NEWS

ပြည်တွင်းရွှေဈေးနှုန်း တစ်ကျပ်သားလျှင် ကျပ် ၂၆၂၈၀၀၀ အထိ စံချိန်တင်ကျဆင်းလာ

CoverLogo
7K Views

စက်တင်ဘာ ၂၀ ရက်ယနေ့မွန်းလွဲပိုင်းမှာ ပြင်ပဈေးကွက်တွင်  ပြည်တွင်းရွှေဈေးနှုန်း တစ်ကျပ်သားလျှင် ကျပ် ၂၆၂၈၀၀၀ အထိ စံချိန်တင်ပြန်လည်ကျဆင်းလာတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ၁၇ ရက်တွင် အခေါက်ရွှေစျေး  နှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၂၉၃၀၀၀၀ ဝန်းကျင်ဖြင့် ဖွင့်ပိတ်လုပ်ခဲ့ပြီး အမြင့်ဆုံး ကျပ် ၂၉၄၀၀၀၀ ဝန်းကျင်  ရှိခဲ့ကာ  စက်တင်ဘာ၁၈ ရက်မှာတော့ ၂၉၃၀၀၀၀ ရှိခဲ့ပြီး စက်တင်ဘာ ၁၉ ရက်မှာ ၂၈၇၀၀၀ အထိကျဆင်းလာကာ ယနေ့စက်တင် ဘာ၂၀ရက်မှာတော့ ၂၆၂၈၀၀၀ ကိုထပ်မံကျဆင်းလာခဲ့တာဟာ  တစ်ရက်အတွင်း ၂၄၀၀၀၀ ကျော်အထိ  စံချိန်တင်ကျဆင်းခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင်စံချိန်တင်စျေးနှုန်းအတက်ကြမ်းခဲ့တာတွေရှိခဲ့တဲ့ရက်တွေကဟာလည်း  သြဂုတ်၁၂ ရက်က အခေါက်ရွှေစျေး  နှုန်းမှာ တစ်ကျပ် သားလျှင် ကျပ် ၂၆သိန်းကျပ် သို့ ရောက်ရှိခဲ့ပြီး သြဂုတ် ၁၃ တစ်ရက်တည်းမှာပဲ နံနက် ပိုင်းမှာ ၂၇ သိန်း၊ နေ့လည်ပိုင်းတွင်၂၈ သိန်း  ကျော် အထိစံချိန်တင် မြင့်တက်ခဲ့ကာ  သြဂုတ် ၃၁ ရက်က ၃၆၇၀၀၀၀ ထိစံချိန်တင် မြင့်တက် ခဲ့တာကို တွေ့ရပါတယ်။

ရွှေစျေးနှုန်းအား သတ်မှတ်နိုင်ငံခြားငွေ လဲနှုန်းအပေါ်မူတည်၍ အရောင်းအဝယ် ပြုလုပ်ဖို့ စကစက  ညွှန်ကြားထားပေမဲ့ ရွှေဆိုင် အများစုမှာ ပြင်ပပေါက်စျေးနဲ့သာအရောင်း  အဝယ်ပြုလုပ်နေကြတယ်လို့လည်း စုံစမ်း သိရပြီး ယနေ့စက်တင်ဘာ၂၀ရက်ဒေါ်လာပြင်ပ ပေါက်ဈေးဟာ ၃၂၀၀ ကျပ်ဝန်းကျင်ဖြစ်ကာ ဘတ်စျေးကတော့ အနိမ့်ဆုံး ၈၅ ကျပ်အထိ ပြန်လည်ကျဆင်းလာတာတွေ့ရပါတယ်။

MyanmarLabourNews


Related posts

Cover
ဆေးနှင့် ဆက်စပ်ပစ္စည်များ ဈေးနှုန်းမြင့်တက်၊ ပစ္စည်းပြတ်လပ်မှုများရှိနေ
Apr 07, 2024
Cover
စစ်မှုထမ်းရန်မဲပေါက်သူတွေ ထွက်ပြေးတိမ်းရှောင်သွားလို့ ကျေးရွာတွေထံငွေကြေးအဓမ္မကောက်ခံဟုဆို
Apr 07, 2024
Cover
ခရီးသွားလာရာတွင် မှတ်ပုံတင်အပြင် တခြားထောက်ခံစာပါ တောင်းယူ
Mar 22, 2024
Cover
စစ်မှုထမ်းရန်ဆင့်ခေါ်စာပေးပို့မှုများကြောင့် သားယောက်ျားလေးရှင်မိဘတွေ စိုးရိမ်သောကရောက်နေရ
Mar 15, 2024
Cover
Facebook account များ ပြန်လည်အသုံးပြုနိုင်
Mar 05, 2024
Cover
Facebook account များအသုံးပြုမရဖြစ်နေ
Mar 05, 2024