကြောင့် ပိုများလာတာလို့ လုပ်ငန်းရှင်တချို့က ယူဆကြပါတယ်။
“အစကတော့ ကလေးတွေ အလုပ်မခန့်ဘူး။ ကျွန်တော်က လစာတို့၊ ခံစားခွင့်တို့ကို သေချာတွက်ပေးထားတော့ ကလေးအလုပ်သမားဆို ခိုင်းရတာ မတန်ဘူး တွေးမိတယ်။ အများစုက ကလေးအလုပ်သမားခိုင်းတယ်ဆိုတာ လစာ သိပ်မပေးရဘူး။ သူတို့ကို အချိန် တိုင်း ခိုင်းလို့ရလို့ ခေါ်ကြတယ်။ ဆိုင်အတွက် အလုပ်သမား ဘယ်လိုမှ ရှာမရဘူး။ ရှိတဲ့သူတွေက နယ်ပြန်ကုန်တယ်။ သင်္ကြန်ပြီးရင် ပြန်လာဖို့က မသေချာဘူး။ အလုပ်သမားပြဿာနာ က တော်တော်ကြုံ နေရတယ်။ ဆိုင်မှာ နှစ်ယောက် လောက် စခိုင်းနေတယ်။ ငယ်တော့ တော်တော် ပြောရတယ်”လို့ မူကထဆိုင် ဖွင့်လှစ်ထားသူ တဦးက ပြောပါတယ်။
ကလေးလုပ်သားတွေကို နိုင်ငံအတွင်းက စားသောက်ကုန်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အိမ်ကူ၊ စိုက်ပျိုးရေး လုပ်ငန်းနဲ့ တစ်နိုင်တစ်ပိုင်လုပ်ငန်းငယ်တွေမှာ အများဆုံးအသုံးပြုနေကြပါတယ်။
၂၀၂၃ ခုနှစ်၊ ဇွန်လက ILO ရဲ့ထုတ်ပြန်ချက်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ် တို့မှာ ကလေးအလုပ်သမားအများအပြားကို တွေ့ရပြီး တွေ့ဆုံမေးမြန်းမှုတွေအရ အလုပ် လုပ်ကိုင်နေသူ ကလေးသူငယ် ၇၀ ရာခိုင်နှုန်းကျော်က မိသားစုငွေကြေးအခက်အခဲတွေကြောင့် အလုပ် လုပ်ကိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။
“အလုပ်လုပ်ကိုင်နေတဲ့ ကလေးသူငယ် ထက်ဝက်ကျော်က အခွင့်အလမ်းသာ ရမယ်ဆိုရင် ကျောင်းပညာရေးကို ဆက်လက် သင်ယူလိုကြောင်း ပြောဆိုပါတယ်။ ဒါဟာ သူတို့တွေရဲ့ ကျောင်းတက်ချင်တဲ့စိတ်ဆန္ဒကို အလုပ်က ဘယ်လောက်အတိုင်းအတာအထိ အဟန့်အတားဖြစ်စေသလဲဆိုတာကို ထင်ဟပ်ဖော်ပြနေပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ နိုင်ငံရေးအကြပ်အတည်းကြောင့် တစ်နိုင်ငံလုံးအနှံ့ ဖြစ်ပွားလျက်ရှိတဲ့ ပဋိပက္ခတွေက ဒီအခြေအနေ ကို ပိုမိုဆိုးရွားလာစေပါတယ်” လို့ ILO ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆက်သွယ်ညှိနှိုင်းရေးအရာရှိ/ ဌာနေကိုယ်စားလှယ် Mr. Donglin Li က ပြောကြားထားပါတယ်။
ပြည်တွင်းမှာ ကလေးလုပ်သား ပပျောက်နိုင်ဖို့ စီမံချက်တွေ ချမှတ်ထားပေမယ့် ထိရောက်တဲ့ လုပ်ဆောင်ချက် ကတော့ အားနည်းနေ ပါတယ်။ လက်ရှိ နိုင်ငံအတွင်း စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် လုပ်သားအင်အား ရှားပါးမှု သိသိသာ ဖြစ်ပေါ်နေတယ်လို့လည်း လုပ်ငန်းရှင်တွေက ပြောဆိုထားပြီး ဒီလို ရှားပါးမှုက ကလေးလုပ်သား ပိုမိုအသုံးပြုဖို့ လမ်းကြောင်း တခုလို ဖြစ်နေတာပါ။
“အစက စက်ရုံ မှာ ကလေးလုပ်သား မခန့်ဘူး။ တခုခုဆို ရှင်းရလို့၊ အသက်ပြည့်မှ ရတယ်။ အခု သင်္ကြန်ပိတ်ရက် မတိုင်ခင်ကတည်း က ကလေးလုပ်သားတွေလည်း မသိချင် ယောင်ဆောင်ပြီး ခန့်လာတယ်။ စက်ရုံက နယ်ပြန်တဲ့ သူလည်း များတယ်။ နောက်ပြီး စစ်မှုထမ်းရမယ်ဆိုလို့ ပြန်ပြေးကြတာနဲ့ လူကမရှိဘူး၊ အဲဒါကြောင့် လူကောင် နည်းနည်းထွားတယ်။ ခိုင်းလို့ ရနိုင်တယ်ဆို အသက်ကို မကြည့်တော့ ဘူးလို့” အထည်ချုပ် အလုပ်သမားတဦးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကလေးလုပ်သား ၁ ဒဿမ ၁ သန်းကျော်ရှိတယ်လို့ ၂၀၁၅ ခုနှစ် သန်းခေါင်စာရင်းအရသိရပြီး လက်ရှိ ကလေးလုပ်သား အခွင့်အရေး ချိုးဖောက်ခံ ရတာတွေလည်း အမြောက်အများရှိနေပါတယ်။
Photo- ILO
NEWS
လုပ်သားအင်အားရှားပါးမှုကြောင့် ကလေးလုပ်သား အသုံးပြုမှုပိုများလာ

620 Views
Related posts

Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026

TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026

Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026

ရန်ကုန် အခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026

Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026

YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026

Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026

Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026
