NEWS

ဒေါ်ခိုင်ဇာအောင်အား Arthur Svensson Prize ချီးမြှင့်

CoverLogo
613 Views
 
၂၀၂၄ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအခွင့်အရေးအတွက် ချီးမြှင့်တဲ့ Arthur Svensson ရဲ့ International Prize for Trade Union Rights ဆုကို မြန်မာနိုင်ငံက အလုပ်သမားသမဂ္ဂခေါင်းဆောင် ဒေါ်ခိုင်ဇာအောင် ကို ချီးမြှင့်လိုက်တယ်လို့ ဧပြီ ၁၁ ရက်မှာ Industri Energi ထုတ်ပြန်ထားပါတယ်။
 
ဒီဆုကို အလုပ်သမားသမဂ္ဂအခွင့်အရေးများ မြှင့်တင်ဖို့နဲ့ အလုပ်သမားသမဂ္ဂအဖွဲ့အစည်းတွေ အားကောင်းစေဖို့ အဓိကလုပ်ဆောင်တဲ့ ပုဂ္ဂိုလ် ဒါ့မှမဟုတ် အဖွဲ့အစည်းကို ကမ္ဘာတဝှမ်းက အလုပ်သမားသမဂ္ဂတွေရဲ့ အဆိုပြုချက် တွေနဲ့ နှစ်စဉ် ချီးမြှင့်တဲ့ ဆုဖြစ်တယ်လို့ သိရပါတယ်။
 
ဒီဆုကို ချီးမြှင့်ရတာကြောင့် မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်မှုနှင့် အခြေခံ အလုပ်သမား အခွင့်အရေးများအပါအဝင် စစ်မှန်သောဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုအပေါ် မီးမောင်းထိုးပြနိုင်မယ်လို့ ဆုချီးမြှင့် ရေး ကော်မတီက ပြောဆိုပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်မှု၊ အလုပ်သမားသမဂ္ဂ လှုပ်ရှားမှုတွေမှာ အလုပ်သမားသမဂ္ဂကိုယ်စားလှယ်တွေနဲ့ အဖွဲ့ဝင်တွေက အချက်အချာအဖြစ်ပါဝင်နေပြီး ဒေါ်ခိုင်ဇာအောင်ဟာ ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းအတွက် ပေးဆပ်သူတို့ရဲ့ သင်္ကေတ ဖြစ်တယ်လို့လည်း ဆုချီးမြှင့် ရေး ကော်မတီက မှတ်ချက်ပြုထားပါတယ်။
 
ဒေါ်ခိုင်ဇာအောင်ဟာ အသက် ၁၆ နှစ်အရွယ်ကတည်းက အထည်ချုပ်လုပ်သားအဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းအလုပ်သမားအဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် အလုပ်သမားသမဂ္ဂ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
 
ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ရပိုင်ခွင့်လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပြီး အသွင်ကူးပြောင်းရေး စတင်ချိန်မှာ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပါတယ်။ ဒီနောက် မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ရဲ့ ဦးဆောင်သူ ဖြစ်လာပြီး အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) ရဲ့ ဦးဆောင် အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ လုပ်အားခ စျေးပေါမှုကြောင့် မြန်မာနိုင်ငံမှာ Brands အမှတ်တံဆိပ်အများအပြားက ရင်းနှီးမြှပ်နှံမှု အလျင်အမြန် တိုးချဲ့လာခဲ့ပြီးနောက်က မြန်မာအထည်ချုပ်လုပ်ငန်းက လုပ်သား အမျိုးသမီး ငယ်တွေကို ဒေါ်ခိုင်ဇာအောင်က စုစည်းခဲ့ပါတယ်။
 
၂၀၂၁ ခုနှစ်တွင် သွေးထွက်သံယိုမှုများသည့် စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက် ဒေါ်ခိုင်ဇာအောင်ဟာ နိုင်ငံပြင်ပဆီ ထွက်ခွာခဲ့ရပြီး ဥရောပနှင့် ကမ္ဘာ့ဖိုရမ်တွေမှာ မြန်မာ အလုပ်သမားသမဂ္ဂလှုပ်ရှားမှုအဖြစ် ထင်ရှားလာပါတယ်။ နိုင်ငံတကာအဆင့် စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်တာ၊ နိုင်ငံတကာ သွေးစည်းညီညွတ်ရေးရရှိရေး အတွက် စည်းရုံလှုံ့ဆော်တာ၊ နိုင်ငံတကာ အမှတ်တံဆိပ်များ မြန်မာနိုင်ငံက ထွက်ခွာဖို့ ဖိအားပေးပြီး စစ်အာဏာရှင် အာဏာရယူထားတဲ့ ကာလမှာ ကုန်သွယ်ရေး အထူးအခွင့် အရေး ပေးထားမှုတွေကို ရုပ်သိမ်းဖို့ကို ဒေါ်ခိုင်ဇာအောင်က လှုံ့ဆော်ခဲ့တယ်လို့ ဆုရွေးချယ်အဖွဲ့က ဆိုပါတယ်။
 
ဆန္ဒပြပွဲတွေနဲ့ စစ်အာဏာရှင် ဆန့်ကျင်တဲ့ တိုက်ပွဲတွေမှာ အလုပ်သမားသမဂ္ဂတွေက အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့ပြီး အလုပ်သမားမဟာမိတ်အဖွဲ့ (Myanmar Labour Alliance) ကို ဖွဲ့စည်းခဲ့ကြပြီး ဒီမိုကရေစီအစိုးရ (National Unity Government, NUG) ကို ထောက်ခံသည့် နိုင်ငံလုံးဆိုင်ရာ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေကို လည်း ပံ့ပိုးခဲ့ပါတယ်။
 
မဟာမိတ်ဖွဲ့တွင် ဒေါ်ခိုင်ဇာအောင်နဲ့ အလုပ်သမားခေါင်းဆောင်တွေ၊ အမျိုးသမီး အထည်ချုပ် အလုပ်သမား တွေ ပါဝင်ကြသလို့ တိုင်းရင်းသားလူမျိုးစုတွေ၊ လူငယ်တွေ၊ ကျောင်းသားတွေ၊ နိုင်ငံရေးအစုအဖွဲ့တွေနဲ့ အလုပ်သမား သမဂ္ဂတွေအကြား မဟာမိတ်ဖွဲ့မှုနဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် ထူထောင်ရေး တောင်းဆို တိုက်ပွဲဝင်နေပါတယ်။
Photo- Industri Energi

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026